|
|
ဘန်ကီးမွန်း၏ မြန်မာနိုင်ငံ ခရီးစဉ် မအောင်မြင်![]() ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာစစ်အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့စုံခွင့်မရရှိခဲ့ပဲ ပြီးဆုံးခဲ့ပါသည်။ ဘန်ကီမွန်းက စနေနေ့က မိနစ် ၃၀ ကြာ မြန်မာစစ်အာဏာပိုင်များနှင့် ဆွေးနွေးမှုအပြီး ထိုသူများအနေဖြင့် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ရပ်ကို ဆုံးရှုံးခံခဲ့ခြင်းဖြစ်ကြောင်းနှင့် လွန်စွာမှ စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပါသည်။ ဗိုလ်ချုပ်သန်းရွှေ က ကျွန်တော့်အနေဖြင့် တွေ့ခွင့်ပြုလိုသော ဆန္ဒရှိပါကြောင်း သို့သော် တရားစီရင်သောကာလ ဖြစ်နေ၍ ပြင်ပမှစွက်ဖက်မှုများ ပါဝင်လာမည်ကိုစိုးရိမ်၍ ဖြစ်ကြောင်းပြောကြားခဲ့သည်ဟုသိရပါသည်။
You must be logged in to make comments on this site - please log in, or if you are not registered click here to signup
|
Home
| Downloads
| Submit News
| Contact Us
| Forum
|
သုတ/ရသ စာစုများ
| News
| LINK
|
ကျော်ကြားသောမွတ်စလင်မ်များ























