ရသေ့တောင်ရှိ မွတ်စလင်မ်ရွာ ကို မီးရှို့မည်ဟု သတင်းထွက်

ရသေ့တောင်မြို့နယ် ကူတောင်နယ်မြေ အနောက်ပြင်ရွာ(မွတ်စလင်မ်ရွာ)သို့ စက်တင်ဘာ ၉ ရက်နေ့တွင် မီးရှို့မည်ဟု သတင်းစကားများ ပျံ့နှံ့နေမှုကြောင့် ဒေသခံအစ္စလာမ်ဘာသာဝင်များက အလွန်အမင်း စိုးရိမ်နေကြောင်း ထုတ်ဖေါ်ပြောကြားသည်။
“မနက်ဖြန်လာ မီးရှို့မယ်လို့ သတင်းပေးတဲ့သူ ကပေးနေလို့ တော်တော်စိုးရိမ်နေတယ်၊…၂၀၁၂ တုန်းကလည်း ခံထားရတော့ အခုတော်တော်ကြောက်နေတယ်”ဟု အနောက်ပြင်ရွာတွင်နေထိုင်ပြီး လုံခြုံရေးအရ အမည်မဖေါ်လိုသူ တစ်ဦးက Myanmar Muslim Media သို့ပြောသည်။
ရသေ့တောင်မြို့နယ် ကူတောင် နယ်မြေရှိ ရွာပေါင်း ၂၄ ရွာအနက် အနောက်ပြင်ရွာနှင့် ညောင်ပင်ကြီး ရွာ ၂ ရွာတွင်သာ အစ္စလာမ်ဘာသာဝင်များရှိသည့်အပြင် ၂၀၁၂ ရခိုင်အကြမ်းဖက်မှုတွင်လည်း အိမ်ခြေ ၆၇ လုံးမီးရှို့ဖျက်ဆီးခံထားရဖူးသည့်အတွက် အနောက်ပြင်ကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များက အထက်ပါအတိုင်း သတင်းများထွက်ပေါ်နေမှုအပေါ် စိုးရိမ်နေကြခြင်းဖြစ်သည်။

ဟိန်းအောင်