|
|
Verses from Quran | “လူမျိုးတစ်မျိုးသည် မိမိတို့၏ အခြေအနေကို မိမိတို့ကိုယ်တိုင် မပြောင်းလဲသမျှ ကာလပတ်လုံး အရှင်မြတ်ကလည်း ပြောင်းလဲပေးတော်မူမည် မဟုတ်ချေ” |
ပထမဆုံးအကြိမ် မြန်မာမွတ်စလင်မ် အစည်းအရုံး ညီလာခံ ကို လာမည့် ဇူလိုင်လ 19 ရက်နေ့နှင့် 20 ရက်တို့တွင် နယူးယောက်မြို့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။
http://www.conference.bmnetwork.org
|
-->
-->
နိုင်ငံတကာ မြန်မာမူစလင် အစည်းအရုံးးများ ဗဟိုကော်မတီ ဖွဲ့စည်း
ပထမဆုံးအကြိမ် နိုင်ငံတကာ မြန်မာမွတ်စလင် ညီလာခံကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ဇူလိုင်လ ၁၉ နဲ့ ၂၀ ရက်တွေမှာ နှစ်ရက်ကြာ ကျင်းပခဲံပါတယ်။ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၁ နိုင်ငံက မြန်မာမွတ်စလင် အစည်းအရုံးတွေရဲ့ ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပြီး တက်ေ၇ာက်နိုင်ခြင်းမရှိတဲ့ ကိုယ်စားလှယ်တွေက တယ်လီဖုန်း၊ အီးမေးလ်တို့ကတဆင့် ပါဝင်ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။ဒီညီလာခံမှာ နိုင်ငံတကာမြန်မာမွတ်စလင်တွေရဲ့ အစည်းအရုံးတွေကို ပေါင်းစည်းပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီတရပ်ဖွဲ့စည်းခဲ့ကြောင်းနဲ့ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက် ၅ရပ် ချမှတ်ခဲ့တဲ့ အကြောင်း မြန်မာမွတ်စလင်အစည်းအရုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွေထွေအတွင်းရေးမှူး ဦးအောင်တင်က ကပြောပါတယ်။ “ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးနဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကျွန်တော်တို့ ရှေးမြန်မာမွတ်စလင်တွေကဲ့သို့ ဒီနေ့မျိုးဆက်သစ် မြန်မာတွေက ပိုမိုပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်ဖို့ ကိစ္စတစ်ခု ကို ကျွန်တော်တို့ လေးလေးနက်နက် ဆုံးဖြတ်တယ်။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် အပါအ၀င်ပေါ့ နော်၊ မြန်မာပြည်သူအားလုံးရဲ့ အခြေခံအခွင့်အရေး အပြည့်အ၀ ရရှိရေးအတွက် ကျွန်တော်တို့ ဆက်လက်တိုက်ပွဲ ၀င်သွားမယ်လို့ ဆုံးဖြတ်တယ်” “ ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ တိုင်းရင်သား အနွယ်တခုခုက ပေါက်ဇွားလာတဲ့ မြန်မာမွတ်စလင်တွေဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ဟာ ဘာသာရေးအားဖြင့် တူညီချက်အရ မွတ်စလင် တွေဖြစ်သော်လည်း ကျွန်တော်တို့ဟာ သက်ဆိုင်ရာအနွယ်တွေရဲ့ တိုင်းရင်းသားအဖြစ် ကျွန်တော်တို့ကို ကျွန်တော်တို့ ခံယူတယ်ဆိုတာကို ကျွန်တော်တို့ အတိအလင်းဆုံးဖြတ် ကြေညာတယ်”“ နောက်တချက်က ကျွန်တော်တို့ ဒီ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲမှာ၊ ပထမလွတ်လပ်ရေးတိုက်ပွဲမှာ အာဇာနည် ဦးရာဇတ်က ဗိုလ်ချု့ပ်အောင်ဆန်းရဲ့ မေတ္တာရပ်ခံချက်အရ ဗမာမွတ်စလင် ကွန်ဂရက်ကို ဇွဲ့စည်းပြီးတိုက်ခဲ့ သလို ဒီဒုတိယ တိုက်ပွဲမှာလည်း