Islamic Faith

THERE IS NO GOD BUT ALLAH ... MUHAMMED IS THE MESSENGER OF ALLAH




မြန်မာမွတ်စလင်မ်တို့ရဲ့ စစ်မှန်တဲ့ ရင်တွင်းကအသံ M.M.M

သတင်းပေးပို့လိုလျှင် myanmarmuslim.net@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။


Monday 14 May 2012

အမေရိကန်စစ်ဘက်ဆိုင်ရာသင်တန်းများက အစ္စလာမ်သည် ရန်သူဖြစ်ကြောင်းသင်ကြာ:




မက္ကာကို လိုအပ်ရင် အဏုမြူဗုံးချ ပစ်မယ်လို့ သင်ခဲ့
Source: guardian.co.uk
မေလ ၁၁ ရက်၊ ၂၀၁၂
အမေရိကန် စစ်သားအရာရှိများသင်တန်းတစ်ခုတွင် အမေရိကန်၏ရန်သူမှာ ယေဘုယျအားဖြင့် အစ္စလာမ်သာသနာဖြစ်ကြောင်း သင်ကြားပို့ချခဲ့သည်။ ထို့ပြင် ယင်းသင်တန်းတွင် အစ္စလာမ်သာသ နာဝင်များ အထွတ်အမြတ်ထားရာ မက္ကာနှင့်မဒီနာမြို့များကိုလည်း သာမာန်အရပ်သားများ ထိခိုက် မှုမရှိစေဘဲ ချေမှုန်းပြစ်ရန် အကြံပေးတင်ပြမှုများရှိခဲ့ကြောင်း၊ သို့ချေမှုန်းပြစ်ခြင်းမှာ ဒုတိယကမ္ဘာစစ် အတွင်း ဟီရိုရှီးမားကိုအနုမြူဗုံးကြဲချသည့် တရားဝင်ဆုံးဖြတ်ချက်အတိုင်း ခြေရာခံရမည်ဖြစ်ကြောင်း စသဖြင့် ယူကေထုတ်ဂါးဒီးယန်းသတင်းစာ ဝက်ဘ်ဆိုဒ်၌ ဖော်ပြထားသည်။

သင်တန်းကို သင်တန်းသားတစ်ဦးကကန့်ကွက်သဖြင့် ယခုနှစ် ဧပြီလကုန်ပိုင်း၌ ရပ်ဆိုင်းခဲ့သည်။ အက်ဖ်ဘီအိုင်၏ အစ္စလာမ်သာသနာနှင့်အဓိကပတ်သတ်သည့် စုံထောက်လေ့ကျင့်ရေးများကိုလည်း ထိုသည့်ကန့်ကွက်ချက်ကြောင့် ပြောင်းလဲပြစ်ခဲ့ကြောင်း သိရသည်။
Read the rest...
-->
Read/Post Comment: 0 Monday 14 May 2012 - 13:49:00 | printer friendly
-->

အမေရိကန်က အစ္စလာမ်ကို ဆန့်ကျင်ခြင်းမရှိဟု ဟီလာရီကလင်တန် ပြောကြား


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မိမိတို့နိုင်ငံသည် မွတ်စလင်မ်များနှင့် ၎င်းတို့၏ ဘာသာရေးကိုးကွယ်မှုကို ပစ်မှတ်ထားနေသည်ဆိုခြင်းကို ငြင်းဆန်လိုက်ပြီး အာဖဂန်နစ္စတန်နှင့် အီရတ်ရှိ အမေရိကန်တပ်များသည် ကိုယ့်ကိုယ်ကိုကာကွယ်ခြင်းမျှသာဖြစ်ကြောင်း မကြာသေးခင်က ထုတ်ဖော်ပြောဆို ခဲ့သည်။

       “မွတ်စလင်မ်ကို ပစ်မှတ်ထားနေတယ်ဆိုတဲ့စကားက ကျွန်မကို အတော်ကြီးထိခိုက်နာကျင်စေပါတယ်။ ဒီစကားကြားရတာကိုက စိတ်ထိခိုက်စရာဖြစ်နေပြီ။ လူတိုင်းက ဒီစကားကို ယုံကြည်နေတာ ဒါမှမဟုတ် ဒီစကားကို ၀ါဒဖြန့်နေကြတာမို့ ကျွန်မ အလွန်ပဲနောင်တရမိပါတယ်” ဟု အမေရိကန်က အစ္စလာမ်ကို ဆန့်ကျင်သည့်အမြင်ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်သူ့စကားဝိုင်းတွင် ကျောင်းသားတစ်ဦး၏အမေးကို ကလင်တန်က အထက်ပါအတိုင်း ဖြေကြားခဲ့ကြောင်း ပြင်သစ်သတင်းဌာန အေအက်ဖ်ပီ က ဖော်ပြသည်။
      

