မြန်မာရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဖေ့စ်ဘုတ်ကိုစကားလုံးတိုက်ပွဲတွေအဖြစ်အသုံးချနေ

အောက်တိုဘာ ၃၀၊ ၂၀၁၇ Myanmar Muslim Media

အမျိုးသားရေးအစွန်းရောက်ဘုန်းကြီးအရှင်ဝီရသူကို ပြီးခဲ့တဲ့နှစ်ကလူထုကြားတရားဟောကြားခွင့်ကို မြန်မာအစိုးရကပိတ်ပင်ခဲ့ပါတယ်။ သူ့ရဲ့ဟောကြားချက်တွေဟာ ကုလကလူမျိုးတုံးသုတ်သင်မှုလို့ခေါ်ဆိုထားတဲ့ နိုင်ငံတွင်းကရိုဟင်ဂျာလူမျိုးစုအပေါ်အကြမ်းဖက်မှုတွေ ဖြစ်ပေါ်စေဖို့မီးထိုးပေးနေသလိုမျိုးဖြစ်တယ်လို့ဆိုထားပါတယ်။ ဒါကြောင့်သူ့ရဲ့ပြောကြားချက်တွေကိုပုံစံပြောင်း ပိုမိုအင်အားကောင်းထိရောက်စေတဲ့ ဖေ့စ်ဘုတ်ပေါ်သို့ပြောင်းလဲခဲ့ပါတယ်။

နေ့စဉ်သူဟာပို့စ်တွေတင်ခဲ့ပြီး မကြာခဏဆိုသလို မှားယွင်းတဲ့အချက်အလက်တွေပါဝင်နေတတ်ပါတယ်။ အဲဒီမှာရိုဟင်ဂျာတွေကို ကြမ်းတမ်းရန်လိုတဲ့ပြင်ပက၀င်ရောက်လာသူတွေအဖြစ် ကြားနာသူပရိသတ်ထံဖြန့်ဝေခဲ့ပါတယ်။ ဒီလိုပို့စ်မျိုးတွေက ဖေ့စ်ဘုတ်ကို လူနည်းစုအဖွဲ့တွေပါဝင်တဲ့ပဋိပက္ခရဲ့ပြင်းထန်တဲ့သတင်းအချက်အလက်စစ်ပွဲရဲ့ဗဟိုကိုဆွဲထည့်လိုက်တာပဲဖြစ်ပါတယ်။ အမုန်းတရားပြောကြားမှုတွေကိုတားဆီးဖို့ ဖေ့စ်ဘုတ်အနေနဲ့ပိုမိုလုပ်ဆောင်သင့်တယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကဆိုပါတယ်။ ဖေ့စ်ဘုတ်ဟာသူ့ရဲ့စီးပွားရေးပေါ်မှာအာရုံစိုက်နေသလိုပဲ ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးပေါ်မှာလည်းအာရုံစိုက်ထားရမှာဖြစ်ပါတယ်။

