ရိုဟင်ဂျာတွေအကြမ်းဖက်ခံရမှုအပေါ် တိတ်ဆိတ်နေမှုအတွက်ဒေါ်စုကို အိုင်းရစ်ရှ်ဂီတအဖွဲ့ရှုတ်ချ

ရိုဟင်ဂျာလူထုတွေအကြမ်းဖက်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အပေါ် တိတ်ဆိတ်နေမှုအတွက်မြန်မာခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို U2 ဂီတအဖွဲ့ကရှုတ်ချလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့နိုင်ငံတွင်းကလူထောင်ပေါင်းများစွာအကြမ်းဖက်မှုခံနေရတဲ့အပေါ် တိတ်ဆိတ်နေမှုအတွက်နိုဗယ်ဆုရှင်များအပါအ၀င် ယခင်ကထောက်ခံကြသူအားလုံးရဲ့ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုတွေကိုခံခဲ့ရပါတယ်။ ဂီတအဖွဲ့ရဲ့ဝက်ဆိုက်ဒ်မှာ U2 အဖွဲ့က မြန်မာနိုင်ငံမှာဒီမိုကရေစီရရှိဖို့သူမရဲ့ကြိုးပမ်းအားထုတ်မှုတွေအတွက် နေအိမ်အကျယ်ချုပ်ကျခံထိန်းသိမ်းခံရပြီးနောက် ဒေါ်စုလွတ်မြောက်စေဖို့ ဂီတအဖွဲ့ကတိုက်တွန်းလှုံ့ဆော်တဲ့ကမ်းပိန်းတွေကို နှစ်ပေါင်းများစွာပြုလုပ်ခဲ့ကြတယ်လို့ ရေးသားထားပါတယ်။

ဒိပို့စ်ကို ဂီတအဖွဲ့ဝင်တွေဖြစ်တဲ့ အဒမ်၊ ဘိုနို၊ အက်ဂ်ျ၊ လယ်ရီတို့ကလက်မှတ်ရေးထိုးထားပြီး သူမအိုင်ယာလန်နဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့ကိုကျေးဇူးတင်ကြောင်းပြောကြားဖို့ ဒက်ဘလင်ကိုရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့အိုင်းရစ်ရှ်တွေအရမ်းကိုဂုဏ်ယူခဲ့ကြပါတယ်လို့ဆိုပါတယ်။ “သူမရဲ့ပါတီNLD ကရွေးကောက်ပွဲမှာအနိုင်ရတဲ့အချိန် သူမဟာနိုင်ငံရဲ့အကြီးအကဲအတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီး ရပ်တည်နိုင်ခဲ့သလိုသူမရဲ့မဖြစ်နိုင်တဲ့ခရီးစဉ်ဟာ နောက်ဆုံးမှာတော့ပန်းတိုင်ကိုရောက်ရှိသွားခဲ့ပါတယ်” လို့ပို့စ်ထဲမှာရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာရဲတပ်ဖွဲ့တွေရဲ့ရက်စက်မှုကြောင့် ရိုဟင်ဂျာ၆သိန်းကျော်ထွက်ပြေးခဲ့တဲ့အချိန်မှာလည်း ဒေါ်စုဟာတိတ်ဆိတ်နေခဲ့လိမ့်မယ်လို့ သူတို့တစ်ခါမှတွေးမိခဲ့ခြင်းမရှိဘူးလို့ပို့စ်ထဲမှာဆက်လက်ဖော်ပြထားပါတယ်။ “ပဋိပက္ခပေါ်မှာ အရှင်းလင်းဆုံးနဲ့အထိရောက်ဆုံးပြောဆိုနိုင်တဲ့သူလို့ ကျွန်တော်တို့အများအပြားယုံကြည်ထားတဲ့ အမျိုးသမီးဟာ တိတ်ဆိတ်သွားလိမ့်မယ်လို့ တစ်ခါမှခန့်မှန်းမိခဲ့ခြင်းမရှိဘူး”လို့ ဂီတအဖွဲ့ဝင်တွေကရေးသားထားကြပါတယ်။ “ရိုဟင်ဂျာတွေအပေါ်ရက်စက်မှုတွေဟာသူမရဲ့ရှေ့အောက်မှာပဲဖြစ်ပွားနေတဲ့အတွက် ကျွန်တော်တို့စိတ်နှလုံးသားတွေကွဲကြေခဲ့ရပါတယ်။” လို့ရေးသားထားပါတယ်။

သူမနိုင်ငံမှာဖြစ်ပွားနေတဲ့အရေးနဲ့ပတ်သက်ပြီးတိုက်ရိုက်စကားပြောဆိုနိုင်ဖို့ ပြီးခဲ့တဲ့လတွေအတွင်းကဒေါ်အောင်ဆန်းစုကြည်နