မြန်မာနိုင်ငံက တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေကနေ ရိုဟင်ဂျာ အရေးကို ကျော်လွန်ကြည့်ခြင်း

ပြီးခဲ့တဲ့နှစ်ပတ်ကျော် ကာလအတွင်း မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်တို့ရဲ့မြောက်ပိုင်းနယ်တွေ ကနေထွက်ပြေးလာခဲ့သူဦးရေဟာ ၃သိန်းရှိလာခဲ့ပါတယ်။ ဒီအပိုင်းတွေဆီရောက်ရှိဖို့ ခက်ခဲပါတယ်။ လမ်းတွေကလည်း ဆိုးရွားသလို အဲဒီကိုသွားဖို့  အစိုးရရဲ့ခွင့်ပြုချက် လိုပါတယ်။ သတင်းထောက်တွေလည်း ရောက်ရှိတာ ရှားပါးလွန်းပါတယ်။
ဒါကြောင့် မောင်တောကိုသွားရောက်ဖို့ အစိုးရဖွဲ့စည်းထားတဲ့ပြည်တွင်းပြည်ပ သတင်းထောက် ၁၈ဦး နဲ့ပူးပေါင်းဖို့ အခွင့်အရေးကို ဆုပ်ကိုင်ခဲ့ပါတယ်။ ဆိုလိုတာက သူတို့ကျွန်တော်တို့ ကိုမြင်စေချင်တဲ့နေရာတွေ လူတွေကိုပဲမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ဒီတင်းကျပ်ထားမှုတွေ အောက်မှာတောင် တန်ဖိုးရှိတာတွေကို ထိုးဖောက်ရရှိနိုင်ပါတယ်။ ဒါ့အပြင် ကြားဖို့ လိုအပ်တာတွေကို အစိုးရက ဆွေးနွေးမှုတွေရှိပါတယ်။ အခုချိန်မှာ လက်နက်ကိုင်သောင်းကျန်းသူတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သို့ပေမယ့်လည်း မိမိဘာသာပြုလုပ်တယ် ဆိုတဲ့ငြင်းခုန်မှုတွေ ရှိနေပါတယ်။ ရခိုင်ပြည်နယ်က အသိုင်းအ၀ိုင်း လူမျိုးစု အရေးအခင်းတွေဟာ ရှည်ကြာတဲ့သမိုင်းရှိပြီး ဘယ်အစိုးရမဆိုဖြေရှင်းဖို့အခက်အခဲရှိနေပါတယ်။
ရခိုင်ပြည်နယ်မြို့တော်စစ်တွေမြို့ကိုရောက်ရှိလာတဲ့အပေါ်မှာ ကျွန်တော်တို့ကိုညွှန်ကြားမှုတွေပေးပါတယ်။ ဘယ်သူမှ အဖွဲ့ကနေခွဲထွက်ပြီး သီးခြားလွတ်လပ်စွာ ဆောင်ရွက်ဖို့ကြိုးစားတာမျိုး ခွင့်မပြုပါဘူး။ ညနေ ၆ နာရီနောက်ပိုင်း ညမထွက်ရ အမိန့်လည်းထုတ်ပြန်ထားပါတယ်။ဒါကြောင့်မှောင်တဲ့အချိန်မှာ သွားလာတာမျိုး ခွင့်မပြုပါဘူး။ကျွန်တော်တို့ စိတ်ဝင်စားတဲ့နေရာတွေကို သွားဖို့တောင်းဆိုနိုင်ပါတယ်။ လက်တွေ့မှာတော့ ဒီလိုတောင်းဆိုမှုတွေဟာ လုံခြုံရေး အခြေအနေတွေကြောင့်ငြင်းပယ်ခံရပါတယ်။ မျှမျှတတပြောရရင် ကျွန်တော်တို့ရဲ့လုံခြုံရေးအတွက် အမှန်တကယ် စိုးရိမ်ပူပန်တာကြောင့်ဖြစ်မယ်လို့ယုံကြည်ပါတယ်။
