အစ္စလာမ် ကုရ်ဘာနီ အနှစ်သာရ

ကျမ်းစာတွေမှာ ကုရ်ဘာနီ အီးဒ် ဓမ္မသဘင်ကို အီးဒ်ဒွလ်အဿ……ွဟာ လို့ခေါ်ပါတယ်။
ဒါ စွန့်လွှတ်ခြင်း။ ကုရ်ဘာနီဆိုတဲ့အဓိပ္ပါယ်ကလည်း စွန့်လွှတ်ခြင်းပဲ။
အင်္ဂလိပ်လို sacrifice ဆိုတာမှာ ၂မျိုးရှိတယ်။ sacrifice ဆိုတာက ယဇ်ပူဇော်ခြင်း ဆိုတဲ့ အဓိပ္ပါယ်လည်း ရတယ်။ နောက်တစ်မျိုးက အမှန်တရားအတွက် မိမိရဲ့ကိုယ်ကျိုးကို စွန့်လွှတ်ခြင်းကိုလည်း Scrific လို့ခေါ်ပါတယ်။ အဲ့ဒီတော့ ဒီနေရာမှာ ကု၇်ဘာနီဆိုတာက စွန့်လွှတ်ခြင်း။ အမှန်တရားအတွက် မိမိဘက်က မြတ်နိုးတဲ့ကိစ္စ တစ်ခုကို စွန့်လွှတ်လိုက်တာ။ အဲ့တော့ ဒီ ဓမ္မသဘင်ဟာ ဟာဂ်ျရဲ့ ကျင့်စဉ်တွေနဲ့ ဆက်နွယ်နေတယ်။ ဒီနေ့ဟာဂျီတွေဟာ ဆိုလို့ရှိရင် အာရဖသ် ဆိုတဲ့ ကွင်းပြင်ကျယ်ထဲကို ရောက်နေတယ်။
အာရာဖသ်ရဲ့ တိုက်ရိုက် အဓိပ္ပါယ်က ပရမတ် ဥာဏ်စဉ်များထွန်းတောက်ရမည့် ကွင်းပြင် ဆိုတဲ့ အဓိပ္ပါယ်။ အရဖ ဆိုတာသိခြင်း ဥာဏ်ဆိုတဲ့ စကားကနေ ဆင်းသက်လာတယ်။ အဲ့တော့ ဒီဟာဂျီတွေဟာ ပိတ်ဖြူစ နှစ်ခုကို ၀တ်ထားတယ်။ လူဝတ်ကြောင်တွေကို ချွတ်၊ချုပ်ရိုးမပါတဲ့ ပိတ်ဖြူစနှစ်ခုနဲ့ မိမိအတ္တကို ခဝါချထားရတဲ့ သူတွေဖြစ်တယ်။ တမန်တော်မြတ်ရဲ့ မိန့်ခွန်းတော်မှာ မသေမှီ သေကြည့်ကြတဲ့။ သေခြင်းတရား အနိစ္စ ဆိုတာ အားလုံးကြုံရမယ်။ အဲ့ဒီ သင်္ခါရမကြုံခင်မှာ မိမိရဲ့ မမြဲတဲ့ အတ္တတွေ မာန်မာနတွေကို ခဝါချပြီး ခိုင်းတဲ့ကျင့်စဉ်။ အဲ့တာတွေကအကုန် ဆက်နွယ်နေတယ်။
အဲ့တော့ ဟာဂ်ျမသွားကြတဲ့ ပုဂ္ဂိုဟ်တွေက အီးဒ်ဒွတ် အဿွာဟာဆိုတဲ့ ဓမ္မသဘင် ဆင်နွှဲရတယ်။ အဓိက က ဘာလဲဆိုရင် အစ္စလာမ်ဆိုတဲ့ ငြိမ်းချမ်းရေး ထွန်းတောက်စေရေး အတွက် ။ ငြိမ်းချမ်းရေး ဘယ်အချိန်မှာ ရမလဲဆိုရင် အပ်ဆလာမ် ဆိုတာ နာခံခြင်းမှ သည် ငြိမ်းချမ်းခြင်း ။ မိမိအတ္တကိုခဝါချလိုက်တာ။ အမှန်တရားနဲ့ ကိုယ့်အလိုယှဉ်လာရင် ကိုယ့်အလိုကို ခဝါချခြင်း။အဲ့တော့ အမှန်တကယ်နှလုံးသားမှာလည်း ငြိမ်းချမ်းရေး ဖြစ်ဖို့၊ ပတ်ဝန်းကျင်မှာလည်း ငြိမ်းချမ်းရေး ဖြစ်ဖို့၊အဲ့ဒီငြိမ်းချမ်းရေး ထွန်းတောက်စေရေးအတွက် ကျင့်ရတဲ့ကျင့်စဉ်ဖြစ်တယ်။
