ကြားဖြတ်သတင်း၊ သိကြားမင်း မျက်စေ့လည် စိတ်ဆိုးနေခြင်း

ယခုနှစ် ၁၃၇၄ ခုနှစ် (၁+၃+၇+၄=၁၅)(၁+၅=၆) အတာသင်္ကြန် ကာလအတွက် သိကြားမင်းက လူ့ပြည်ဆင်းရာတွင် လူ့ပြည်မရောက်မှီ ၆ မိုင် အရောက်တွင် ဠင်းတ ၆ ကောင် နှောက်ယှက်သဖြင့် မင်္ဂလာအချိန်ထက် အနည်းငယ်နောက်ကျ ရောက်ရှိ လာခဲ့ပါသည်။ ယင်းသို့ သတ်မှတ်ချိန်အတွင်း မဆင်းသက်နိင်၍ စိတ်မသက်မသာ ဖြစ်နေချိန်တွင် ကြိုဆိုနေကြသည့် အလံများမှာ ခါတိုင်းနှင့်မတူဘဲ ၉၆၉  ဂဏန်းများ (၉+၆+၉=၂၄ ၊၂+၄=၆) များပါဝင်နေရာ သိကြားမင်းမှာ နေရာမှား ဆင်းသလားပာု  မျက်စေ့လည်နေကြောင်းသတင်းရရှိပါသည်။

ပို ၍မျက်စေ့လည်သွားသည်မှာ သိကြားမင်းနတ်ပြည်က လှမ်းကြည့်စဉ်က  မိတ္ထိလာနှင့်ပဲခူးတိုင်း အနောက်ခြမ်းတွင် မီးရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ လူသတ်ခြင်း ဦးဆောင်ခဲ့သူများက ယခု  သိကြားမင်းလူ့ပြည်ရောက်သောအခါ  ကယ်ဆယ်ရေး လုပ်ငန်း လူကြီးများ အဖြစ်တွေ့နေရခြင်း ဖြစ်သည်။ အစိုးရအဖွဲ့ဝင်အချို့ ကြောင်သူတော် လုပ်နေကြသည်။

သာသနာ့ အလံသည်လည်း ဠင်းတ ၆ ကောင် (၉၆၉) တက်ခဲ့ပြီ။ ဗုဒ္ဓဘာသာမိန်းကလေးများလည်း ဖေါ်ရင်းချွတ်ရင်းနှင့် အမျိုးပျောက်တော့မည်။ အလဇ္ဈီရဟန်းတစ်စုတို့ကြောင့် ဘုရားသာသနာလည်း ပျက်ပြီ၊ သိကြားသာသနာလည်းပျက်ပြီ၊ဗုဒ္ဓဘာသာဝင် ဆိုသူများဘီလူးစိတ်ပေါက်နေပြီဖြစ်သဖြင့် အချိန်မှီ မထိန်းသိမ်းက မကြာမှီ ငလျှင်ဒဏ်ခံကြရတော့မည်။

သူတပါး အသက် အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးသဖြင့် တရားစောင့်နတ်တို့က မကျေနပ်ကြတော့ဘဲ သဘာဝဘေး အန္တယ်များဖြင့် ဆုံးမကြတော့မည်။ ယခုနှစ် သင်္ကြန်ရေတွင် မိတ္ထိလာတွင် မတရားသတ်ဖြတ်ခံခဲ့ရသူ ဘာသာခြားတို့၏သွေးများ မိဘမဲ့နှင့် မုဆိုးမ၏မျက်ရည်များ ၊ ဒုက္ခသည်တို့၏ မျက်ရည်များ ရောနှောပါဝင်နေကြောင်း သိကြားမင်း စစ်ဆေးတွေ့ရှိရာ ဗမာလူမျိုးနှင့် ဗုဒ္ဓဘာသာတို့၏ အလားအလာ မကောင်း၊ သိကြားမင်း စိတ်ရှုပ်မောပြီး အတက်နေ့ မင်္ဂလာ အချိန်မရောက်မှီ ပြန်တက်တော့မည် ဆိုနေသည်။အစိုးရနှင့်ပြည်သူက ၉၆၉ နှင့် ဘီလူးစိတ်များ သုတ်သင်ရှင်းလင်း မှုမပြုပါက နောင်နှစ် သိကြားမင်းဆင်းချင်မှ ဆင်းတော့မည် ဖြစ်ကြောင်း လောကပါလ နတ်မင်းက မီဒီယာများသို့ပြောကြောင်း သိရှိရပါသည်။

အောင်ဆန်းဝိညာဉ်