   
Read the rest...
-->
Read/Post Comment: 0 Monday 14 May 2012 - 13:39:18 | printer friendly
Friday 11 May 2012
-->

မော်လ၀ီ ပသီကျော်ဦး ရဲ့ ပသီသမိုင်းလေ့လာချက်များ


  မဆလ အစိုးရခေတ် ဖျောက်ဖျက်ခြင်းခံခဲ့ရသော ပသီတို့၏ သမိုင်းဆိုင်ရာလေ့လာချက်များ ကို စာတမ်းပြုစုထားခြင်းဖြစ်ပါသည်။

 ဗိုလ်နေ၀င်းဦးဆောင်သော မဆလ အစိုးရလက်ထက်တွင် ကျဉ်းမြောင်းသော လူမျိုးရေး ၀ါဒမိုင်းတိုက်ကာ  မြန်မာ့ သမိုင်းအဆက်ဆက် ရှိခဲ့သည် များစွာသော တိုင်းရင်းသာ လူမျိုးများအား ဖွဲစည်းပုံ အခြေခံဥပဒေမှ ဖယ်ထုတ်ခြင်း သမိုင်းအဆက်ဆက် မည်သည့် အချိန်ကမှ မရှိခဲ့သော လူမျိုးများအား စစ်အုပ်စု၏ အကျိုးစီးပွားအတွက် တိုင်းရင်းသား အဖြစ် သတ်မှတ်ခဲ့ခြင်းများ ကို လျှို့ဝှက် ညွန်ကြားချက်မျိုးစုံဖြင့် စီမံခဲ့ပါသည်။

 ထို့သို့စီမံရာတွင် တိုင်းရင်းသားများ၏ သမိုင်းစာအုပ်များ ထုတ်ဝေခွင့်ကို ပိတ်ပင်ခြင်း၊ တိုင်းရင်းသားဘာသာစကားများ သင်ကြားခွင့်ပိတ်ပင်ခြင်း အစရှိသည်ဖြင့် အစွန်းရောက် အမျိုးသားရေး မှိုင်းများတိုက်ကာ ......
Read the rest...
-->
Read/Post Comment: 0 Friday 11 May 2012 - 08:29:03 | printer friendly
Sunday 06 May 2012
-->

မြန်မာမွတ်စလင် ကြေညာစာတမ်း


 မြန်မာမွတ်စလင်မ်များအနေဖြင့် အမိမြန်မာနိုင်ငံတော်သစ်ကြီး ပြန်လည်ဦးမော့ရေးတွင်လည်း ကျရာနေရာမှ ကျေပွန်စွာ ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင်နိုင်ရန်အတွက် စုစည်းညီညွတ်သော ညီလာခံတစ်ရပ်ဖြစ်မြောက်ရေးအတွက် တိုက်တွန်းနိုးဆော်ထားသော ကြေငြာစာတမ်းတစ်ရပ် ကို အဆိုပါညီလာခံဖြစ်မြောက်ရေး နိုးဆော်သူများက ထုတ်ပြန်ကြေငြာခဲ့ပါသည်။ စာတမ်း အပြည့်အစုံမှာ

 မြန်မာမွတ်စလင် ကြေညာစာတမ်း

မေလ ၁၊ ၂၀၁၂


ငါတို့သည် ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက တိုင်းကျိုး ပြည်ကျိုးကို ဦးဆွေးဆံမြည့် ထမ်းဆောင်ခဲ့သူများဖြစ်၏။

ငါတို့သည် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ အဆင့်ဆင့်များတွင်သာမက ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ပွဲသိမ်းလွတ်လပ်ရေး တိုက်ပွဲကြီးတွင်လည်း မဆုတ်မနစ် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူများဖြစ်၏။

ငါတို့သည် ခေတ်အဆက်ဆက်မှ ယနေ့ခေတ်ကာလအထိ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်ထောင်စုသစ် တည်ဆောက်ရေး ကြိုးပမ်းမှုများတွင်လည်း ....
Read the rest...
-->
Read/Post Comment: 0 Sunday 06 May 2012 - 13:19:26 | printer friendly
Saturday 05 May 2012
-->