လူအပြည့်ပါတဲ့ လှေတွေနဲ့ချောင်းငယ်တွေ မြစ်တွေတစ်လျှောက်မြန်မာနိုင်ငံက နိမ့်ကျတဲ့ဒီဒေသ အများစုကိုကျွန်တော်တို့ လည်ပတ်ခဲ့ပါတယ်။ စစ်တွေကနေ ဘူးသီးတောင်ကိုသွားတဲ့ခရီးစဉ်ဟာ ၆နာရီလောက်ကြာပါတယ်။ အဲဒီကနေ တစ်နာရီလောက်ကြမ်းတမ်းတဲ့လမ်းပေါ်ကနေ မေယုတောင်ကုန်းတွေ ကိုကျော်ပြီး မောင်တောကိုသွားရောက်ခဲ့ပါတယ်။ မြို့ထဲကိုမောင်းနှင် ဝင်ရောက်တဲ့အခါ ပထမဆုံးမီးလောင်ရွာ မြို့သူကြီးရွာကိုဖြတ်ကျော်ခဲ့ပါတယ်။ အုန်းပင်တွေတောင် မီးလောင်ခံထားရပါတယ်။
ကျွန်တော်တို့ကိုခေါ်ခဲ့တဲ့အစိုးရရဲ့ရည်ရွယ်ချက်ကတော့ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာတဲ့ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနုတ်လက္ခဏာဆောင်တဲ့ပြောဆိုချက်တွေအပေါ်မှာ လွှမ်းမိုးဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ သူတို့အားလုံးနီးပါးဟာ မြန်မာစစ်တပ်နဲ့ ရခိုင်လူအုပ်ကြီးရဲ့ဖျက်ဆီးမှုတွေနဲ့ လူ့အခွင့်အရေးစော်ကားခံရမှုတွေ အကြောင်းတွေကိုပြောဆိုခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီကြိုးပမ်းအားထုတ်မှုတွေဟာ ယိမ်းယိုင်ခဲ့ပါတယ်။
ပထမဆုံး ကျွန်တော်တို့ကိုမောင်တောက ကျောင်းလေးတစ်ကျောင်းကို ခေါ်သွားပါတယ်။ အဲဒီမှာ နေရပ်တွေကနေ စွန့်ခွာလာခဲ့ကြတဲ့ ဟိန္နူမိသားစုတွေနဲ့ပြည့်နေပါတယ်။ မွတ်စလင်တွေ တိုက်ခိုက်မှုကြောင့် ကြောက်လန့်တကြားထွက်ပြေးလာရတာလို့ သူတို့အားလုံးက ဇာတ်လမ်း တစ်ခုတည်းကိုသာပြောကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ကြတဲ့ဟိန္နူတွေကတော့ သူတို့တွေဟာ ရိုဟင်ဂျာတွေနဲ့စုဝေးနေတာကြောင့် သူတို့အားလုံးဟာ ဒေသခံရခိုင်ဗုဒ္ဓဘာသာာဝင်တွေရဲ့ တိုက်ခိုက်မှုခံရတာကြောင့် ထွက်ပြေးခဲ့ရတာလို့ဆိုကြပါတယ်။ ကျောင်းကို လက်နက်ကိုင် ရဲအရာရှိတွေနဲ့ တာဝန်ရှိသူတွေက လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။ သူတို့ လွတ်လပ်စွာပြောနိုင်ပါ့မလား။ အမျိုးသားတစ်ယောက်ကတော့ စစ်သားတွေဟာသူတို့ရွာကို ဘယ်လိုပစ်ခတ်ခဲ့လဲဆိုတာ စပြောပြခဲ့ပါတယ်။ အလျင်အမြန်ပဲသူဟာ အိမ်နီးချင်းတစ်ယောက်က သူ့ရဲ့ပြောဆိုချက်ကို အလျင်အမှားပြင်ဆင်ပေးခဲ့ပါတယ်။
လိမ္မော်ရောင်ဇာအကျီင်္နဲ့ မီးခိုရောင်ကွဲ ရခိုင်လုံချည်ဝတ်ဆင်ထားတဲ့ အမျိုးသမီးကတော့ မွတ်စလင်တွေရဲ့စော်ကားမှုတွေနဲ့ပတ်သက်ပြီး အထူးသဖြင့် သွက်သွက်လက်လက်ပြောဆိုခဲ့ပါတယ်။ နောက်တော့ ဘုန်းကြီးကျောင်းကိုခေါ်သွားပါတယ်။ အဲဒီမှာ ဘုန်းကြီးတစ်ပါးက မွတ်စလင်တွေ သူတို့အိမ်သူတို့မီးရှို့ခဲ့တယ်လို့ဖော်ပြပြောဆိုပါတယ်။ သူတို့တွေပြောဆိုနေတုန်းမှာ ကျွန်တော်တို့တွေ ဓာတ်ပုံရိုက်ခွင့်ရရှိခဲ့ပါတယ်။ သူတို့ပုံစံတွေက ထူးဆန်းနေတယ်။
အဖြူရောင်ဗလီ ဦးထုတ်ဆောင်းထားတဲ့ အမျိုးသားတွေဟာ အိမ်အမိုးတွေကို မီးရှို့နေတဲ့ပုံတွေ လုပ်ခဲ့ပါတယ်။ ခေါင်းမှာဇာစားပွဲခင်းတွေ ပတ်ထားတဲ့ အမျိုးသမီးတွေကလည်း ဓါးတွေ ဝှေ့ယမ်းနေတဲ့ပုံတွေပြုလုပ်ပါတယ်။ နောက်ပိုင်းမှာ အဲဒီထဲက အမျိုးသမီးတစ်ယောက်ကို ကျောင်းမှာသွက်သွက်လက်လက်ပြောဆိုခဲ့တဲ့ဟိန္နူအမျိုးသမီးတစ်ယောက်ဖြစ်နေတာကိုတွေ့ခဲ့ရသလို ပါဝင်သူနောက် အမျိုးသားတစ်ယောက်ကိုလည်း နေရပ်စွန့်ခွာလာကြတဲ့ ဟိန္နူအုပ်စုထဲမှာတွေ့ခဲ့ရပါတယ်။ သူတို့တွေဟာ မွတ်စလင်တွေမီးရှို့မှုလုပ်နေတယ်ဆိုတဲ့ ဓာတ်ပုံအတုတွေကို ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ နယ်ခြားစောင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးဖုန်းသစ်နဲ့တွေ့ဆုံခဲ့ပါတယ်။ ARSA သောင်းကျန်းသူအဖွဲ့သူတို့အခေါ် ဘင်္ဂါလီအကြမ်းဖက်သမားတွေက ရိုဟင်ဂျာရွာတွေကိုထိန်းချုပ်ပြီး တစ်အိမ်တစ်ယောက်လူသူစုဆောင်းခဲ့တယ်လို့ သူကဖော်ပြပြောဆိုပါတယ်။ ပူးပေါင်းဖို့ငြင်းဆန်သူတွေရဲ့အိမ်တွေမီးရှို့ခံရတယ်လို့သူကဆိုပါတယ်။ သောင်းကျန်းသူတွေဟာ မိုင်းတွေထောင်ပြီး တံတားသုံးခုကို ဖျက်ဆီးခဲ့တယ်လို့လည်း သူကစွပ်စွဲခဲ့ပါတယ်။