အချိန်မရှိလို့ လိုရင်းတိုရှင်းပြောနေတာ။ ဒီစွန့်ခြင်း အမှုကိုပြုပြီးတဲ့အခါမှာ အီဗရာဟီ်းမ် မဟာလူသားပုဂ္ဂိုဟ် ထူးကြီးကို ကျမ်းမြတ်ကုရ်အာန်မှာ ဆလားမွန်း အလာ အိဗရာဟီးမ်( အီဗရာဟီးမ် ကိုယ်တော်၏ အပေါ်မှာ သန္တိသုခမင်္ဂလာ ငြိမ်းချမ်းမှု ကျရောက်ပါစေ) ။အဲ့တော့ ဒီကျင့်စဉ်ဟာ ဘာဖြစ်ရမလဲဆိုတော့ အငြိမ်းဓါတ်ဖြစ်ရမယ်။လက်တွေ့ အကောင်အထည်ဖော်တဲ့ အခါကျတော့ မေတ္တာရဲ့ အားပြိုင်မှု ။ မိမိရဲ့ ရင်ကဖြစ်တဲ့သား ချစ်ရမှာပဲ။ သားစွန့် မယားစွန့်ပြီး တရားကျင့်ဖို့ အစ္စလာမ်မှာ မရှိဘူး။ သားမယားကို တာဝန်ကျေပွန်စွာ စောင့်ရှောက်ခြင်းသည် ကုသိုလ် လို့ပြောထားတာ။ သို့သော် တချိန် ကြုံလာလိမ့်မယ်။ အမှန်တရားနဲ့ ကိုယ်ကျိုးစီးပွား ၊ အလ္လဟ်အလိုတော်နဲ့ မိမိအလိုတော် ထိပ်တိုက်တွေ့လာပြီဆိုရင် ဘယ်သူ့ကို ဦးစားပေးရမယ်ဆိုတဲ့ စိတ်ဓါတ်လေး ပေါ်ထွန်းလာစေရန် အတွက် ဒီကျင့်စဉ်ကို ကျင့်ခိုင်းတယ်။
အဲ့တော့ လောကီကို ကိုယ်စားပြုတဲ့ မိမိရင်ကဖြစ်သောသားကို ချစ်ခြင်းမေတ္တာ၊ အလ္လဟ်အမိန့်ဆိုတဲ့ လောကုတ္တရာ မေတ္တာ ၊မေတ္တာနှစ်ခုရဲ့ အားပြိုင်မှု ။ အဲ့ဒီပွဲ ။အဲ့ဒီအားပြိုင်ပွဲမှာ လောကုတ္တရာ မေတ္တာအတွက်ကို သက်ဆိုင်ရာ ကာယကံရှင်တွေက ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်တယ်။ အစတေးခံရမဲ့ သားတော်ကလည်း ဒါအမှန်တရား အတွက်ဆိုလျှင် စွန့်လွှတ်ဖို့အသင့်ပဲ။ ရင်နှင့်လွယ်ပြီးမွေးထားတဲ့အမေကလည်း ဒီစွန့်လွှတ်မှုကို ပါရမီ ၀င် ဖြည့်တယ်။ ဒါကြောင့်မီနာမှာ ကျောက်တိုင်ကြီးတွေကို ခဲပေါက်တယ်ဆိုတာ အဲ့တာပဲ။ စွန့်ခြင်းအမှုကို လာ ဖျက်တဲ့သူကတော့ မာန်နတ်ပဲ။ ဒီကျင့်စဉ်ကိုဖျက်တဲ့ သူကလေ။ အဖျက်အင်အားစု ကို ကိုယ်စားပြုထားတဲ့ အဓမ္မဝါဒီတွေပဲ။ အဓမ္မ၀ါဒီ ဆိုတာက ဒီကျင့်စဉ် ကိုဖျက်တဲ့သူတွေပဲ။ အဲ့တော့ ဒီကျင့်စဉ်က