မင်းမဲ့စရိုက်ကံမ အကြမ်းဖက်မှု ထိရောက်သည့် စစ်ဆေးမှုများမပြုလုပ်


မင်းမဲ့စရိုက်ကံမ အကြမ်းဖက်မှုအမှုဖွင့်ခွင့်ရသော်လည်း ထိရောက်သည့် စစ်ဆေးမှုများမပြုလုပ်

အထက်ကဆောင်ရွက်မှသာလျှင်ထိရောက် မည်ဟု ကာယကံမြောက် ကျူးလွန်ခံရသူများယုံကြည်


မင်းမဲ့စရိုက်ကံမအကြမ်းဖက်မှုအား ကံမမြို့နယ်ရဲစခန်းက ၂၅-၄-၂၀၁၂တွင် အမှုဖွင့်ခွင့်ပေး ခဲ့သော်လည်း ယခုအချိန်အထိ ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်အရေးယူခြင်း မရှိသေးကြောင်း သိရသည်။ ယခုအမှုဖွင့်ခွင့် ပေးခြင်းသည် ၁၄-၄-၂၀၁၂တွင် ဟာဂျီမဒေါ်ဝါ၀ါ တိုင်ကြားခဲ့သည့် “အကြမ်းဖက်ပိုင်နက်ကျူးကျော်ခြံတွင်း ၀င်ရောက်၍ အိမ်များဖျက်စီးပြီး ရွှေငွေများခိုးယူတိုက်ခိုက်သော အကြမ်းဖက်သမားများအား အမှုဖွင့်အရေးယူပေးပါရန် တိုင်ကြားခြင်း” ဟူသည့်တိုင်ချက်ကိုသာ ....
Read the rest...
-->
Read/Post Comment: 0 Saturday 05 May 2012 - 13:59:59 | printer friendly
Thursday 03 May 2012
-->

ဟဲလို ဂွတ်ဂါးဗားမင့်


ဆောင်းပါးရှင် တကောင်းသား၏ ဟဲလို ဂွတ်ဂါးဗားမင့် ဆောင်းပါးကို အောက်ပါပုံကို နှိပ်ပြီး ဖတ်ရှုနိုင်ပါပြီ




-->
Read/Post Comment: 0 Thursday 03 May 2012 - 15:26:53 | printer friendly
Tuesday 01 May 2012
-->

မြန်မာမွတ်စလင်(မ) အစည်းအရုံး၏ ကန့်ကွက်စာ


   ကျောက်ပန်းတောင်း၊ ဆိုင်းတောင်(ကချင်ပြည်နယ်)နှင့် ကံမမြို့များတွင် မြန်မာမွတ်စလင်များ၏ သာသနာရေးဆိုင်ရာ အဆောက်အဦးများနှင့် အိုးအိမ်များကို ဘာသာရေး အဓိကရုဏ်းဆန်ဆန် လူစုလူဝေးဖြင့် ဥပဒေမဲ့ တရားလက်လွတ် အနိုင့်အထက် ဖျက်ဆီးခဲ့ခြင်းများကို အင်္ဂလန် အခြေစိုက်  မြန်မာမွတ်စလင် အစည်းအရုံးက ပြင်းထန်စွာ ကန့်ကွက် ကြောင်း အောက်ပါအတိုင်းထုတ်ပြန်ကြေငြာခဲ့ပါသည်။


မြန်မာမွတ်စလင်များ၏ သာသနာရေးဆိုင်ရာနှင့် အိုးအိမ်များ အဖျက်ဆီးခံရမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ခြင်း

၁။ အမိမြန်မာနိုင်ငံတွင် ဒီမိုကရေစီ၊ လူ့အခွင့်ရေးနှင့် တရားဥပဒေစိုးမိုးမှုများ တိုးတက်လာမှုကြောင့် တိုင်းရင်းသားများပေါင်းစုံ ရဟန်းရှင်လူပြည်သူများက မျှော်လင့်ချက်ထား ဝမ်းသာအားရဖြစ်နေရသော ယခုလို အချိန်အခါမျိုးတွင် ကျောက်ပန်းတောင်း၊ ဆိုင်းတောင်(ကချင်ပြည်နယ်)နှင့် ကံမမြို့များတွင် မြန်မာမွတ်စလင်များ၏ သာသနာရေးဆိုင်ရာ အဆောက်အဦးများနှင့် အိုးအိမ်များကို ဘာသာရေး အဓိကရုဏ်းဆန်ဆန် .....
Read the rest...
-->
Read/Post Comment: 0 Tuesday 01 May 2012 - 08:59:23 | printer friendly
Sunday 29 April 2012
-->