စကြာတံဆိပ်တွေကိုတော့ဖေ့စ်ဘုတ်ကအလျင်အမြန်ဖြုတ်ချနိုင်ခဲ့ပေမယ့် မွတ်စလင်တွေဟာခွေးတွေလို့ပြောဆိုထားတဲ့ ၀ီရသူရဲ့အမုန်းတရားပြောကြားချက်တွေကိုတော့ ဖြုတ်ချခြင်းမရှိပါဘူး။ လို့လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးရဲ့အာရှပိုင်းဆိုင်ရာလက်ထောက်ဒါရိုက်တာ ဖီလ်ရောဘတ်ဆန်ကပြောကြားခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ ဖေ့စ်ဘုတ်နဲ့တစ်ခြားလူ့မှုကွန်ရက်တွေဟာ သတင်းအချက်အလက်ထုတ်ပြန်သူတွေရဲ့တာဝန်ယူမှုစွမ်းရည်နဲ့ သူတို့ရဲ့ချဲ့ကားထားတဲ့အခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံရမှုတွေရှိနေပါတယ်။ ဗြိတိန်မှာဆိုရင် ဥရောပအဖွဲ့ဝင်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး လူမှုမီဒီယာတွေပေါ်မှာသတင်းအမှားတွေပြန့်နှံ့မှုတွေကို စတင်စစ်ဆေးခဲ့ပါတယ်။၂၀၁၆သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လူမှုမီဒီယာတွေပေါ်မှာလွှမ်းမိုးဖို့ရုရှားရဲ့အားထုတ်မှုတွေရှိနေလားဆိုတာကို ဥပဒေပြုအမတ်တွေကရှာဖွေခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်းဖေ့စ်ဘုတ်ဟာလူအများအပြားအပေါ်လွှမ်းမိုးမှုရှိနေပါတယ်။ မှားယွင်းတဲ့အချက်အလက်တွေကြောင့် ဆိုဒ်တွေပေါ်မှာတင်တဲ့သတင်းတွေဟာစွဲမြဲမှုတွေဖြစ်စေသလို ရှင်းလင်းတဲ့ရိုင်းစိုင်းရန်လိုတဲ့ဘာသာစကားတွေပါပါဝင်နေပါတယ်။ ဒါဟာလူမျိုးစုခွဲခြားမှုကိုချဲ့ကားစေပြီး ရိုဟင်ဂျာလူမျိုးစုအပေါ်အကြမ်းဖက်မှုတွေကျူးလွန်စေဖို့မီးထိုးပေးနေခဲ့ပါတယ်။ ဥပမာအနေနဲ့ ရိုဟင်ဂျာတွေအပေါ်အစိုးရရဲ့ဖိနှိပ်တဲ့စစ်ဆင်ရေးစတင်ကတည်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက ရိုဟင်ဂျာတွေကိုယ့်အိမ်ကိုယ်မီးရှို့တာကိုပြသဖို့ဓာတ်ပုံတွေပါဝင်တဲ့သတင်းတွေကို သူ့ရဲ့ဖေ့စ်ဘုတ်ပေ့ခ်ျနဲ့ တွစ်တာအကောင့်ကနေ ဒါဇင်နဲ့ချီတဲ့ပို့စ်တွေကိုဝေမျှခဲ့ပါတယ်။ ဒီဓာတ်ပုံအများအပြားဟာမှန်ကန်ခြင်းမရှိပေမယ့်လည်း သူတို့ကရပ်တည်နေဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကအကောင့်တွေက ဒုက္ခသည်၆သိန်းကျော်ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးစေခဲ့တဲ့ စစ်တပ်နဲ့ အမျိုးသားရေးအစွန်းရောက်အဖွဲ့တွေရဲ့စစ်ဆင်ရေးတည်နေရာတွေကိုဖော်ပြခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းနေ့စဉ်ပို့စ်တွေဘီလီယံနဲ့ချီစီးဆင်းနေတဲ့အပေါ်မှာ မထိန်းသိမ်းနိုင်ပါဘူး။ ၂၀၁၆အမေရိကန်ရွေးကောက်ပွဲပြီးနောက် ဖေ့စ်ဘုတ်က အသုံးပြုသူတွေကို သတင်းတုတွေနဲ့မှားယွင်းတဲ့သတင်းအချက်အလက်တွေကိုသိရှိစေဖို့ လမ်းညွှန်ပြသမှုတွေပြုလုပ်ပေးခဲ့ပါတယ်။ ကုမ္ပဏီကိုယ်တိုင်က မှားယွင်းတဲ့သတင်းအချက်အလက်တွေကိုပုံမှန်ဖယ်ရှားနိုင်ခြင်းမရှိပါဘူး။ ဖေ့စ်ဘုတ်ဟာမြန်မာနိုင်ငံမှာရုံးလည်းမရှိပါဘူး။ ဒါပေမယ့်ကုမ္ပဏီဟာ မြန်မာဘာသာစကားနဲ့ပတ်သက်ပြီးဒေသခံပါတနာတွေနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောခွင့်ရအမျိုးသမီး ကလဲရာဝဲရင်းကအီးမေးလ်နဲ့ထုတ်ပြန်ချက်မှာပြောကြားထားပါတယ်။

ကုမ္ပဏီရဲ့လုပ်ကိုင်နည်းက ဖေ့စ်ဘုတ်ပေါ်မှာ ရောနှောတဲ့အမြင်တွေ အချက်အလက်တွေ နဲ့မှားယွင်းတဲ့သတင်းအချက်အလက်တွေကိုခွင့်ပြုထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေကဆိုပါတယ်။ ဒါဟာပြီးခဲ့တဲ့သုံးနှစ်တာအတွင်းမိုဘိုင်းနည်းပညာကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့တဲ့နိုင်ငံမှာ ၀ါဒဖြန့်မှုနဲ့အမှန်တရားကိုသိမြင်တဲ့သဘောထားတွေပေါ်မှာလွှမ်းမိုးမှုတွေရှိပါတယ်။ စစ်အစိုးရလက်ထက်မှာ တင်းကျပ်တဲ့ဆင်ဆာစည်းမျဉ်းတွေကနေ ဆဲလ်ဖုန်းတွေအတွက်မတတ်နိုင်တဲ့ဆင်းကတ်တွေတမင်ရည်ရွယ်ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၄ခုနှစ်မှာတင်းကျပ်မှုတွေလျော့ပါးခဲ့ပြီး မိုဘိုင်းနည်းပညာဟာကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာခဲ့ကာ ဆင်းကတ်တွေဟာလည်းတတ်နိုင်တဲ့အနေအထားကိုရောက်ရှိလာခဲ့ပါတယ်။ ဖေ့စ်ဘုတ်အသုံးပြုသူတွေဟာ ၂၀၁၄ခုနှစ်တုန်းက ၂သန်းခန့်ရှိနေရာကနေ ဒီကနေ့မှာသန်း၃၀ကျော်ကိုရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့်အသုံးပြုသူအများစုက ကျယ်ပြန့်တဲ့အင်တာနက်ကိုဘယ်လိုအသုံးပြုမရမလဲဆိုတာမသိရှိပါဘူး။

ဖေ့စ်ဘုတ်ဟာမြန်မာနိုင်ငံရဲ့အတိုင်ပင်ခံအင်တာနက်လိုမျိုးဖြစ်လာခဲ့ပါတယ်လို့ မြန်မာရဲ့ဗဟိုဦးဆောင်နည်းပညာ Phandeeyar ရဲ့တာဝန်ခံအကြီးအကဲ ဂျက်စ်ကလိုင်းဘီပက်တာဆန်က ပြောကြားခဲ့ပါတယ်။ ဒီအဖွဲ့ဟာ မြန်မာဘာသာအဖွဲ့အစည်းစာမျက်နှာတွေအတွက် ဖေ့စ်ဘုတ်ကိုကူညီပေးခဲ့တာဖြစ်ပါတယ်။ “လူတွေကသူတို့ရဲ့ပထမဆုံးစမတ်ဖုန်းကိုဝယ်တဲ့အခါ ဒါကိုကြိုတင်ထည့်သွင်းထားကြတော့တာပဲ” လို့သူကဆိုပါတယ်။ မစ္စတာပက်တာဆန်က “ပြည်တွင်းမီဒီယာနဲ့သတင်းထုတ်ပြန်မှုတွေဟာ နည်းပညာပိုင်းတွေမှာမှားယွင်းတဲ့သတင်းအချက်အလက်ကိုတိုက်ဖျက်ဖို့ကူညီပေးသင့်ပါတယ်။” လို့ပြောဆိုခဲ့ပါတယ်။ “ဒီမှာစိန်ခေါ်မှုတစ်ချို့ရှိနေဆဲဖြစ်ပါတယ်။ ဒါပေါ့မြို့ကြီးတွေနဲ့ ကျေးရွာတွေကြားအရမ်းကိုကြီးမားတဲ့ကွဲပြားခြားနားမှုတွေရှိနေပါတယ်။ ဒစ်ဂျယ်တယ်နည်းပညာအသုံးပြုသူမျိုးဆက်သစ်လက်ထက် ပညာရေးပေါ်မှာလူတွေအာရုံစိုက်ထားဖို့ တကယ်ကိုအရေးပါပါတယ်”လို့သူကပြောကြားခဲ့ပါတယ်။

အဲဒီအတောအတွင်းဖေ့စ်ဘုတ်ဟာ အမုန်းတရားစကားတွေနဲ့ ရိုဟင်ဂျာတွေအပေါ်ပြင်းထန်တဲ့အသုံးအနှုံးတွေအတွက်နေရာဖြစ်လာခဲ့ပါတယ်။ ပြီးတော့ဖေ့စ်ဘုတ်ရဲ့ဒီဇိုင်းကြောင့် ပြန်လည်ဝေမျှတဲ့ပို့စ်တွေဟာ သာမန်ပို့စ်တွေထက်လိုက်ခ်ပိုမိုရရှိပါတယ်။ မြန်မာနဲ့အင်္ဂလိပ်လိုနှစ်မျိုးအရှင်ဝီရသူရဲ့ဖေ့စ်ဘုတ်အကောင့်မှာ လူပေါင်းသိန်းနဲ့ချီဖေါ်လိုဝါတွေရှိပါတယ်။ သူ့အကောင့်မှာလူအများအမြင်မတင့်တယ်တဲ့ဗီဒီယိုတွေ ဓာတ်ပုံတွေကိုတင်ထားပါတယ်။ ရိုဟင်ဂျာတွေတိုက်ခိုက်မှုရဲ့ဗုဒ္ဓဘာသာသားကောင်တွေလို့ အရှင်ဝီရသူကဆိုထားသလို ပို့စ်တွေမှာလူနည်းစုလူမျိုးစုတွေကိုရှုတ်ချထားပြီး သူတို့တွေကိုဘင်္ဂါလီနိုင်ငံခြားသားတွေလို့ပုံဖော်ထားပါတယ်။

