News Item: : ဘာသာရေး ပုတ်ခတ်စော်ကားသော Blogs များအပေါ် မြန်မာမွတ်စလင်မ် မီဒီယာ၏ သဘောထား
(Category: media to monitor)
Posted by Webmaster
Saturday 23 January 2010 - 04:25:11

ကျွန်တော် များ ၏  ဤ http://www.myanmarmuslim.net  ဝဘ်ဆိုက် သို့ ဝင်ရောက်ကြည့်ရှု လေ့လာမှတ်သား အားပေး သူ ညီအကို မောင်နှမ များ အားလုံး အပေါ်သို့ ဖန်ဆင်းရှင်တော်မြတ် အလ္လာဟ် ထံတော်မှ ငြိမ်းချမ်း သာယာမှု အပေါင်း ကျရောက်ပါ စေရန် ဦးစွာပထမ ဆုတောင်းပတ္တနာ ပြု နှုတ်ခွန်းဆက်သအပ် ပါ သည် ခင်ဗျား-

အိုင်တီ တော်လှန်ရေး ဖြင့် ကမ္ဘာမှု ပြုခြင်း ကြီးထွား ရင့်သန်လာသည် နှင့် အမျှ အွန်လိုင်းလောကတွင် ကမ္ဘာ့ ကိုးကွယ်ရာ ဘာသာ ကြီးများ အချင်းချင်း အကြား အပြုသဘောဆောင် အပြန်အလှန်ဆွေးနွေးမှု များ သည် တစ်ဟုန်တိုး ဖြစ်တည်ပေါ်ပေါက်လာ ခဲ့ပါသည်။ 

တစ်ဖက်တွင် ယင်းသို့ အပြုသဘောဆောင် သော ဆွေးနွေးညှိနှိုင်းမှု များ ပေါ်ပေါက်လာသလို တစ်ဖတ်တွင်လည်း ဘာသာအယူဝါဒ တစ်ခု နှင့် တစ်ခု အကြား အွန်လိုင်းမီဒီယာ ကို အသုံးချ၍ စော်ကားထိုးနှက် မှု များ များပြားစွာ ပေါ်ပေါက်လာသည် မှာ ကျွန်တော်တို့မျက်မြင်ကိုယ်တွေ့ ဖြစ် ပါသည်။

ကျွန်တော်တို့ မြန်မာလူမျိုး များ အကြားတွင်လည်း မိမိတို့သက်ဆိုင်ရာ ဘာသာအယူဝါဒ အသီးသီးတို့ ၏ အယူဝါဒရေးရာ များကို မြန်မာဘာသာဖြင့် ပညာပေးဖြန့်ချီ သာသနာပြုသော ဝဘ်ဆိုက်များနှင့် ဘလော့ဂ် များသည်...... 
peace_religious.jpg
 
အောက်တွင်ဆက်ဖတ်ပါ ...



 တစ်စစ တိုးပွါးများပြားလာ သလို ဘာသာ အယူဝါဒ တစ်ခုနှင့် တစ်ခု စော်ကား ထိုးနှက်သော ဝဘ်ဆိုက် များနှင့် ဘလော့ဂ် များလည်း တစ်နေ့တစ်ခြား များပြား လာနေကြောင်းလေ့လာတွေ့ရှိနိုင်မည်ဖြစ်ပါသည်။

ထိုသို့ စော်ကားထိုးနှက်သည့် ဝဘ်ဆိုက် ၊ ဘလော့ဂ်များကို ကျွန်တော်တို့ http://www.myanmarmuslim.net  အဖွဲ့ သားများ ကိုယ်တိုင် နည်းစနစ် ကျနစွာ စစ်တမ်းကောက် အင်တာနက် သုတေသနပြု ကြည့်ရာတွင် အံ့ဩဖွယ်ရာ ထူးခြားလှသော ရလဒ် တစ်ခု ကို ရရှိခဲ့ပါသည်။