ဒါဇင်နဲ့ချီတဲ့ရွာတွေကို စစ်သွေးကြွတွေက ဖျက်ဆီးခဲ့တယ်လို့ပြောတာလားလို့ သူ့ကိုမေးမြန်းခဲ့ပါတယ်။ ဒါဟာ အစိုးရရဲ့အနေအထားဖြစ်တယ်လို့ သူက အတည်ပြုပြောဆိုခဲ့ပါတယ်။ စစ်တပ်ရဲ့ ရက်စက်မှုတွေအကြောင်းမေးမြန်းမှုကို သက်သေ ဘယ်မှာလဲလို့ သူကမေးပါတယ်။ အဲဒီက အမျိုးသမီးတွေကိုကြည့်ပါဦး သူက ရိုဟင်ဂျာဒုက္ခသည်တွေကိုဆိုလိုတာဖြစ်ပါတယ်။ “ဘယ်သူတွေ ဒီလိုယူဆကြလဲ ဘယ်သူက သူတို့ကို မုဒိန်းကျင့်ချင်မှာလဲ” လို့ပြောကြားခဲ့ပါတယ်။
မောင်တောမှာမြင်တွေ့ရတဲ့ မွတ်စလင်တစ်ချို့ထဲက အများစုဟာ ကင်မရာရှေ့မှာ စကားပြောဖို့အရမ်းကိုကြောက်ရွံနေကြပါတယ်။ ကျွန်တော်တို့ကိုကြီးကြပ်နေတဲ့သူတွေအဝေးမှာ လူတစ်ချို့နဲ့ စကားပြောဆိုခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက သူတို့ရဲ့ရပ်ကွက်ကနေ ထွက်ခွာခွင့်မပေးသလို အစားအသောက်ပြတ်လပ်မှုတွေနဲ့ ကြောက်ရွံမှုတွေ တိုးလာနေရတယ်လို့ ဖော်ပြပြောဆိုပါတယ်။
လူငယ်အမျိုးသားတစ်ဦးက ဘင်္ဂလားဒေ့ရှ်ကို သူတို့ထွက်ပြေးချင်ခဲ့တဲ့ အကြောင်းပြောပါတယ်။ ဒါပေမယ့်သူတို့ရဲ့ခေါင်းဆောင်တွေက နေဖို့အတွက် အာဏာပိုင်တွေနဲ့သဘောတူညီချက်ရေးထိုးထားပါတယ်။ တိတ်ဆိတ်နေတဲ့ဘင်္ဂါလီဈေးထဲမှာ လူတစ်ယောက်ကို ဘာကိုကြောက်နေတာလဲလို့မေးခဲ့ပါတယ်။ အစိုးရ လို့သူကပြန်ဖြေခဲ့ပါတယ်။
မောင်တောမြို့အပြင်ဘက် ကျွန်တော်တို့ခ ရီးစဉ်ရဲ့ အဓိကဦးတည်ရာကတော့ အလယ်သန်ကျော် ကမ်းစပ်ကျေးရွာဖြစ်ပါတယ်။ ဒီနေရာဟာသြဂုတ် ၂၅ရက်နေ့အစောပိုင်းက ARSA သောင်းကျန်းသူတွေတိုက်ခိုက်ခဲ့တဲ့နေရာတွေထဲက တစ်နေရာဖြစ်ပါတယ်။ ကျွန်တော်တို့ချည်းကပ်ခဲ့ပြီး တစ်ရွာပြီး တစ်ရွာဖြတ်ကျော်ခဲ့ပါတယ်။ အားလုံးဟာ ဗလာအတိဖြစ်နေပါတယ်။ လှေတွေကိုတွေ့ခဲ့တယ်။ ဆိတ်တွေ ကျွဲနွားတွေနဲ့အတူ စွန့်ပစ်ထားတဲ့ပုံရှိပါတယ်။ လူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ခဲ့ရပါဘူး။