သူ့ပို့စ်တစ်ချို့ကိုဖေ့စ်ဘုတ်ကပယ်ရှားခဲ့ပြီး သူ့ပေ့ခ်ျကိုတင်းကျပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လက်ရှိမှာသုံးလို့ရနေဆဲဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာ အရှင်ဝီရသူက ဖေ့စ်ဘုတ်သာသူ့အကောင့်ကိုဖယ်ရှားခဲ့တယ်ဆိုရင်သူရိုးရိုးလေးပဲနောက်အကောင့်တစ်ခုဖွင့်လိုက်မယ်လို့ ဆိုထားပါတယ်။ သူ့ရဲ့ဖေ့စ်ဘုတ်ပို့စ်တွေကိုမကြိုက်တဲ့ဘယ်သူမဆို သူ့ကိုတရားစွဲနိုင်တယ်လို့ဆိုထားပါတယ်။ အစိုးရပိုင်းနဲ့စစ်တပ်ဖေ့စ်ဘုတ်အကောင့်တွေကလည်း မှားယွင်းတဲ့သတင်းအချက်အလက်တွေကိုဖော်ပြပါတယ်။ ဥပမာအနေနဲ့ ရိုဟင်ဂျာတွေဟာရခိုင်ပြည်နယ်မှာမျိုးရိုးစဉ်ဆက်နေထိုင်လာခဲ့ပေမယ့် လူမျိုးစုအဖွဲ့ဖြစ်ပြီး နိုင်ငံသားအခွင့်အရေးရရှိဖို့ထိုက်တန်တယ်ဆိုတာကို ငြင်းဆိုထားပါတယ်။

ရိုဟင်ဂျာတွေကိုဖိနှိပ်တဲ့စစ်ဆင်ရေးကိုဆောင်ရွက်ခဲ့တဲ့မြန်မာစစ်တပ်ရဲ့အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့အကောင့်မှာ ဖေ့စ်ဘုတ်အသုံးပြုသူ၁.၃သန်းခန့်ရှိပါတယ်။ စက်တင်ဘာကပို့စ်တစ်ခုမှာ ဒီစစ်ဆင်ရေးဟာ ရိုဟင်ဂျာသောင်းကျန်းသူအဖွဲ့က သြဂုတ်၂၅ရက်နေ့မှာနယ်စပ်စခန်းတွေကိုတိုက်ခိုက်မှုပြီးနောက် ရခိုင်ပြည်နယ်ထဲကအစွန်းရောက်ဘင်္ဂါလီတွေ ခြေကုပ်ယူဖို့စခန်းတည်ဆောက်နေတာကိုတုံ့ပြန်မှုဖြစ်တယ်ဆိုတာကိုဖော်ပြထားပါတယ်။ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေကလည်း ဖေ့စ်ဘုတ်အသုံးပြုကြပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုမှတ်တမ်းရယူကြပြီး မကြာခဏဆိုသလိုသက်သေအဖြစ် လူအများကြည့်ဖို့မသင့်တော်တဲ့ပုံရိပ်တွေ ဗီဒီယိုတွေကိုဖော်ထုတ်ပြသကြပါတယ်။ တစ်ခါတစ်လေဖေ့စ်ဘုတ်ကုမ္ပဏီကဒါတွေကိုပြန်လည်ဖြုတ်ချပစ်ခဲ့ပါတယ်။