နိုင်ငံရေး အကျဉ်းသားဟောင်းများမှ ကြေငြာချက် ထုတ်ပြန်

ဖါးကန် နှင့် ကံမ ရှိ အစ္စလာမ် ပလီ ဖျက်စီးခံရမူ အပေါ် နိုင်ငံရေး အကျဉ်းသားဟောင်းများ မှ ထုတ်ပြန်ကြေငြာ ချက်ကို DVB ၏ အင်တာဗျူးတွင် ပြသခဲ့ကြောင်းသတင်းရရှိပါသည်။

-->
Read/Post Comment: 0 Sunday 29 April 2012 - 07:20:19 | printer friendly
-->

မင်းမဲ့စရိုက်အကြမ်းဖက်မူ အမှုဖွင့်ခွင့်ရ၊ကြံဖွံ့အမတ်တစ်ဦးမှ ငြင်းဆို



မင်းမဲ့ စရိုက် အကြမ်းဖက်မှု ကျူးလွန်ခံရသူများ နိုင်ငံတော်သမ္မတ သို့တိုင်ကြားပြီးမှ အမှုဖွင့်ခွင့်ရ၊ ကြံဖွံ့ အမတ်တစ်ဦးမှ ငြင်းဆို

မင်းမဲ့စရိုက် အကြမ်းဖက်မှုတွင် ပစ္စည်းဥစ္စာ အများဆုံး ဆုံးရှုံးသွားခဲ့သော ဟာဂျီမ ဒေါ်ဝါ၀ါ နှင့် ဦးဌေးလွင် တို့မိသားစုသည် အသက်အန္တရာယ် လုံခြုံရေးအတွက် ထွက်ပြေးတိမ်းရှောင်နေရာမှ ၂၇.၄.၂၀၁၂ နေ့တွင် ကံမမြို့သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း ၊ ရောက်ပြီးမကြာမှီ ကံမရဲစခန်းမှုးနှင့် ခရိုင်ရဲမှုးတို့က ယခင် အမှုဖွင့်ခဲ့ခြင်းအား သိရှိကြောင်း လက်မှတ် ရေးထိုးခိုင်းခဲ့သည်ဟု ကာယကံရှင် တစ်ဦးကပြောကြားခဲ့ပါသည်။ '' ဒီနေ့ညနေ (၃) နာရီလောက်ကရောက်တယ် ...ရောက်ပြီး မကြာဘူး ရဲစခန်းကလူတွေရယ်၊ သရက်ခရိုင် ရဲမှုး ဦးရဲထွဋ် တို့လာပြီး အမှုဖွင့်တာကို.....
   
Read the rest...
-->
Read/Post Comment: 0 Sunday 29 April 2012 - 06:34:20 | printer friendly
Friday 27 April 2012
-->

လူမျိုးရေးအဓိကရုဏ်းဖြစ်စေခဲ့သောလွှတ်တော်ကိုယ်စားလှယ်၂ဦးအားတိုင်


 ကိုယ်ကျိုးစီးပွားအတွက် လူမျိုးရေး အဓိကရုဏ်းဖြစ်စေခဲ့သော မကွေးတိုင်းမှ ကြံဖွံ့ လွှတ်တော် ကိုယ်စားလှယ် ၂ ဦးအား အရေးယူပေးပါရန် သမ္မတထံ တိုင်ကြား
ယခင် စစ်အစိုးရလက်ထက်တွင် အခွင့်ထူးခံ ဦးစားပေး လေလံဖြင့် စက်လှေလုပ်ကိုင်ခွင့် ရခဲ့သော်လည်း ယခုဒီမိုကရေစီ အစိုးရ လက်ထက်တွင် ဈေးပြိုင်လေလံ စနစ်ဖြင့် လေလံစွဲ ရာတွင် မယှဉ်ပြိုင်နိုင်သဖြင့် ရှုံးနိမ့်ခဲ့ရမူအပေါ် မကျေနပ်ပဲ လွန်ခဲ့သည့် ဧပြီလ ၁၃ ရက် နေ့မှ ၁၅ ရက်နေ့အတွင်း မကွေးတိုင်း ကမ္မမြို့နယ်ရှိ လူမျိုးရေး အဓိကရုဏ်း ဖြစ်စေရန် လှုံဆော်ပြီး လူစုလူဝေးဖြင့် အကြမ်းဖက်ဝင်ရောက် လုယက် တိုက်ခိုက်မူများဖြစ်ပွားခဲ့ပါသည်။

