လှေစီးဒုက္ခသည်များကို ပစ်ခတ်ရှင်းလင်းရန် လွှတ်တော်တင်သွင်းနေစဉ်အတွင်း တရုတ်စစ်တပ်က မြန်မာနယ်စပ်တွင် ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုစတင်

 

လှေစီးဒုက္ခသည်များကို ပစ်ခတ်ရှင်းလင်းရန် လွှတ်တော်တင်သွင်းနေစဉ်လှေစီးပြေးဒုက္ခသည်များအား ပစ်ခတ်ရှင်းလင်းရန် လွှတ်တော်အမတ် ဦးလှဆွေ(ဘူးလက်လှဆွေ)က ဇွန်လ ၂ ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့ အရေးကြီးအဆိုတင်သွင်းခဲ့သည်။ ထိုနေ့မှာပင် မြန်မာ-တရုပ်နယ်စပ် ယူနန်ပြည်နယ်တွင် တရုတ်စစ်တပ်က ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုစတင်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

ဖိနှိပ်ခံ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်များအရေးတွင် အစိုးရက ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းလိုကြောင်း၊ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးများဖြစ်သော အမေရိကန်၊ အိန္ဒိယတို့တွင် ကျင့်သုံးသကဲ့သို့ ပစ်ခတ်ရှင်းလင်းမည်ဆိုပါက ခိုးဝင်လာသူများအရေး စိတ်အေးရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက မြန်မာပြည်၌ အနေကြာပြီး နောင်အခါ လွှတ်တော်ထဲ၌ အမျိုးသမီးများ ခေါင်းမြီးမခြုံလျှင် ကြိမ်ဒဏ်ပေးရန်အထိ ဥပဒေတင်သွင်းလာမည်ကို စိုးရိမ်ရကြောင်း စသဖြင့် ဘူးလက်လှဆွေက လွှတ်တော်တွင် ပြောဆိုသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်နှင့် ၂၇ ရက်တို့တွင် ရန်ကုန်မြို့၌ အမျိုးသားရေးအစွန်းရောက် အဖွဲ့များဦးစီးကျင်းပသော လှေစီးဒုက္ခသည် ဆန့်ကျင်ဆန္ဒပြပွဲတွင် PDP ပါတီဥက္ကဋ္ဌ နေမျိုးဝေက လှေစီးဒုက္ခသည်များကို ပစ်သတ်ရန် လူသိရှင်ကြားပြောဆိုခဲ့ပြီးနောက် ဘူးလက်လှဆွေက အဆိုပါစကားရပ်ကို ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်၌ အဆိုတင်သွင်းစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

အရှေ့မျှော်ဝါဒ အားကောင်းခဲ့သော မြန်မာနိုင်ငံတွင် အနောက်ဘက်ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာလူမျိုးတို့အား အမျိုးမျိုးဖိနှိပ်ခဲ့သော်လည်း ကိုးကန့်အရေးနှင့်ပတ်သက်ပြီး ဆွေမျိုးပေါက်ဖော်တရုတ်နိုင်ငံ၏ ဇွန်လ ၂ရက်နေ့က ပြုလုပ်သော အင်အားသုံး စစ်ရေးလေ့ကျင့်ခြိမ်းခြောက်မှုကို ခံရသည်။
သို့သော် ထိုသို့ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာစစ်တပ်ကို စိန်ခေါ်ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် မမှတ်ယူပါကြောင်း က နေ့တွင် ပြောဆိုထားသည်။

တရုတ်-မြန်မာ နယ်စပ် တရုတ်ဘက်ခြမ်း ချန်ဒူး စစ်ဒေသတွင် မြေပြင်နှင့် ဝေဟင်တပ်များပူးပေါင်းကာ ကျည်အစစ်များသုံး၍ စစ်ရေးလေ့ကျင့်မှုသည် မိမိတို့ ပြည်သူ လူထု အသက် အိုးအိမ် စည်းစိမ် လုံခြုံရေး ထိန်းသိမ်း နိုင်ရန် အတွက် လေ့ကျင့်မှု ဖြစ်ကြောင်း ချန်ဒူး စစ်ဌာန စစ်ဆင်ရေး ဌာနခွဲ ဗိုလ်မှူးကြီး ထမ်ကျီပင်း ( Tang Jibing)က ဆိုသည်။

ပြီးခဲ့သည့် တပ်မတော်နှင့် ကိုးကန့်စစ်ပွဲများအတွင်း တရုတ်ပြည်ဘက်သို့ လက်နက်ကြီးကျည်များ ကျရောက်ထိမှန်ခဲ့ပြီးနောက်ပိုင်း တရုတ်စစ်တပ်က ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြစ်သည်။

Ref : Irrawaddy News / BBC Burmese