ဘာလဲဆိုလို့ရှိရင် စွန့်ခြင်းအမှုကို ပြုဖို့ကြံစည်နေကြတဲ့ သူတော်စဉ် မိသားစုကို မာန်နတ်ဆိုတဲ့အဖျက်အင်အားစုက နှောက်ယှက်တယ်။ နောက်တော့ သူတို့ကျဆုံးသွားတယ်။သူတို့ကျဆုံးသွားတဲ့အတွက် မာန်နတ်ကို ကိုယ်စားပြုထားတဲ့ အဲ့ဒီကျောက်တိုင်ကြီးတွေကို ခဲ နဲ့ပေါက်ကြတယ်ပေါ့လေ။
ဆိုလိုတာကတော့ အဲ့ဒီကျောက်တိုင်ကြီးတွေက မာန်နတ် တွေမဟုတ်ပါဘူး ။မိမိ အဇ္ဈတ္တ နှလုံးသားထဲမှာရှိတဲ့ အဖျက်အင်အားစုတွေကိုလည်း ဖယ်ရှားပစ်ဖို့အတ္တကို ခဝါချဖို့ဆိုတဲ့ သဘောပါ။ ဒီကျင့်စဉ်က အဲ့လိုသဘောရှိပေမဲ့ တစ်ချိန်ထဲမှာ ဘာပါသေးလဲဆိုတော့ သားကောင် ကိုလှီးဖြတ်ရတာပါတယ်။ သားကောင်ကိုလှီးဖြတ်ရခြင်း ကဏ္ဍမှာဘာပါလဲဆိုတော့ မိမိရဲ့ အဇ္ဈတ္တ သဏ္ဍာန်အတွင်းမှာ တိရိစ္ဆာန်ဗီဇလည်း ရှိတယ်။ စားမယ် အိပ်မယ် မေထုံမှီဝဲမယ် ဆိုတဲ့ တိရီစ္ဆာန်ဗီဇ ကိုလှီးဖြတ်ရခြင်း ဖြစ်၏။ အဲ့တော့ မိမိဟာ ဒီသားကောင်ကိုလှူတန်းဖို့အတွက် ကိုယ်လည်းစား၇မယ် မရှိဆင်းရဲသားတွေကိုလည်းကျွေးရမယ်။ ဒါအလှူ ။ အလှူ လုပ်ဖို့အတွက် သားကောင်ကိုလှိး ဖြတ်တဲ့အခါမှာ မိမိ ကိုယ်ထဲမှာ ရှိတဲ့ ကာမဂုဏ် အာရုံ ကို ကိုယ်စားပြုတဲ့ နဖ်စ်စေ့အမ္မရာ တိရိစ္ဆာန်စိတ်ကိုလည်း လှီးဖြတ်ပစ်လိုက်ရမယ်။
ဒီကျင့်စဉ်ဟာဆိုလျှင် အင်မတန်မြတ်သော ကျင့်စဉ်ဖြစ်တယ်။ ဒီကျင့်စဉ်ကိုလက်တွေ့ အကောင်အထည်ဖော်တဲ့ အခါမှာ သားကောင်များကို လှူတန်းဖို့အတွက် လှီးဖြတ်ရတာရှိတယ်။ ဒီမှာ ဟလာလ်ဆိုတဲ့စကားလေး ပြောချင်တယ်။ ဟလာလ်ဆိုတာ တရားတော်အရခွင့်ပြုတာ။ ဘယ်အရာမှာမဆို လုပ်ပိုင်ခွင့်ရှိတဲ့ဟာကို ဟလာလ်လို့ သုံးတယ်။ လုပ်ပိုင်ခွင့် မရှိတာကို ဟရာမ်လို့ခေါ်တယ်။ သို့သော် ဘာသာရေးဝေါဟာရမှာ ဟလာလ်ဆိုသည်မှာ အစ္စလာမ်များ စားသုံးပိုင်ခွင့် ရှိသော အစားအသောက်များလို့ ယေဘုယျ နားလည်ကြတယ်။
ဒါလည်း တစိတ်တပိုင်း မှန်တယ်။ စားသုံးပိုင်ခွင့် ရှိသော အစားအသောက်များကို အသီးအရွက်များလည်း ပါတယ်။ သားငါးများလည်း ပါတယ်။ အဲ့ထဲမှာ ခြေလေးချောင်း သတ္တ၀ါများ ထဲမှာ အစုံစား သတ္တ၀ါ၊ အသားစားတဲ့ သတ္တ၀ါ၊ အသီးအရွက်စားတဲ့ သတ္တ၀ါဆို သုံးမျိုးရှိတယ်။