အဆိုပါအကြမ်းဖက်တိုက်ခိုက်မူများ တွင် ဦးဆောင်ခဲ့သည် ဟုဆိုကာ ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံဖြိုးရေး ပါတီဝင်လွှတ်တော်ကိုယ်စားလှယ် များဖြစ်သော ဦးဝင်းနိုင်နှင့် ဦးတင်မျိုးတို့အား အဆိုပါ အကြမ်းဖက်တိုက်ခိုက်မူများခံခဲ့ရသော ....
Read the rest...
-->
Read/Post Comment: 0 Friday 27 April 2012 - 14:07:16 | printer friendly
Tuesday 24 April 2012
-->

ပြည်မြို့တွင် လျှပ်စစ်မီးအကြောင်းပြု မွတ်စလင်မ်များအား ကြံစည်


  ပြည်မြို့တွင် လျှပ်စစ်မီးပျက်မူဆန္ဒပြမည်ဟုလူစုပြီး

မွတ်စလင်မ်များအား အကြမ်းဖက်တိုက်ခိုက်ရန်ကြံ


ကံမအရေးအခင်းဖြစ်ပြီး ၂ ရက်ခန့်အကြာတွင် ပြည်မြို့ တွင် လျှပ်စစ်မီး လုံလောက်စွာမရရှိသဖြင့် ဆန္ဒပြကြမည်ဟု လူအချို့မှ လိုက်လံစည်းရုံးကြကြောင်း သတင်းရရှိပါသည်။ အဆိုပါ စည်းရုံးမှုကြောင့် လူ ၅၀ ခန့် ရွှေလှလှရပ်ကွက် ဂျင်းတန်းလမ်းတွင်စုရုံးမိကြပြီး NLD ပါတီဝင်တစ်ချို့လည်းပါဝင်ခဲ့ကြောင်း၊ လူစုထဲကတစ်ချို့ က ကဲအခုငါတို့ ဆင်မ်ဂျီးခြံကိုသွားကြမယ် ကုလားအိမ်တွေကိုဖျက်ရမယ်ဟု လှုံဆော်ခဲ့ရာ လူစုကြီးထဲမှ အများစုက သဘောတူညီမှုမရှိပဲ လူစုခွဲသွားခဲ့သဖြင့် အဆိုပါအကြမ်းဖက်ရန် လှုံဆော်ကြံစည်မူကြီးမှ အထမမြောက်ခဲ့ကြောင်းသိရပါသည်။
အဆိုပါ အခင်းမဖြစ်ပွားမီ ကပင် မွတ်စလင်မ်ဘာသာဝင်များအား အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးထားသော ၃ခေါက်ချိုးလက်ကမ်းစာစောင်များ ..
Read the rest...
-->
Read/Post Comment: 0 Tuesday 24 April 2012 - 05:53:22 | printer friendly
Monday 23 April 2012
-->

ဆိုင်းတောင် အစ္စလာမ် ၀တ်ကျောင်း ဖျက်စီးမူ နောက်ဆုံးရဓါတ်ပုံများ

-->
Read/Post Comment: 0 Monday 23 April 2012 - 07:42:13 | printer friendly
-->

ကံမ မင်းမဲ့စရိုက်အကြမ်းဖက်မှုနှင့်ပတ်သက်၍ သတင်းမှားအချို့ကိုရှင်းလင်း


  ကံမ မင်းမဲ့စရိုက် အကြမ်းဖက်မှုနှင့် ပတ်သက်၍ သတင်းမှား အချို့ကို ကာယကံမြောက် ကျူးလွန်ခံရသူ ဦးဌေးလွင် ရှင်းလင်း

သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့သည့် ကံမ အကြမ်းဖက်မှုကြီးသည် မီဒီယာအချို့တွင် ဖော်ပြသကဲ့သို့ ဟာဂျီမ ဒေါ်ဝါ၀ါ၏ ဆက်ဆံရေးမပြေပြစ်မှုကြောင့် အလုပ်သမားများက အလုပ်ရှင်ပိုင် အဆောက်အဦးနှင့် ပစ္စည်းများကို ဖျက်ဆီးခဲ့ခြင်းမဟုတ်ဘဲ ကြံ့ဖွံ့အမတ်များဖြစ်သည့် ဦးဝင်းနိုင်နှင့် ဦးတင်မျိုးလှိုင်တို့က ဦးဆောင်၍ စီးပွားရေး ပြိုင်ဆိုင်မှုကို လူမျိုးရေးပြဿနာအသွင် ဖန်တီး၍ တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း ကာယကံမြောက် ကျူးလွန် ခံရသူ ဦးဌေးလွင်က Myanmarmuslim.net သို့ ပြောကြားသည်။

