ရိုဟင်​ဂျာ မွတ်​စလင်​​တွေကို အကြမ်းဖက်​ဖို့ဦး​ဆောင်​ခဲ့တဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကို သီရိလင်္ကာ အစိုးရဖမ်းဆီး

အောက်​တိုဘာ ၃၊ ၂၀၁၇.
Myanmar Muslim Media

ပြီးခဲ့တဲ့အပတ်​ကရိုဟင်​ဂျာဒုက္ခသည်​​ ၃၁​ယာက်​ကို ​ထိန်းသိမ်းမရ​အောင်​ဆန့်​ကျင်​တိုက်​ခိုက်​ခဲ့တဲ့အမျိုးသား​ရေးအစွန်း​ရောက်​လူအုပ်​ကိုဦး​ဆောင်​ခဲ့တဲ့သီရိလင်္ကာဘုန်းကြီးအက်​မီမာနာ ဒါယာရဋာနာကို ​​​အောက်တို​ဘာ ၂ရက် ၂၀၁၇ေ​န့ကသီရိလင်္ကာက ​မောင့်​လဗီနီရာ တရားရုံးကိုသွား​ရောက်​ဖို့ ရဲတပ်​ဖွဲ့​တွေက ​​ထောင်​အချုပ်​ကားဆီပို့​ဆောင်​​နေပုံ

ဓာတ်​ပုံ- ရိုက်​တာသတင်းဌာန
ဆက်​လက်​ဖတ်​ရူရန်​ –

ပြီးခဲ့တဲ့အပတ်က ရိုဟင်ဂျာဒုက္ခသည်တွေကို တိုက်ခိုက်ခဲ့တဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေ ဦးဆောင်ခဲ့တဲ့ အကြမ်းဖက်လူအုပ်ထဲက လူခြောက်ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သီရိလင်္ကာရဲဌာနက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဘာသာအများစုရှိတဲ့ အစိုးရက ကိုလန်ဘိုမြို့ ဆင်ခြေဖုံးမှာ ကလေးငယ်များအပါအ၀င် ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို အင်္ဂါနေ့က တိုက်ခိုက်မှုအတွင်း ဘုန်းကြီးတွေဟာ တိရစ္ဆာန်တွေလိုပြုမူခဲ့ကြတယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။

“တိုက်ခိုက်မှုကို ဦးဆောင်ခဲ့တဲ့ ဘုန်းကြီးတွေကို ကျွန်တော်တို့ အတည်ပြုနိုင်ခဲ့ပြီ”လို့ စုံစမ်းစစ်ဆေးရေးမှာ ပါဝင်တဲ့ ရဲအရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ “သူတို့ကိုဖမ်းဆီးဖို့ အဖွဲ့သုံးဖွဲ့ဖြန့်ချ ထားပြီးဖြစ်ပါတယ်။” လို့သူကဆိုပါတယ်။

ဘုန်းကြီးတွေနဲ့ သူတို့ကို ထောက်ခံသူတွေက ခဲတွေနဲ့ပစ် ပြတင်းပေါက်နဲ့ ပရိဘောဂတွေကို ဖျက်ဆီးခဲ့တဲ့ တိုက်ခိုက်မှုတွေပြီးနောက် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဆေးရုံတင်ခဲ့ရပါတယ်။ အမျိုးသားငါးဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ပြီးဖြစ်ပါတယ်။

အကြမ်းဖက်မှုကို တားဆီးဖို့ပျက်ကွက်ခဲ့တဲ့ အတွက် ရဲအရာရှိ တော်တော်များများကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ အစိုးရတာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ငါးလလောက်က ကျွန်းမြောက်ပိုင်းကမ်းခြေ နားမှာလှေတစ်စီးနဲ့ ရိုဟင်ဂျာတွေကို ရေတပ်ကတွေ့ရှိခဲ့ပြီးနောက် ဒုက္ခသည်တွေဟာ သီရိလင်္ကာကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် သူတို့တွေဟာ အိန္ဒိယမှာ နှစ်အတန်ကြာ နေထိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာခဲ့တာဖြစ်ပြီး အများစုဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းတွေမှာနေထိုင်နေရပါတယ်။

အနည်းစုလောက်သာ တောင်အာရှရဲ့ တစ်ခြားဒေသတွေကို ပြောင်းရွှေ့ နိုင်ခဲ့ပါတယ်။

သူတို့တွေဟာ နိုင်ငံနောက်ခံပြု ဖိနှိပ်မှုတွေနဲ့ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ပစ်မှတ်ထားခံခဲ့ရတာ ဖြစ်ပြီး အများအပြားက သူတို့တွေကို ဘင်္ဂလားဒေ့ရှ်က တရားမ၀င် ရွှေ့ပြောင်းလာသူတွေ အဖြစ်မြင်ကြတာ ဖြစ်ပါတယ်။

သီရိလင်္ကာက အစွန်းရောက် ဘုန်းကြီးတွေဟာ သူတို့လိုပဲ မြန်မာနိုင်ငံက အစွန်းရောက် အမျိုးသားရေး သမားတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာဖြစ်ပါတယ်။

သူတို့နှစ်ဖွဲ့စလုံးဟာ နှစ်နိုင်ငံလုံးက လူနည်းစု မွတ်စလင်တွေကို အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့ စွပ်စွဲချက်တွေ ရှိနေပါတယ်။

အင်္ဂါနေ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးက သတိပေးခဲ့ပြီး အကြမ်းဖက်မှုတွေ ဖိနှိပ်မှုတွေက နေထွက်ပြေးလာကြတဲ့ အရပ်သားတွေကို သနားညှာတာဖို့ သီရိလင်္ကာကို တိုက်တွန်းခဲ့ပါတယ်။

ကလေးငယ် ၁၆ယောက်နဲ့ အမျိုးသမီး၇ဦး အပါအ၀င်ဒုက္ခသည် ၃၁ယောက်ကို ရဲတွေက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး ကျွန်းတောင်ပိုင်းက ထိန်းသိမ်းရေး စခန်းဟောင်းကို ပို့ဆောင်ပေးခဲ့တယ်လို့ အစိုးရက ဖော်ပြထားပါတယ်။