အသီးအရွက်များကို စားတဲ့ သတ္တ၀ါများကိုသာ စားခွင့် ပေးထားတယ်။ အချို့သော ခြေလေးချောင်းဖြစ်ပေမဲ့လည်း စားခွင့်ပေးမထားဘူး။ ဒါအခြား ဘာသာတွေမှာလည်း ရှိပါတယ်။ ဗုဒ္ဓဘာသာမှာ ရဟန်းသံဃာများ ဆင်သား၊မြင်းသား၊ကျားသား မစားရဘူး။ အဲ့ဒီလို အစာအဟာရနဲ့ ပတ်သက်ပြီး တားမြစ်ချက်ကလေးတွေ ရှိတယ်။
အဲ့တော့ စားသုံးခွင့်ရှိတဲ့ သတ္တ၀ါများကိုလည်း နာကျင်မှု အနည်းဆုံးနဲ့ အမြန်ဆုံး အသက် ထွက်တဲ့နည်းကို သုံးပြီး သတ်တာကို ဇဗီးဟဟ် ဇဗဟ်လုပ်တယ်လို့ခေါ်တယ်။ ဟလာလ် လုပ်တယ်လို့မခေါ်ဘူး။ အဲ့ဒီ ဇဗီးဟာ လုပ်တဲ့နည်းသည် တိရီစ္ဆာန်ရဲ့ ခန္ဓာကိုယ်ထဲက သွေးကို ထုတ်ပစ်တဲ့အခါ နာကျင်မှု အနည်းဆုံး နဲ့ အမြန်ဆုံး ဇီဝိန်ချုပ်ငြိမ်းဖို့ဖြစ်တယ် ။ သွေးမစားရဘူးဆိုတဲ့ ပညတ်ချက်က အစ္စလာမ် ဘာသာဝင်တွေတင် မဟုတ်ဘူး။ ဂျူးများမှာ လည်းရှိတယ်။တချို့ ခရစ်ယာန်များမှာလည်းရှိတယ်။
တချို့ ကျန်းမာရေးလိုက်စားကြတဲ့ ဘာသာရေး လက်မခံတဲ့ လက်တွေ့သမားတွေလည်း သွေးမစားကြဘူး။ သွေးဟာ လူ့အတွက် ရုပ်ပိုင်းဆိုင်ရာအရ ဆို ရောဂါပိုးမွှားကို အဓိက ဖြစ်စေတဲ့အတွက် ။ အဲ့ဒီသွေးလည်း များများထွက် မယ် သတ္တ၀ါလည်း နာကျင်မှုမရှိဘူး။ လည်ပင်းက နဗ်ကြောကိုဖြတ်လိုက်တာနဲ့ နာကျင်မှုကို သတင်းပို့တဲ့ အရာက ချက်ချင်းရပ်သွားတယ်။ စားသုံးခွင့်ရှိတဲ့ သတ္တ၀ါကို လှူဒါန်းတဲ့အနေနဲ့ လုပ်တဲ့အတွက် သတ္တ၀ါကိုမကြငင်နာရဘူးမဟုတ်ဘူး။ တမန်တော်မြတ်ကြီးရဲ့ သြ၀ါဒတော် ကျမ်းတော်မြတ်ကုရ်အာန်ရဲ့အချက်အလက်တွေ ကြည့်ရင်တိရိစ္ဆာာန်အခွင့်အရေး ဆိုပြီးကျမ်းကြီးတစ်စောင်ရေးလို့ရတယ်။
အစ္စလာမ်ရဲ့လု့အခွင့်အရေးဆိုတာရေးလို့ ရတဲ့အပြင် တိရိစ္ဆာန်အခွင့်အရေး ဆိုတာကိုပါရေးလို့ရတယ်။ အထူးသဖြင့် ဒီကျွဲနွားများကို တံဆိပ်ခတ်တာတို့ မတန်တဆ ခိုင်းစေတာတို့ ရိုက်နှက်ပြီးတော့ ခိုင်းစေတာတို့ ။လယ်ယာကျွန်းကိုင်းမှာ အသုံးချရတယ်ဆိုတာ မှန်တယ်။ သို့သော်လည်း ခိုင်းစေတဲ့ နေရာမှာတောင်မှ မတရားဝန်တွေ ထမ်းခိုင်းတာ