“ဒေါ်ဝါ၀ါရဲ့ အိမ်ကို ဖျက်တာ ဒေါ်ဝါ၀ါရဲ့ အလုပ်သမားတွေ မဟုတ်ပါဘူး။ ဆိပ်ကမ်းက ကုန်တင်ကုန်ချ အလုပ်သမားတွေပါ။ နီကျော်(ခ) မျိုးကျော်ဆွေနဲ့ ဇော်မင်းတို့ရဲ့ အလုပ်သမားတွေလည်း ပါတယ်” ဟု ဦးဌေးလွင်က ပြောကြားသည်။

“စက်လှေတွေက ဒေါ်ဝါ၀ါ ပိုင်တာလို့ပဲ အများကထင်ကြတာ တကယ်တော့ ကျွန်တော် ပိုင်တာပါ” ဟု အခြားမြို့တစ်မြို့တွင် တိမ်းရှောင်နေရသူ
Read the rest...
-->
Read/Post Comment: 0 Monday 23 April 2012 - 06:55:50 | printer friendly
Wednesday 18 April 2012
-->

ကံမရှိ နေအိမ်ကို လုယက်ဖျက်စီးခံရသူ နှင့် အင်တာဗျူး


-->
Read/Post Comment: 0 Wednesday 18 April 2012 - 16:07:48 | printer friendly
Tuesday 17 April 2012
-->

ဆိုင်းတောင် မွတ်စလင် ဗလီအား ဗုဒ္ဓဘာသာဝင်များ ဖြိုချဖျက်ဆီး




ကချင် kachinnews.com KNG မှကူးယူပါသည်
  ကချင်ပြည်နယ် အနောက်ဘက် ဖားကန့်မြို့နယ်တွင် ဧပြီလ ၁၂ ရက်နေ့က တည်ဆောက်ဆဲမွတ်စလင် ဗလီတစ်ခုအား ဗုဒ္ဓဘာသာရဟန်း သံဃာများနှင့် နောက်လိုက်တစ်ခုက ဖြိုချ ဖျက်ဆီးလိုက်သည်။

အပါး ၃၀ ခန့်ရှိ သံဃာများနှင့် ရာဂဏန်းရှိ ၎င်းတို့၏နောက်လိုက်များ ဆိုင်းတောင်မြို့ ရှမ်းကုန်းရပ်ကွက်ရှိ ထိုဆောက်လက်စဗလီသို့ ဒေသစံတော်ချိန် ညနေ ၄ နာရီနောက်ပိုင်း ရောက်ရှိလာပြီး ဗလီတည်ဆောက်မှုရပ်တန့်ရန် တောင်းဆိုကြသည်ဟု မျက်မြင်သက်သေများပြောသည်။

ထို့နောက် တည်ဆောက်ပြီးသည့်အပိုင်းကို ၎င်းတို့က စတင်ဖြိုဖျက်ကြရာ ၈ နာရီအကြာတွင် အားလုံးနီးပါး ဖျက်ဆီးလိုက်ကြသည် ဆိုသည်။

Read the rest...
-->
Read/Post Comment: 0 Tuesday 17 April 2012 - 14:05:19 | printer friendly
-->

ကံမ ဖျက်စီးမူ နောက်ဆက်တွဲသတင်း


   ဟာဂျီမ ဒေါ်ဝါ၀ါ ပိုင်တဲ့ နန္ဒာမြတ်နိုး(၁)စက်လှေကို တနင်္ဂနွေနေ့ညတွင်ထပ်မံ ဖျက်ဆီးခဲ့သည်။ (ပုံပါ)

ဟာဂျီမဒေါ်ဝါ၀ါအိမ်ကို ဖျက်ဆီးခံရသဖြင့် ကံမမြို့နယ်ရဲစခန်းသို့ ဟာဂျီမ ဒေါ်ဝါ၀ါ၏မောင် ဦးဌေးလွင်က သွားရောက်တိုင်ကြားခဲ့ရာ ကံမရဲစခန်းမှူးက
အမှုဖွင့်ပေးရန် ငြင်းဆိုခဲ့သည်။ “ကျွန်တော့်အဆင့်က အသေးအဖွဲအဆင့်ပဲရှိတယ်၊ ဒီကိစ္စက Heavy ဖြစ်တယ်။
ကျွန်တော်လုပ်မပေးနိုင်ဘူး၊ တိုင်းကလုပ်မှရမယ်။ ဒီကိစ္စက အဆင့်ဆင့်တင်ပြပြီး အထက်က ခွင့်ပြုမှလုပ်လို့ရမှာ၊ (၇)အိမ်ပျက်စီးတာမှာ
ခင်ဗျားအိမ်တစ်အိမ် တည်းကပဲ ဘာဖြစ်လို့လာပြီးအမှုဖွင့်တာလဲ” ဟု ကံမမြို့ ရဲစခန်းမှူးက ပြန်ပြောကြောင်း
Read the rest...
-->
Read/Post Comment: 0 Tuesday 17 April 2012 - 12:29:29 | printer friendly
Sunday 15 April 2012
-->