အလယ်သံကျော်ဟာ မီးပုံရှို့ခံခဲ့ရပါတယ်။ နယ်စည်းမခြားဆရာဝန်များ လူမှုအဖွဲ့ တည်ဆောက်ထားပေးခဲ့တဲ့ ဆေးခန်းလည်း ဖျက်ဆီးခံထားရပါတယ်။ မြောက်ပိုင်း ကျွန်တော်တို့မြင်နိုင်တဲ့ အကွာအဝေးလောက်မှာ မီးခိုးတွေထွက်နေတာမြင်နိုင်သလို စက်သေနတ်ပစ်သံတွေကို လည်းကြားခဲ့ရပါတယ်။ ရွာပေါင်းများစွာ မီးပုံရှို့ခံခဲ့ရတယ်လို ကျွန်တော်တို့ခန့်မှန်းခဲ့ပါတယ်။
ဒုတိယရဲမှူးကြီးအောင်ကျော်မိုးက တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးသတိပေးချက် ရခဲ့တာကိုဖော်ပြပြောဆိုပါတယ်။ အကာအကွယ်ရဖို့ မွတ်စလင်မဟုတ်တဲ့ အဖွဲ့အစည်းဆီခေါ်သွားခံခဲ့ရပြီး သူ့ရဲ့စစ်စခန်းကနေ သူ့လူတွေက သေနတ်တွေ ဓါးတွေနဲ့ လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေ ကိုင်ဆောင်ထားတဲ့လက်နက်ကိုင် တိုက်ခိုက်သူတွေကို တိုက်ထုတ်ခဲ့ပါတယ်။ သူတို့ကိုနောက်ဆုတ်အောင် တိုက်ထုတ်တဲ့ထိ ၃နာရီကြာခဲ့ပါတယ်။ သောင်းကျန်းသူ ၁၇ယောက်သေဆုံးပြီး လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦး သေဆုံးခဲ့ပါတယ်။ ပြီးတဲ့နောက်မကြာခင်မှာပဲ မွတ်စလင်အဖွဲ့အစည်းက ထွက်ပြေးခဲ့ပါတယ်။
ဒါပေမယ့် မိုးတွင်းလဲဖြစ် တိုက်ခိုက်မှုဖြစ်ပြီး နှစ်ပတ်အကြာမှာ မြို့ရဲ့အစိတ်အပိုင်းတွေဟာ ဘာလို့တစ်ငွေ့ငွေ့လောင်ကျွမ်းနေသေးလဲ ဆိုတဲ့အပေါ်မှာ သူကရှင်းပြဖို့ အခက်အခဲရှိခဲ့ပါတယ်။ ဖြစ်နိုင်တာက မွတ်စလင်တစ်ချို့ကျန်နေပြီး မထွက်သွားခင်မှာ သူတို့အိမ်တွေကိုမီးရှို့ခဲ့တာဖြစ်နိုင်တယ်လို့ သူက မရေမရာဆိုပါတယ်။ ပြီးတဲ့နောက် အလယ်သံကျော်ကနေပြန်လာခဲ့ပါတယ်။ လုံးဝစီစဉ်ထားခြင်း မရှိတာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။
လယ်ကွင်းပေါ်က သစ်ပင်တစ်ချို့ကနေ အနက်ရောင် မီးခိုးလုံးတွေထွက်လာတာပဲဖြစ်ပါတယ်။ ဒါဟာလမ်းနားက တစ်ခြားရွာမှာဖြစ်ပျက်နေတာဖြစ်ပါတယ်။ မီးကစလောင်ရုံပဲရှိပါသေးတယ်။ ကျွန်တော်တို့ရဲ့ ရဲအစောင့်အရှောက်ကို ကားရပ်ဖို့အားလုံး အော်ဟစ်ပြောဆိုခဲ့ပါတယ်။ သူတို့ရပ်တဲ့အခါ ကျွန်တော်တို့ပြေးပြီး အစိုးရ စီစဉ်ထားတဲ့ကြီးကြပ်ရေးမှူးတွေ ကိုထားခဲ့ပါတယ်။ ရဲတွေက ကျွန်တော်တို့နဲ့အတူပါလာပြီး ရွာထဲဝင်ဖို့ လုံခြုံမှုမရှိဘူးလို့ကြေငြာပါတယ်။ ဒါကြောင့် သူတို့ရှေ့ကိုကျော်ပြီးသွားခဲ့ကြပါတယ်။