ထို ရလဒ် သည်ကား ဘာသာတစ်ခုကို အပြုသဘောမဆောင် စွာ ဆဲဆို ရမ်းကား ထိုးနှက် သည့် အင်္ဂလိပ်ဘာသာစကားအခြေခံ အင်တာနက်မီဒီယာ များတွင် အစ္စလာမ် ဘာသာကို ကိုယ်စားပြု သည် ဆိုသော ဝဘ်ဆိုက် ၊ ဘလော့ဂ်များ အလွန်နည်းပါးလျှက် ခရစ်ယျာန် ဘာသာ ၊ ဂျူးဘာသာ ၊ ဟိန္ဒူဘာသာ တို့ကို ကိုယ်စားပြုသည်ဟု ဆိုပြီး အစ္စလာမ် ဘာသာကိုဆဲရေးတိုင်းထွာ စော်ကား ထိုးနှက်သော မီဒီယာများသာ များပြားလှကြောင်း ၊ ဗုဒ္ဓဘာသာကို ကိုယ်စား ပြုသည်ဟုဆိုပြီး အခြားဘာသာ များကို စော်ကား တိုင်းထွာသော အင်္ဂလိပ်ဘာသာ စကားအခြေခံ မီဒီယာ မှာမူ ကမ္ဘာ့ အင်တာနက် အွန်လိုင်း စင်မြင့် ပေါ်တွင် လုံးဝ ကိုမရှိသလောက် ပင် နည်းပါးလှကြောင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။

သို့ရာတွင် အပြုသဘောဆောင် မှု ကို အခြေခံပြီး မိမိတို့၏ အယူဝါဒ ရေးရာ များ ၊ ဘာသာ သာသနာ သွန်သင်ချက်များ ၊ အတွေးအခေါ်များကို အခြားဘာသာများနှင့် ယဉ်ကျေး သိမ်မွေ့စွာ အပြန်အလှန် ဖော်ဆောင် နှိုင်းယှဉ် ဆွေးနွေး သော အင်တာနက် မီဒီယာ များတွင်မူ အစ္စလာမ် ဘာသာကို ကိုယ်စားပြုသည် ဆိုသော မီဒီယာ များက နံပါတ် (၁) နေရာ တွင် မားမတ်စွာရပ်တည် လျှက်ရှိသည်ကို ထင်ရှားစွာ တွေ့ရှိရပြန်ပါသည်။

ဤ ရလဒ် သည် အင်္ဂလိပ်ဘာသာစကားကို အခြေခံသော ဘာသာရေး အင်တာနက် မီဒီယာ များ ကို ကောက် ယူခဲ့သောစစ်တမ်းအရ ဖြစ်ပါသည်။

သို့သော် မြန်မာဘာသာစကား ကို အခြေခံသော ဝဘ်ဆိုက် နှင့် ဘလော့ဂ် များတွင်မူ တစ်မူထူးလှပါသည်။ မြန်မာ့ အင်တာနက် အွန်လိုင်း နယ်ပယ်တွင် မြန်မာဘာသာစကားသုံး ဝဘ်ဆိုက် ၊ ဘလော့ဂ်များ ကျယ်ပြန့်စွာ တစ်ဟုန်ထိုး ပေါ်ပေါက် လာသည်နှင့် အမျှ အစ္စလာမ်ဘာသာ ကို အလွန်ရိုင်းပြစွာ ဆဲဆို စော်ကား သော မီဒီယာ များ ပျားပန်းခတ်တမျှ များပြားလာကြောင်း ဝမ်းနည်း ဖွယ်ရာ တွေ့ရှိရပါသည်။