ဗမာမွတ်စလင် အစည်းအရုံးကို ဇွဲ့စည်းပြီးတိုက်မယ်ဆိုတဲ့ မူအရ အယူအဆ၊ အတွေးအခေါ် မရွေးပါဝင်နိုင်တဲ့ မဟာမိတ် ပူးပေါင်းဆောင်ရွက်မှုကို ကွန်တော်တို့ဆောင်ရွက်မယ်ဆိုတာ သတ်မှတ်ထားပါတယ်။ ညီလာခံကို အခြားအတိုက်အခံအဇွဲ့အစည်းတွေက ပုဂ္ဂိုယ်တွေတက်ရောက်ခဲ့သလို သ၀ဏ်လွှ့ာတွေ ပေးပို့ကြတဲအကြောင်း ဦးအောင်တင်က ပြောပါတယ်။ဒီညီလာခံကို ကိုယ်စားလှယ် စေလွှတ်ဆွေးနွေးကြတဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ ကနေဒါ ၊ အိန္ဒိ၊ ဗြိတိန်၊ ပြင်သစ်၊ ဆော်ဒီအာရေဗျ၊ သြစတြေးလျ၊ ထိုင်း၊ စင်ကာပူ၊ ဆွစ်ဇာလန် နိုင်ငံတို့က မြန်မာမွတ်စလင်အဇွဲ့အစည်းတွေဖြစ်ကြောင်း သိရှိရပါတယ်။
-->
-->
The fall of an Arab town in 1948
| By Sandy Tolan, Middle East author and journalist |  | David Ben-Gurion declares the state of Israel on May 14, 1948 in this file photo [GALLO/GETTY]
| On the evening of July 11, 1948, ifn the town of al-Ramla on the coastal plain of Palestine, the sons and dafughters of the town patriarch huddled together in the family compound. |
Read the rest...
-->
-->
Deaths in Myanmar ferry sinking
မြောင်းမြ အနီးကူးတို့မှောက်ပြီး လူ ၃၈ ဦးသေဆုံး
Read the rest...
-->
-->
No Charge for Dutch Anti-Quran MP
 | မုန်းတီင်္းစိတ်နဲ့ ကုရ်အာန်ဆန့်ကျင် တဲ့ ရုပ်ရှင်အပေါ် အကာအကွယ်ပေးခဲ့တဲ့ ဒတ်ခ်ျ လွှတ်တော်အမတ်ကို တရားရုံးက အရေးမယူပဲပြန်လွှတ်ပေးခဲ့ … |
Read the rest...
-->
-->
-->
-->
Obama's other Muslim problem
By Mark Levine, Middle East historian Barack Obama, the Democrats' presidential candidate, speaks at a town hall meeting at Kaukauna High School, Wisconsin on June 12 [GALLO/GETTY]
As soon as Barack Obama rose to the top of the field of Democratic presidential contenders, he developed a "Muslim problem" based on false accusations that he is, or once was, a Muslim.
Read the rest...
-->
-->
-->
-->
ဆိုက်ကလုန်း မုန်တိုင်းတစ်လုံး ၀င်ရောက်မည်ဟု သတင်းရရှိ
မိုးလေ၀သ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လျက်ရှိ ပြီး အလွန်အားကောင်းလျက်ရှိကာ ယနေ့နံနက်ပိုင်းမှ စတင်၍ နောက် (၇၄) နာရီအတွင်း ကုန်းတွင်းပိုင်းကို ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်း သတင်းရရှိသည်။ ထိုသို့ တိုက်ခက်ရာတွင် ရေပြင် မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်ကြောင်း ဖော်ပြထားပြီး အဆိုပါသတင်းကို MRTV4 ရုပ်မြင်သံကြားလိုင်းမှ စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။ မုန်တိုင်းသတင်းနှင့် ပတ်သက်ပြီး လွန်ခဲ့သည့် တစ်လကျော်က နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို ပြင်းထန် စွာ ခံစားခဲ့ရသည့် ဧရာဝတီတိုင်းအတွင်းရှိ နယ်ခံအချို့အား ဆက်သွယ်မေးမြန်းကြည့်ရာ အစိုးရအာဏာပိုင် အဖွဲ့အစည်းများမှ ယခုထပ်မံဖြစ်ပေါ်လာမည့် မုန်တိုင်းသတင်းနှင့် ပတ်သက်ပြီး မည့်သည့်သတင်းကြေညာ ချက်မှ ထုတ်ပြန်သည်ကို မသိရှိရသေးကြောင်း ပြောကြားကြသည်။ ထိုအပြင် ပင်လယ်ဝနှင့် ကျေးရွာများနေ ပြည်သူအချို့ကမူ ပြောင်းလဲလာသော ရာသီဥတုကို ထောက်ရှုပြီး မုန်တိုင်းကြီး ထပ်မံကျရောက်လာမည့် အရိပ်အယောင်များကို အတွေ့အကြုံများအရ သိရှိနေကြသဖြင့် နီးစပ်ရာမြို့များသို့ အလျင်အမြန်သွားရောက် နေကြကြောင်း သတင်းရရှိသည်။ အစိုးရအာဏာပိုင် အဖွဲ့အစည်းများအနေနှင့် မုန်တိုင်းသတင်းနှင့် ပတ်သက်ပြီး မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ဧရာဝတီတိုင်း အတွင်းသို့ တိကျသေခြာသော သတင်းများ ထုတ်လွှင့်ပေးသင့်သလို အချိန်နှင့် တပြေးညီ မုန်တိုင်းလွတ်ကင်းရာ နေရာများသို့ ပြောင်းရွှေ့ပေးသင့်ကြောင်း ရန်ကုန်မြို့ရှိ ၀ါရင်စာနယ်ဇင်းတစ်ဦးမှ ပြောကြားသည်။ အစိုးရမီဒီယာများ၏ သတင်းထုတ်ပြန်ချက်များနှင့် ပတ်သက်ပြီး အဆိုပါပုဂ္ဂိုလ်မှ ပြောကြားရာတွင် “သူတို့က လျှော့ပေါ့ပြီးတော့ ကြေညာတာလည်း ဖြစ်နိုင်တယ်။ နာဂစ်တုန်းကလည်း ဒီလိုပဲ ကြေညာခဲ့တာပဲ။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူတို့ ကြေညာခဲ့တာ ပြောင်းပြန်ပဲဗျ။ အခုဝင်မယ်ဆိုတဲ့ မုန်တိုင်းဟာလည်း သူတို့ကြေညာထားတာထက် အဆမတန်ကြီး များနိုင်တယ်။ ပျက်စီးဆုံးရှုံးနိုင်တယ်” ဟုဆိုသည်။ မုန်တိုင်းသတင်းနှင့် ပတ်သက်ပြီး ယနေကြားသိရသော သတင်းများမှာ လပွတ္တာမြို့နယ်အတွင်းရှိ ပင်လယ်ဝ၌ တည်ရှိသော လှိုင်းဖုံးကျေးရွာအုပ်စုအတွင်းမှ ကျေးရွာအချို့ ယခုဖြစ်ပေါ်လာသော မုန်တိုင်းကြောင့် ပျက်စီး သွားပြီဖြစ်ကြောင်း သိရသည်။ ထိုကျေးရွာများမှာ မကြာခင်ကာလများကမှ လူနေတဲများ အသစ်ပြန်လည် တည်ဆောက်ထားခဲ့ကြခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင်လည်း ထပ်မံပျက်စီးသွားခဲ့ပြီဟု ကြားသိရသည်။ ထိုလေ ဘေးသင့် ပြည်သူများအနေဖြင့် မိမိတို့၏ ရပ်ရွာများတွင် မနေထိုင်ရဲကြတော့ဘဲ လပွတ္တာမြို့သို့ ထွက်ပြေးတိမ်း ရှောင် လာနေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။
-->
-->
ဒေါ်လာ သုံးသန်းကျော် တန် ဆက်သွယ်ရေးသုံး ပစ္စည်းများ လှူဒါန်း
| တရုတ်နိုင်ငံထိပ်တန်းမိုဘိုင်းဆက်သွယ်ရေးစက်ပစ္စည်းကုမ္ပဏီ ZTE Corporation ကအမေရိကန် ဒေါ်လာ ၁ဒသမ ၁သန်းတန်ဖိုးရှိ CDMA 450 လုိင္း၁ှှှှေက်ာ္ တပ်ဆင်နိုင်သောရေဒီယိုစခန်ဿး၃ခုနှင့် မိုဘိုင်းစခန်းတစ်ခုကို နာဂစ်မုန်တိုင်းကြောင့်ဆုံးရှုံးမှုဖြစ်ခဲ့သော ဒေသများတွင် ဆက်သွယ်ရေးကောင်းမွန် စေရန် ရည်ရွယ်ပြီး မုန်တိုင်းအပြီး မေလဆန်းပိုင်းတွင် နိုင်ငံတော်သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း ရန်ကုန်အ ခြေစိုက် ZTE Myanmar ရုံးခွဲမှ အမှုဆောင်အရာရှိချုပ် မစ္စတာဂျုံးပင်န်ချန်းကပြောကြားသည်။ |
Read the rest...
-->
|