Eleven Media ရဲ့ကျင့်ဝတ်မဲ့ရေးသားမှု ကြောင့်နစ်နာရသူအတွက် ကမ်ပိန်းလုပ်

ကိုပေါက်
Myanmar Muslim Media
အောက်တိုဘာ ၃၁၊ ၂၀၁၇

မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်သတင်းထောက်အောင်နိုင်စိုးကို ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့နဲ့ဆက်စပ်မှုရှိသူသဖွယ်ထင်ယောင်ထင်မှားဖြစ်စေအောင် သတင်းရေးသားခဲ့တဲ့ Eleven Media ရဲ့ ကျင့်ဝတ်မဲ့ရေးသားချက်ကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ထံ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များအနေနဲ့ တိုင်စာများပေးပို့ကြဖို့ ထိန်းသိမ်းခံရသူရဲ့ မိတ်ဆွေတွေက လှုပ်ရှားမှုတစ်ရပ်စတင်နေပါတယ်။

“အောင်နိုင်စိုးကို Eleven Media ကအောက်မှာ ဒီလိုရေးလိုက်တာက အောင်နိုင်စိုးရဲ့ Career Life တစ်ခုလုံးကိုပျက်စီးသွားစေနိုင်တယ်။နောက်ဆက်လုပ်မယ့် သူ့ရဲ့သတင်းထောက်အသက်မွေးဝမ်းကြောင်းပညာရပ်ကို အကြီးအကျယ်ရိုက်ချိုးတဲ့ပုံစံဖြစ်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့က သတင်းမီဒီယာကောင်စီကို တိုင်ကြားရခြင်းဖြစ်ပါတယ်”ဟု ကိုအောင်နိုင်စိုး ထိန်းသိမ်းခံထားရခြင်းကိစ္စတွင်လိုက်ပါဆောင်ရွက်နေသူ ကိုရဲထူးက Myanmar Muslim Media ကိုပြောပါတယ်။

ကိုအောင်နိုင်စိုးဟာ တူရကီအခြေစိုက် TRT သတင်းဌာနရဲ့ နိုင်ငံခြားသား သတင်းထောက် ၂ ဦးနဲ့အတူ နေပြည်တော်က လွတ်တော်အဆောက်အအုံကို ဒရုန်းနဲ့ ရုပ်သံရိုက်ကူးဖို့ပြင်ဆင်နေစဉ်ဖမ်းဆီးခံရတာဖြစ်ပါတယ်။ဒီဖြစ်စဉ်ကို မွတ်စလင်မ်ဆန့်ကျင်ရေးမီဒီယာတစ်ခုဖြစ်တဲ့ Eleven Media က” ရဲတပ်ဖွဲ့၏ခေါ်ယူစစ်ဆေးမှုခံနေရသူများထဲတွင် တစ်ဦးမှာ ဘင်္ဂါလီ ARSA အကြမ်းဖက်ခေါင်းဆောင်နှင့် အဆက်အသွယ်ရှိသူတစ်ဦးဖြစ်နိုင်”လို့ဖေ့စ်ဘုတ်လူမှုကွန်ရက်က သတင်းမှားတစ်ခုကို ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။

“အောင်နိုင်စိုးသည် ဂျာနယ်လစ်တစ်ယောက်ဖြစ်တယ်။အောင်နိုင်စိုးသည် Terrorist မဟုတ်ဘူး။အောင်နိုင်စိုးသည် အကြမ်းဖက်သမားတစ်ယောက်မဟုတ်ဘူး။ဒါတွေနဲ့ချိတ်ဆက်ပြီးရေးတာကို ကျွန်တော်တို့ကလုံးဝလက်မခံနိုင်ဘူး။ဒါကိုကျွန်တော်တို့က ကမ်ပိန်းနဲ့သက်သေပြခြင်းပဲဖြစ်ပါတယ်”လို့ ဖမ်းဆီးခံထားရသူရဲ့ ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးလည်းဖြစ်တဲ့ ကိုရဲထူးကပြောပါတယ်။

သတင်းထောက်ကိုအောင်နိုင်စိုးအတွက်တရားမျှတမှုရရှိဖို့အတွက်
Free Aung Nain Soe ဆို့တဲ့ ဖေ့စ်ဘုတ်စာမျက်နှာလည်းဖွင့်လှစ်ထားပြီး

https://web.facebook.com/freeaungnaingsoe/posts/1516048431763864

Eleven Media ရဲ့ သတင်းကျင့်ဝတ်ဖောက်ဖျက်မှုအတွက် တိုင်ကြားကြဖို့ကိုလည်း နှိုးဆော်ထားပါတယ်။

Email ဖြင့်ပေးပို့တိုင်ကြားလိုသူများအတွက် –

Mediafire –

http://www.mediafire.com/…/41s9112id…/complaint-form_ANS.doc

တိုင်စာဖြင့်ကိုယ်တိုင် တိုင်ကြားလိုသူများအတွက် –

Mediafire –
http://www.mediafire.com/…/n897g9k7v…/complaint-form_ANS.pdf

pCloud –

https://my.pcloud.com/publink/show…

(မှတ်ချက် – ပေးထားတဲ့ကွက်လပ်လေးတွေမှာ လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်ပြီး တိုင်ကြားရုံပါပဲ။ စာဖိုင်နဲ့အတူ အလဲဗန်းရဲ့ရေးသားဖော်ပြချက် ပုံနှစ်ပုံကိုလည်း ထည့်သွင်းပေးထားပါတယ်။ တိုင်စာနဲ့အတူ ပူးတွဲတင်ပြရန်ဖြစ်ပါတယ်)

မြန်မာသတင်းမီဒီယာကောင်စီ အီးမေးလ်
mmpresscouncil@gmail.com
လူကိုယ်တိုင်သွားရောက်တိုင်ကြားလိုပါက ဒေါင်းလုတ်ဆွဲ၊ ပရင့်ထုတ် ဖောင်ဖြည့်ပြီး ၃၅လမ်း အလယ်ဘလောက်မှာ သွားရောက်တိုင်ကြားနိုင်ပါတယ်။