သို့ရာတွင် အစ္စ္စလာမ်ဘာသာကို ကိုယ်စားပြု သည်ဟု ဆိုလျှက်အခြားဘာသာ သာသနာ များကို ရိုင်းပြစွာဆဲဆို စော်ကားထိုးနှက်သည့် မြန်မာဘာသာစကား အခြေခံ အင်တာနက်မီဒီယာ များမှာ မူ လုံးဝ (လုံးဝ) ကို မရှိ ပါ။ ထိုမျှမက သေးပါ ၊ အစ္စလာမ်ဘာသာကို ကိုယ်စားပြုပြီး ဘာသာသာသနာ အယူဝါဒ သွန်သင်ချက် တို့အားပညာပေး ဖြန့်ချီ နေသည့် ဝဘ်ဆိုက် ၊ဘလော့ဂ်များ ၏ ဖိုရမ် များ ၊ ချတ်ဘော့စ် များ ၊ ကွန်မဲန့် များတွင် စည်းကမ်းမဲ့ အောက်တန်းကျစွာ ဝင်ရောက် ဆဲဆို ရမ်းကားသည့် အရေးအသားများကို အစ္စလာမ် ဘာသာဝင်များ ဘက်မှ ပုံစံတူ ပြန်လှန်ဆဲဆိုမှုများလည်းလုံးဝ မရှိလောက်အောင်နည်းပါးလှကြောင်း ဂုဏ်ယူဖွယ်ရာ တွေ့ရှိရပါသည်။

ကျွန်တော်များ လေ့လာသိရှိရသလောက် ဘာသာအယူဝါဒကြီး အသီးသီး ၏ သွန်သင်ချက်များတွင် မိမိ အယူမှ အပ အခြားသော ဘာသာ အယူဝါဒ တို့နှင့် ဝါဒချင်းဖလှယ် ဆွေးနွေးရန် ကို အားပေးထားသော်လည်း အကြောင်းမညီညွတ် စွာ ဆဲဆို စော်ကား ရိုင်းပြခြင်း ကို မူ တားမြစ်ထားပါသည်။

သို့ဖြစ်၍ ဘာသာအယူဝါဒ တစ်ခုခု ကို ဆဲဆိုစော်ကားရိုင်းပြ သော သူများသည် ၎င်းတို့ ခံယူပါသည် ဆိုသော ဘာသာတရား ၏ အဆုံးအမ ကို ပြောင်တင်းစွာ ဆန့်ကျင် နေကြသူများ သာ ဖြစ်ပါသည်။ ၎င်းတို့သည် မိမိ ၏ အယူမှ အပဖြစ် သော အခြားအယူတို့ကို မစော်ကားဖို့စိတ်ထားရန် ဝေးလှ ပါသည်၊အဘယ်ကြောင့် ဆိုသော် ယင်းသူများသည် ယင်းတို့ကိုယ်တိုင်လက်ခံကိုးကွယ်သည် ဆိုသော ဘာသာတရား၏  အဆုံးအမကိုပင်လျှင် ဆန့်ကျင်သွေဖည် လျှက်ရှိနေခြင်းကြောင့် သာဖြစ်ပါသည်။

အခြားဘာသာတရားများ အခြားဘာသာဝင်တို့၏ ကိုးကွယ်ရာများကို ဆဲဆို စော်ကားခြင်း မပြုရန် ကျွန်တော်တို့ ၏ အစ္စလာမ် သာသနာ မှ ပညတ်ထားသော ပညတ်ချက်များမှ အချို့သော ပညတ်ချက် များကို ဤ နေရာတွင် အနည်း ငယ်မျှ ဖော်ထုတ်တင်ပြ လိုပါသည်။

အစ္စလာမ်သာသနာ ၏ မူလ အုတ်မြစ် ကျမ်းမြတ်ကုရ်အာန် (၆း၁၀၈) တွင် အောက်ပါအတိုင်း ပညတ်ထားပါသည်။