“အကြမ်းဖက်မှုကိုဂုဏ်ယူသလိုမျိုးပြန်လည်ဝေမျှတဲ့အခါ ကုမ္ပဏီကဒီပို့စ်တွေကိုဖယ်ရှားပစ်ခဲ့တယ်”လို့ ဖေ့စ်ဘုတ်ပြောခွင့်ရအမျိုးသမီး မစ္စ၀ဲရင်းကဆိုပါတယ်။ ဒီပို့စ်တွေဟာ သတင်းတင်ပြဖို့ထိုက်တန်တယ်။ ဒါမှမဟုတ်လူထုကိုအကျိုးရှိစေတယ်လို့ယူဆရင် ကုမ္ပဏီရဲ့လုပ်ထုံးလုပ်နည်းနဲ့ဆန့်ကျင်နေရင်တေင် ခွင့်ပြုထားတယ်လို့ဆိုပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအာရှလေ့လာသုံးသပ်သူ ရစ်ချက်ဝီရ်က ဒီအခြေအနေဟာရှုတ်ထွေးတယ်လို့ဆိုပါတယ်။ “တင်းမာမှုကိုမီးထိုးပေးဖို့ကြိုးစားနေတဲ့သူတွေနဲ့ သတင်းအချက်အလက်တွေဖြန့်ဝေပေးဖို့ကြိုးစားနေသူတွေကြား ညီမျှခြင်းအချိုးကျနေပါတယ်။ ဒီစည်းမျဉ်းကိုဘယ်ထိဆွဲမလဲဆိုတာခက်ခဲပါတယ်။” လို့မစ္စတာဝီရ်ကဆိုပါတယ်။

တစ်ချို့လူမှုမီဒီယာမှာစကားပြောဆိုချက်တွေဟာ လူမသိသူမသိအနေအထားမှာရှိနေပါတယ်။ ဥပမာအနေနဲ့ ဒီနှစ်စက်တင်ဘာ၁၁ရက်နေ့မတိုင်ခင် ဖေ့စ်ဘုတ်မက်ဆင်ဂျာကနေ ရိုဟင်ဂျာတွေဟာဗုဒ္ဓဘာသာဝင်တွေကိုတိုက်ခိုက်မယ်လို့မှားယွင်းတဲ့သတိပေးမှုဖြစ်ခဲ့ပါတယ်။ အဲဒီပေးပို့တဲ့စာထဲမှာလူတွေကိုပြန်လည်ဝေမျှသွားဖို့တိုက်တွန်းထားပါတယ်။ “အဲဒါနဲ့ပတ်သက်ပြီးထိတ်လန့်မိခဲ့တယ်”လို့ ဒီစာကိုရရှိခဲ့တဲ့မန္တလေးကကျောင်းဆရာတစ်ဦးဖြစ်သူ ဦးတင်ဝင်းကဆိုပါတယ်။ “ဒီမက်ဆေ့ကိုဘယ်သူစပို့ခဲ့လဲဆိုတာကျွန်တော်မသိဘူး။ ဒါပေမယ့်အဲဒီနေ့ကကျွန်တော့်မိသားစုကိုအပြင်မထွက်ဖို့ပြောခဲ့ရတယ်”လို့သူကဆိုပါတယ်။ “မြန်မာနိုင်ငံကလူတွေဟာ သတင်းအချက်အလက်တွေအတွက် လူမှုမီဒီယာတွေမှာသာမှီခိုနေကြတယ်”လို့ မစ္စတာဝီရ်ကဆိုပါတယ်။

“အစိုးရကသူ့ရဲ့ကိုယ်ပိုင်အမြင်တွေကိုရှင်းချက်ထုတ်နိုင်သလို ထပ်ခါထပ်ခါဝေမျှပေးသွားနိုင်ပါတယ်။ ရခိုင်ပြည်နယ်ကလူတွေနဲ့ပတ်သက်ပြီးအမြင်တွေ လူမျိုးစုရဲ့မူလဇာတိနဲ့ပတ်သက်တာ ပြီးတော့ဖေ့စ်ဘုတ်တစ်ခွင် ဖြစ်တာကော မဖြစ်တဲ့အရာတွေနဲ့ပတ်သက်ပြီး ပြောရရင် ဖေ့စ်ဘုတ်ဟာအရမ်းကိုပဲလျင်လျင်မြန်မြန် မတည်ငြိမ်တဲ့အခြေအနေတွေကိုဖန်တီးပေးနိုင်တယ်”လို့ သူကပြောကြားခဲ့ပါတယ်။

New York Times သတင်းဌာနပါ Megan Specia နဲ့ Paul Mozur ရေးသားသည့် “A War of words Puts Facebook at the Center of Myanmar’s Rohingya Crisis”အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက် (Myanmar Muslim Media)က မြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။