မီးလောင်သံတွေ ပျက်ဆီးပြိုကျသံတွေ နေရာတိုင်းကြားနေရတယ်။ မွတ်စလင်အသုံးအဆောင် အမျိုးသမီးတွေရဲ့အ၀တ်အစားတွေဟာ ရွှံ့တွေထဲပြန့်ကျဲနေပါတယ်။ ပြီးတော့ဗလတောင့်တောင့်နဲ့ ဓါးတွေကိုင်ဆောင်ထားတဲ့ အမျိုးသားတွေဟာ လမ်းပေါ်မှာရပ်နေတယ်။ ချွေးပြန်နေတဲ့သတင်းထောက်၁၈ယောက်သူတို့ဆီပြေးလာတာမြင်တဲ့အခါ ဗီဒီယိုရိုက်ကူးခံရမှာကိုရှောင်ရှားဖို့ကြိုးစားခဲ့ပါတယ်။ သူတို့ထဲကနှစ်ယောက်က ရွာထဲ ဒုံးစိုင်းပြေးသွားကြသလို သူတို့အဖွဲ့ထဲကကျန်တဲ့သူတွေဟာ အလျင်အမြန်ထွက်သွားကြပါတယ်။
သူတို့တွေဟာရခိုင်ဗုဒ္ဓဘာသာဝင်တွေလို့ပြောကြပါတယ်။ ကျွန်တော်တို့ထဲကအဖော်တစ်ယောက်က သူတို့ထဲကတစ်ယောက်နဲ့အလျင်အမြန်စကားပြောနိုင်ခဲ့ပါတယ်။ သူတို့တွေဟာရဲအကူအညီနဲ့အိမ်တွေကိုမီးရှို့ခဲ့တာလို့ဝန်ခံခဲ့ပါတယ်။ ကျွန်တော်တို့ဝင်သွားချိန်မှာ မက်ဒရာစာ(အစ္စလာမ်စာသင်ကျောင်း)ခေါင်မိုး မီးလောင်နေတာကိုမြင်နိုင်ပါတယ်။ အာရဗီစာတွေကလည်း ပစ်ထုတ်ခံထားရသလို ပလက်စတစ်ခွက်တွေ ဓာတ်ဆီနံ့တွေ လမ်းပေါ်မှာကျန်နေခဲ့ပါတယ်။
ဒီရွာဟာဂေါ်ဒုသာယာဖြစ်ပါတယ်။ မွတ်စလင်ရွာလည်းဖြစ်ပါတယ်။ ဒေသခံတွေ တစ်ဦးတစ်ယောက်မှလည်း မရှိပါဘူး။ ရွာကိုမီးရှို့ခဲ့တဲ့ ရခိုင်အမျိုးသားတွေက ကျွန်တော်တို့ရဲ့ ရဲအစောင့်အရှောက်ကိုကျော်ပြီး ထွက်သွားနိုင်ခဲ့ပါတယ်။ တစ်ချို့တွေက သူတို့လုယက်လာခဲ့တဲ့ပစ္စည်းတွေကို သယ်ဆောင်သွားကြပါတယ်။ မီးလောင်မှုဟာ ရဲစခန်းကြီးတွေရှိတဲ့နေရာနဲ့နီးကပ်နေပေမယ့် ဘယ်သူမှ တားဆီးခဲ့ခြင်း မရှိပါဘူး။
BBC သတင်းဌာနပါ Jonathan Head ရေးသားသည့် “Rohingya crisis: Seeing through the official story in myanmar” အမည်ဖြင့်ရေးသားဖော်ပြထားသည့်သတင်းကို ညောင်နီရွက် (Myanmar Muslim Media) က မြန်မာဘာသာသို့ဆီလျှော်အောင်ပြန်ဆိုသည်။