"၎င်းပြင် အသင်တို့သည် အကြင်(မှားယွင်းသော) ကိုးကွယ်ရာများကို ကဲ့ရဲ့ရှုတ်ချခြင်း မပြုကြလင့်။ ထို(မုရှ်ရစ်က်)များသည်
အလ္လာဟ်အရှင်မြတ်အား စွန့်ပယ်၍ကိုးကွယ်ကြ၏။ အဘယ်ကြောင့်ဆိုသော် (အသင်တို့ဤသို့ပြုလုပ် ကြလျှင်) ထိုသူများသည်
လည်း အသိတရား မရှိ သဖြင့်စည်းကမ်းကျူးလွန်ကာ အလ္လာဟ်အရှင်မြတ်အား ကဲ့ရဲ့ရှုတ်ချခြင်း ပြုကြပေမည်။ ငါအရှင်သည်
ဤနည်းအတိုင်းပင် အုပ်စုတိုင်း၏အမြင်တွင် ၎င်းတို့၏ပြုမူချက်တို့ကို လှပတင့်တယ်အောင် ပြုလုပ်ထားတော်မူခဲ့လေသည်။
ထို့နောက် ၎င်းတို့အားလုံးသည်မိမိတို့အား မွေးမြူတော်မူသောအရှင်မြတ်အထံတော်သို့ ပြန်ကြရမည်။ ထိုအခါ အရှင်မြတ်သည်
၎င်းတို့အား ၎င်းတို့ပြုလုပ်ခဲ့ကြသည်များကို ထုတ်ဖော်မိန့်ကြားတော်မူမည်။"


၎င်းပြင် ကျမ်းမြတ်ကုရ်အာန် (၁၀၉း၁ မှ ၆) တွင်-



"(အို-နဗီတမန်တော်) အသင်သည် (ဤသို့)ပြောကြားပါလေ၊ အို-ကာဖိရ် ငြင်းပယ်သူအပေါင်းတို့။
ငါသည် အသင်တို့ ကိုးကွယ်လျက်ရှိကြသောကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်သည် မဟုတ်ပေ။
အသင်တို့သည်လည်း ငါ၏ ကိုးကွယ်ရာကိုကိုးကွယ်ကြသူများ မဟုတ်ပေ။ဖြစ်အံ့သတည်း။
ထို့ပြင် ငါသည် အသင်တို့၏ ကိုးကွယ်ရာကိုကိုးကွယ်မည့်သူ မဟုတ်ပေ။ ထိုနည်းတူစွာ အသင်တို့
သည်လည်း ငါကိုးကွယ်သော ကိုးကွယ်ရာကို ကိုးကွယ်ဆည်းကပ် ကြမည့်သူများမဟုတ်ပေ။
(စင်စစ်မှာကား) အသင်တို့အဖို့ အသင်တို့၏အကျိုး၊ လမ်းစဉ်၊ သာသနာဖြစ်၍ ငါ၏အဖို့ ငါ၏ အကျိုး၊
လမ်းစဉ်၊ သာသနာပင်ဖြစ်ပေသည်။"


အထက်ပါ ဗျာဒိတ်တော် နှစ်ပါး အရ အစ္စလာမ်သာသနာဝင် တစ်ဦးသည် အခြားအယူဝါဒ နှင့် ယင်းအယူဝင်တို့၏ ကိုးကွယ် ရာများ ကို ဆဲဆိုစော်ကားခြင်း အလျှဉ်းမပြု ရကြောင်း သိသာထင်ရှားလှပါသည်။ အကယ်၍ အစ္စလာမ် ဘာသာဝင် တစ်ဦး က အထက်ပါ ဗျာဒိတ်တော် များကို မနာခံဘဲ အခြားဘာသာဝင်တို့ ၏ ကိုးကွယ်ရာများ ကို စော်ကားဆဲဆိုပါက ထိုသူသည် ကျမ်းမြတ်ကုရ်အာန် ကိုဆန့်ကျင်သူ နှင့် မြတ်ရှင်အလ္လာဟ် ကို ဆန့်ကျင် သူသာဖြစ်သည် ဟု ကျွန်တော်များယုံကြည်ပါသည်။

အစ္စလာမ်သာသနာတော်သည် အခြားဘာသာဝင်များနှင့် အလွန်တရာကောင်းမြတ် သော နည်းလမ်း ၊ ပုံစံ ကို ဆောင်၍ ဆွေးနွေးခြင်းပြု ဝါဒခြင်းနှိုင်းယှဉ် ပြီး မြတ်ရှင်အလ္လာဟ် ၏ လမ်းတော်ဘက်သို့ ဖိတ်ခေါ်မှုပြုရန် ကျမ်းမြတ်ကုရ်အာန် (၁၆း၁၂၅) တွင် ယခုကဲ့သို့ ဗျာဒိတ်တော် ရှိထားပါသည်။