ဒါတွေကို ဒီအစ္စလာမ်က လုံးဝ သနားကြင်နာမှုနဲ့ ယှဉ်ပြီးတော့ ပညတ်ချက်တွေ ပြုလုပ်ထားတာတွေ ရှိတယ်။
ဒီတော့ သတ္တ၀ါကိုကြင်နာဖို့ ဆိုတာ နှံပြည်စုတ်တစ်ကောင်ကိုတောင် အကြောာင်းမဲ့သတ်လို့ရှိရင် တရားစီရင်မဲ့နေ့မှာ အပြစ်ပေးခံ၇မယ်။ ဒါကြောင့်မို့ အစ္စလာမ်ဟာ အသက်တစ်ချောင်းကို အကြောင်းမဲ့သတ်ခြင်းသည် ရှိသမျှ အသက်ကိုသတ်ခြင်း နဲ့ တူတယ်လို့ဆိုတယ်။ အသက်တစ်ချောင်းကို ကယ်တင်ခြင်းသည် ရှိသမျှ အသက်ကို ကယ်တင်ခြင်း ဖြစ်သည်။ အဲ့မှာ အသက်တစ်ချောင်းဆိုတာမှာ အများစုကတော့ လူ့အသက်ကို ပြောတယ်. သို့သော် နဖ်စ်ဆိုတာကိုသုံးထားတဲ့တွက် မည်သည့်သတ္တ၀ါရဲ့ အသက်မဆို အကြုံးဝင်ပါတယ် လို့ အချို့သောပညာရှင်တွေက ပြောပါတယ်။
အဲ့တော့အကြောင်းမဲ့သတ်လို့မရပါဘူး။ အကြောင်းရှိပြီဆိုရင် ဥပမာ နွားရူးရောဂါတွေဖြစ်တုန်းက နွားအကောင်းတွေ သူတို့ရောဂါတွေကူးစက်ရင် လူတွေသေတော့မယ်။ အဲ့တော့ဘာလုပ်ရလဲဆိုတော့ နွားတွေကိုသတ်ပစ်ရတယ်။ ဘာအတွက်လဲ လူ့အသက်ကို ကယ်ဖို့ ။ နွားတွေအများကြီး သတ်ခဲ့ရတယ်။
အဲ့ဒီလိုပဲ အသက်သတ်ခြင်းသည် အကုသိုလ်ကံ ဖြစ်ဖို့အတွက် စေတနာ ပြဌာန်းမှုက အဓိက ။ သတ်တော့သတ်နေရမယ်။ သေအောင်ကိုသတ်နေရမယ်။ သို့သော်လည်း ဘာကြောင့်လဲ ။
အဲ့ဒီ ကံ၏ပြဌာန်းမှုသည် စေတနာပေါ်မှာမူတည်တယ်။ အစ္စလာမ်မှာ ဒါ ကို အင်နမလ်အအ်မားလု ဘင့်နိယာသ်လို့ ဆိုတယ်။ မိမိစေတနာပြဌာန်းမှုအပေါ်မှာ လုပ်ရပ်က ပုံပေါ်ပါတယ်။ အခုဒီမှာ လှူဒါန်ဒမှုဆိုတာ မိမိ နှလုံးသားထဲမှာ ကိလေသာ ကုန်အောင်ဆေးကြောခြင်းနဲ့ အမှန်တရားအတွက် အရာရာကိုစွန့်လွှတ်နိုင်တယ်ဆိုတဲ့ စိတ်ဓါတလေးနဲ့ လုပ်တဲ့အတွက်ကြောင့် ကျင့်စဉ်ဟာ အင်မတန်မြတ်သော ကျင့်စဉ်ဖြစ်တယ်။ နှလုံးသားမှာ ငြိမ်းချမ်းရေးထွန်းတောက်ဖို့ အတွက်လုပ်ရတဲ့ကျင့်စဉ်ဖြစ်ပါတယ်။