ကံမတွင်ဗလီဝတ်ကျောင်းတော်တစ်လုံး နှင့် နေအိမ်များကို လုယက်ဖျက်စီး


 ကံမမြို့တွင်အစ္စလာမ်ဘာသာဝင်တို့၏ ပိုင်ဆိုင်မှုများနှင့် ဗလီဝတ်ကျောင်းတော်တစ်လုံး ဖျက်ဆီးလုယက်ခံနေရ

(သက်ဆိုင်ရာကအရေးယူမှုမရှိသဖြင့်ဖျက်ဆီးမှူများ
ဆက်လက်ဖြစ်ပေါ်ရန်အခြေအနေရှိနေ)

မကွေးတိုင်းဒေသကြီး ကံမမြို့နေ မွတ်စလင်မ်၁၀ဦးကျော်၏ နေအိမ်နှင့်
ပိုင်ဆိုင်မှုများအပါအ၀င် ဗလီဝတ်ကျောင်းတော် တစ်လုံးတို့ကိုဒေသ ခံဗုဒ္ဓဘာသာဝင်များနှင့် အခြားရွာအနီးမှ ဗုဒ္ဓဘာသာဝင်များက အကြမ်းဖက် ဖျက်ဆီး၊လုယက်မှူများပြုလုပ်ခဲ့ကြောင်း ကာယကံမြောက် ကျူးလွန်ခံရသူ နှစ်ဦးမှပြောကြားသည်။

ဖျက်ဆီးသူများသည် ယမန်နေ့ညတွင် ကံမမြို့အနီးရေနံသာရွာနေ
အစ္စလာမ်ဘာသာဝင်ဦးသိန်းလွင်၏ နေအိမ်ကိုလည်းဆက်လက်ဖျက်ဆီးခဲ့ကြောင်း လည်းကောင်းတို့က ဆက်လက်ပြောကြားသည်။

ဟာဂျီမဒေါ်ဝါ၀ါ ၏ အိမ်ကို ဖျက်ဆီးတယ်။...
Read the rest...
-->
Read/Post Comment: 0 Sunday 15 April 2012 - 15:56:44 | printer friendly
Wednesday 28 March 2012
-->

ဘာသာပေါင်းစုံ၊ တိုင်းရင်းသား ပေါင်းစုံ ဆုတောင်းပွဲ ရန်ကုန်မြို့၌ ပြုလု


Eleven မီဒီယာမှ ကူးယူဖော်ပြပါသည်။
72614 ကချင်ပြည်နယ် ငြိမ်းချမ်းရေး နှင့် မြစ်ဆုံ အရေးကိစ္စများအတွက် ဘာသာပေါင်းစုံ၊ တိုင်းရင်းသား ပေါင်းစုံ ပါဝင်သော ဆုတောင်းပွဲတစ်ရပ်ကို ၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ ယုဒဿန် ဗိမာန်တော်တွင် ပြုလုပ်ခဲ့ပါသည်။

ဆုတောင်းပွဲကို ညနေ ၄ နာရီ အချိန်တွင် စတင်ခဲ့ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူစသည့် ဘာသာကြီးလေးခုမှ တက်ရောက် လာသူများ၊ ကချင်ပြည်နယ် ဒေသခံများ၊ ကရင်၊ ရှမ်း၊ ချင်း၊ မွန်၊ ရခိုင်စသည့် တိုင်းရင်းသားများ၊ ၈၈ မျိုးဆက် ကျောင်းသားများ စသူတို့ ပါဝင်တက်ရောက်ခဲ့ကြပြီး ဆုတောင်းပွဲ ဖြစ်မြောက်ရန် ကရုဏာရှင် အမျိုးသမီးများအဖွဲ့မှ စီစဉ်ခဲ့ခြင်း ဖြစ်သည်။


Read the rest...
-->
Read/Post Comment: 0 Wednesday 28 March 2012 - 07:22:58 | printer friendly
Tuesday 27 March 2012
-->