"(အို-နဗီတမန်တော်) အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏လမ်းတော်သို့ (လူတို့အား) ဥာဏ်ပညာ နှင့်လည်းကောင်း၊ ကောင်းမြတ်သော ဆုံးမသြ၀ါဒနှင့်လည်းကောင်း၊ ဖိတ်ခေါ်ပါလေ။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား အကောင်းဆုံးနည်းဖြင့် အချေအတင်ပြောဆိုပါလေ။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည်ပင် ထိုအရှင်မြတ်၏ လမ်းတော်မှ တိမ်းလွဲခဲ့သောသူအား အသိဆုံးဖြစ်တော် မူပေသည်။ ထိုနည်းတူစွာထိုအရှင်မြတ်သည်ပင် တရားလမ်းမှန်ကို ရရှိကြကုန်သောသူတို့အားလည်း အသိဆုံး ဖြစ်တော်မူချေသတည်း။"


အစ္စလာမ်သာသနာ ဝင် တစ်ဦး အနေဖြင့် အစ္စလာမ် သာသနာ ၏ အေးရိပ်ဆာယာ ဘက်သို့ အခြားသောဘာသာဝင် များအား ဖိတ်ခေါ်ရန် တာဝန်ရှိသည် မှာ မုချမှန်ကန်သော်လည်း အတင်းအဓမ္မသာသနာတွင်းသွတ်သွင်းခွင့် လုံးဝ မရှိကြောင်း အောက်ပါ ဗျာဒိတ်တော် က သက်သေတည်လျှက်ရှိပါသည်။

ကျမ်းမြတ်ကုရ်အာန် (၂း၂၅၆) တွင်-

"ဖြောင့်မတ်မှန်ကန်သော (အစ္စလာမ်သာသနာတော်၏) တရားလမ်းစဉ်သည် မမှန်ကန်သော လမ်းစဉ်နှင့်(သိသိသာသာ)
ရှင်းလင်းထင်ရှားစွာ  ကွဲပြားခြားနား လျက်ရှိနေပြီဖြစ်ပေရာ (မည်သူတစ်ဦး တစ်ယောက်ကိုမျှ အစ္စလာမ်)သာသနာတော်တွင်း၌
(ဝင်ရောက်ရန်အတွက်) အတင်းအဓမ္မအနိုင်အထက် အလျင်းမပြုရ။"


သို့ရှိရာ အစ္စလာမ်ဘာသာ ၏ ပညတ်ချက် ၊ သွန်သင်ချက်များ အရ အခြားသောဘာသာ အယူဝါဒ ၊ ထိုဘာသာ အယူဝါဒ ဝင် များကို စော်ကားခြင်း ၊ အစ္စလာမ် သာသနာတွင်းသို့ အတင်းအဓမ္မ သွတ်သွင်းခြင်းတို့ကို လုံးဝ တားမြစ်ထားကြောင်း နှင့် ၊ အခြားအယူဝါဒ ဝင် များနှင့် အကောင်းမြတ်ဆုံးသော နည်းလမ်း ပုံစံ ကို အသုံးပြု၍ သာ ဆွေးနွေးဖိတ်ခေါ်မှုပြုရမည်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ထုတ်တင်ပြပြီး ဖြစ်ပါသည်။

ဆက်လက်၍-

မကြာလှသေးသော လ အနည်းငယ် က မှ မြန်မာ့အင်တာနက် အွန်လိုင်း လောက တွင် http://messengerforbuddhist.blogspot.com  ဟူသည့် ဘလော့ဂ် စာမျက်နှာ တစ်ခုပေါ်ထွက်လာသည်ကို ကျွန်တော်များ သတိထားမိပြီး အမြဲမပြတ်လေ့လာ စောင့်ကြည့်ခဲ့ပါသည်။ ထို ဘလော့ဂ် ၏ အဓိက message မှာ ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာဝင်များအား တမင်တကာ အကွက်ဆင် ၍  ယုတ်ညံ့စွာ စော်ကားဆဲဆို တိုက်ခိုက်ရေးသား ခြင်းသာဖြစ်ပါသည်။

