ရဲတွေအားလုံးကိုပိုင်တဲ့ ပြည်ထဲရေးဝန်ကြီးဟာ မဘသ ဆရာတော်ရဲ့ ဒကာအရင်းပဲလို့ ပွင့်ပွင့်လင်းလင်းမိန့်ကြားလိုက်တဲ့ မြစေတီဆရာတော်

ဟိန်းအောင်
Myanmar Muslim Media
အောက်တိုဘာ ၂၉ ၊ ၂၀၁၇

ပြည်ထဲရေးဝန်ကြီးလုပ်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ဟာကရင်ပြည်နယ် မဘသ ဥက္ကဌနဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်းအဖွဲ့(ဗဟို)ဒုတိယဥက္ကဋ္ဌဇွဲကပင်ဆရာတော်ကြီးရဲ့တကာအရင်းဖြစ်တာကြောင့် မဘသ အမည်တပ်ဆိုင်းဘုတ်တွေကိုမဖြုတ်တာဖြစ်တယ်လို့ မြစေတီဆရာတော်ကကရင်ပြည်နယ်မဘသ၄နှစ်ပြည့်အခမ်းအနားမှာပြောကြားခဲ့တာဖြစ်ပါတယ်။

“သံဃာတွေလည်းမှတ်ထား ရဲတွေနဲ့တွေ့လို့ရှိရင်မင်းတို့ရဲ့ ၀န်ကြီးဟာ ဒို့ဇွဲကပင်ဆရာတော်ရဲ့ တပည့်အရင်း ဘာတော်သလဲ ဘာတော်သလဲ ဆရာဒကာ ဆရာဒကာ ဒို့ဆရာရဲ့ တကာအရင်းပဲလို့ ပြောလိုက် မကောင်းဘူးလား အခုတော့စောစောကမသိလို့ ၂၅ ရက်နေ့ဆိုင်းဘုတ်ဖြုတ်ပေးရမယ်ဆိုတော့ ဘုန်းကြီးတို့နည်းနည်းလှုပ်ရှားလို်က်ရတယ်။ဒီလိုမှန်းသိဘယ်လှုပ်ရှားမလဲ ဘုန်းကြီးတစ်ခွန်းပြောလိုက်ရင် မပြီးသွားဘူးလား”လို့ လိုအပ်ရင်မွတ်စလင်မ်အိမ်နဲ့ဗလီတွေကိုဖျက်ရဲတဲ့သတ္တိလည်းရှိဖို့လိုတယ်လို့ မိန့်ကြားဖူးတဲ့ မြစေတီဆရာတော်က မိန့်ကြားခဲ့တာဖြစ်ပါတယ်။

စစ်အစိုးရလိုလားပြီး NLD နဲ့ မွတ်စလင်မ်ဆန့်ကျင်ရေးလုပ်ငန်းစဉ်များကိုစိုက်လိုက်မတ်တတ်ဆောင်ရွက်ခဲ့တဲ့အတွက် မဘသ အဖွဲ့အမည်ကို ဆက်လက်မသုံးစွဲဖို့နဲ့ မလိုက်နာပါက ပြည်ထဲရေးဝန်ကြီးဌာကအရေးယူဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာမဟာနာယက က ကြေညာချက်ထုတ်ပြန်ထားပေမယ့် အစွန်းရောက်ဘုန်းတော်ကြီး ၀ီရသူဦးဆောင်တဲ့ အထက်မြန်မာပြည်မဘသနဲ့ ဇွဲကပင်ဆရာတော်ဦးဆောင်တဲ့ ကရင်ပြည်နယ်မဘသ အဖွဲ့တို့ကတော့ မဘသ အမည်နဲ့ လှုပ်ရှားမှုများကို ပေါ်ပေါ်ထင်ထင်ဆက်လက်ဆောင်ရွက်လျှက်ရှိပါတယ်။

ကရင်ပြည်နယ်ကော့ကရိတ်မြို့ ကြာအင်းတိုက်နယ် တောင်ကြာအင်းကျောင်းတိုက် ကော့ကရိတ်မြို့နယ်လုံးဆိုင်ရာ မဘသ ၄ နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကို်စက်တင်ဘာလ ၂၈ ရက်နေ့ကကျင်းပခဲ့တာဖြစ်ပါတယ်။