ဆော်ဒီလက်ခံထားသည့် ဆီးရီးယား ဒုက္ခသည် ၂.၅ သန်းရှိ

 

ဆော်ဒီလက်ခံထားသည့် ဆီးရီးယား ဒုက္ခသည် ၂.၅ သန်းရှိဆီးရီးယားပဋိပက္ခဖြစ်ပွားသည့် ၂၀၁၁ ခုနှစ်မှစပြီး ကူညီလက်ခံပေးထားသည့် ဒုက္ခသည် ၂.၅ သန်းရှိပြီဖြစ်ကြောင်း ဆော်ဒီအာဏာပိုင်တို့က အတည်ပြုပြောကြားသည်။

၎င်းတို့ကို ဒုက္ခသည်များအဖြစ် မသတ်မှတ်ဘဲ နိုင်ငံအတွင်း လွတ်လပ်စွာ ၀င်ထွက်သွားလာခွင့်ပေးထားကြောင်း သောကြာနေ့က ထုတ်ပြန်သော နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဆီးရီးယားဒုက္ခသည်များကို နေထိုင်ခွင့်ပါမစ်ထုတ်ပေးထားပြီး ကျမ်းမာရေးအခမဲ့ဝန်ဆောင်မှုများ ပေးထားကြောင်း၊ အလုပ်ကိုင်ရှာဖွေခွင့်နှင့် ကျောင်းများ၊ တက္ကသိုလ်များတွင် ပညာဆည်းပူးခွင့်ကိုပါထားကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

၂၀၁၂ ခုနှစ်မှစတင်ပြီး ဆီးရီးယားကလေးငယ်များအတွက် ကျောင်းများဖွင့်လှစ်ပေးပြီး ကျောင်းသား တစ်သိန်းကျော်အထိ လက်ခံပေးပြီးဖြစ်ကြောင်း အစိုးရစာရင်းအင်းများအရ သိရှိရသည်။

ထို့အပြင် ဒုက္ခသည်စခန်းအတွင်းအပြင် နှစ်ခုလုံးက ဆီးရီးယားဒုက္ခသည်များအား ဆော်ဒီက ဒေါ်လာ သန်း ၇၀၀ ခန့် ထောက်ပံ့ကူညီခဲ့ပြီးဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

ဒုက္ခသည်အရေးပြဿနာနှင့် ရင်ဆိုင်နေရသော ဥရောပနိုင်ငံများနှင့် ကမ္ဘာကြီးက တိုးပွားလာသည့် ဆီးရီးယားဒုက္ခသည်အရေးကို ဒေသတွင်း ပင်လယ်ကွေ့နိုင်ငံများက ပိုမိုတာဝန်ယူဆောင်ရွက်ရန် တိုက်တွန်းချက်များထွက်ပေါ်လာပြီးနောက် ဆော်ဒီက ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Source : Saudi Press Agency
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)