ထိုဘလော့ဂ် ရှင်သည် မိမိ ကိုယ်ကို မည်သည့်ဘာသာဝင် ဟု အတိအလင်း မကြေညာ သော်လည်း ထိုဘလော့ဂ် ၏အရေးအသားများ ကို မှတ်ချက်ပေးသော ကွန်မဲန့်များတွင်မူ အစ္စလာမ် ဘာသာ အားပစ်မှတ်ထား၍ အလွန်မိုက်ရိုင်း ယုတ်မာပက်စက် စွာဆဲရေးတိုင်းထွာ လာကြသည် ကို ဝမ်းနည်းဖွယ်ရာတွေ့ရှိရပါသည်။ အမှန်စင်စစ် ထို ဘလော့ဂ် ရှင် ၏ အရေးအသားများ ကို ကျွန်တော် တို့ တိကျ ပိုင်နိုင်စွာ လေ့လာမှု ပြုခြင်းကြောင့် ထိုဘလော့ဂ် ရှင် သည် အစ္စလာမ် သာသနာဝင် တစ်ဦးလုံးဝ မဟုတ်ကြောင်း ခိုင်လုံသော အထောက်အထားများ ရရှိခဲ့ပါသည်။ ၎င်းပြင် ယင်း ဘလော့ဂ် ရေးသားသူသည် မည်သည့်ဘာသာဝင် ဖြစ်ကြောင်း ကိုလည်း အထောက်အထား ခိုင်လုံ စွာ ရရှိခဲ့ပါသည်။  ယင်းခိုင်လုံသည့် အထောက်အထားများကို အများသိစေ ရန် ဖော်ပြပေးဖို့ ရည်သန်မိ သော်လည်း ဘာသာ တစ်ခု နှင့် တစ်ခု အကြား မနှစ်သက်ဖွယ်ရာ တင်းမာမှုများ တိုးပွါး လာမည်ကို မလိုလား သော ကြောင့် အများရှေ့တွင် မဖော်ပြရ ခြင်း ဖြစ်ပါသည်။

ထိုဘလော့ဂ် ကို လည်းကောင်း၊ ထိုဘလော့ဂ် ကို အကြောင်းပြု ၍ အစ္စ္စလာမ်သာသနာတော် အား ဆဲဆို စော်ကားနေသူ များကို လည်းကောင်း ကျွန်တော် တို့ သည် မည်သို့မျှ တုန့်ပြန်မည်မဟုတ် သော်လည်း ထိုသို့သော ရိုင်းပြသည့် ဘလော့ဂ် နှင့် ထိုဘလော့ဂ် ကို အကြောင်းပြု ၍ အစ္စ္စလာမ် သာသနာတော် ကို ဆဲဆိုလျှက်ရှိသော ဘာသာမဲ့ များ နှင့် လုပ်ရပ် များကို စစ်မှန်သော မွတ်စလင်မ် များအနေဖြင့် ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချ ကြောင်း http://www.myanmarmuslim.net ၏ ရပ်တည်ချက်ကို အတိအလင်း ကြေညာအပ် ပါသည်။ ကျွန်တော် များ ၏ ဤ ရပ်တည် ချက် ကို သဘောတူသည့် အခြားမွတ်စလင်မ် ဝဘ်ဆိုက်များ ၊ ဘလော့ဂ် များ အနေဖြင့် မိမိတို့ ၏ ရပ်တည် ချက် ကို ကျွန်တော်များ myanmarmuslim.net@gmail.com ထံ စာပို့၍ ဖော်ပြပေးနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

Myanmar Muslim Media (MMM) အဖွဲ့သားများ





This news item is from Myanmar Muslim Net
( http://www.myanmarmuslim.net/news.php?extend.384 )