အစ္စလာမ်ကာင်စီ(၁၆)ကြိမ်မြောက်ညီလာခံမှနိုင်ငံတော်သို့ပန်ကြား


  အစ္စလာမ်သာသနာရေးရာကောင်စီ က ၄င်း၏ ၁၆ ကြိမ်မြောက် ညီလာခံ ကျင်းပခဲ့ပြီး အဆိုပါညီလာခံတွင် မြန်မာမွတ်စလင်မ်များ၏ မျက်မှောက်ကြုံတွေ့ ခံစားနေရသော အရေးများနှင့်ပတ်သက်ပြီး အောက်ပါအချက် (၆)ချက်အား နိုင်ငံတော် သို့ပန်ကြားတင်ပြ ခဲ့ကြောင်း-

အဆိုပါအချက် (၆) ချက်မှာ
ပန်ကြားချက် (၁) ...... အစ္စလာမ့်ဝတ်ပြုဆောင်များ၊ ဘာသာရေးစာသင်ကျောင်းများနှင့် သာသနာ့မြေများကိစ္စ
ပန်ကြားချက် (၂) ...... နိုင်ငံသားစိစစ်ရေး ကဒ်ပြားကိစ္စ
ပန်ကြားချက် (၃) ...... ရခိုင်ပြည်နယ်ရှိ အစ္စလာမ်သာသနာဝင်များကိစ္စ
ပန်ကြားချက် (၄) ......ဆော်ဒီအာရေဗျ နိုင်ငံသို့ သွားရောက်၍ ဟဂ်ျပြုခြင်းကိစ္စ
ပန်ကြားချက် (၅) ...... ဘာသာပေါင်းစုံ ချစ်ကြည်မူ အထောက်အကူဖြစ်စေရေးကိစ္စ နှင့်
ပန်ကြားချက် (၆) ...... နိုင်ငံတော် သမ္မတထံ အစ္စလာမ့်ရေးရာများ တွေ့ဆုံတင်ပြခွင့်ကိစ္စ များပါဝင်ကြောင်း သတင်းရရှိပါသည်

ပန်ကြားချက်အသေးစိတ်ကို ဖတ်ရှုလိုပါလျင် ပုံပေါ်ကိုနှိပ်ပါ
-->
Read/Post Comment: 0 Tuesday 27 March 2012 - 08:42:38 | printer friendly
-->

အစိုးရဆေးရုံများအတွက် ဆော်ဒီမှ 'ကန်'ဒေါ်လာသန်း ၂၀ ချေးငှားမည်


မြန်မာတိုင်း(မ်)
ဇော်ဝင်းသန်း
အတွဲ ၂၈ ၊ အမှတ် ၅၅၉ ( ၂ - ၈ ၊ ၃၊ ၂၀၁၂)

မြန်မာ့နိုင်ငံရေး အပြုသဘောဆောင် တိုးတက်ပြောင်းလဲမှုကို အသိအမှတ်ပြု သည့်အနေဖြင့် ဆော်ဒီရန်ပုံငွေ ထူထောင်ရေးအဖွဲ့က မြန်မာအစိုးရပိုင် ဆေးရုံး၊ ဆေးခန်းများတွင် ကျန်းမာ ရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာ စေရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ချေးငှားရန် သဘောတူလိုက် ကြောင်း ရန်ကုန်မြို့ရှိ ဆော်ဒီအာရေဗျ သံရုံးမှ သတင်းထုတ်ပြန်သည်။ အဆိုပါချေးငှားငွေအား အစိုးရဆေး ရုံ၊ ဆေးခန်းတွင် 
 
Read the rest...
-->
Read/Post Comment: 0 Tuesday 27 March 2012 - 07:29:43 | printer friendly
Go to page       >>  
M.M.M
မြန်မာပြည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး webmaster @ (26 Feb : 05:49) (မြန်မာ မွတ်စလင်မ် သတင်း)
ကိုရန် (Qur’an) မီးရှို့မှု အိုဘားမားတောင်းပန် webmaster @ (24 Feb : 13:17) (ကမ္ဘာ့ မွတ်စလင်မ် သတင်း)
ပသီ အမျိုးသားကွန်ကရက် ပါတီ မှတ်ပုံတင် webmaster @ (19 Feb : 06:32) (မြန်မာ မွတ်စလင်မ် သတင်း)
အကြံကုန် ဆားချက်တဲ့ ရွှေည၀ါ webmaster @ (19 Feb : 05:49) (မြန်မာ မွတ်စလင်မ် သတင်း)
မြန်မာမွတ်(စ်)လင်မ်များလည်း ဒေါ်စုကိုကြို webmaster @ (19 Feb : 05:09) (မြန်မာ မွတ်စလင်မ် သတင်း)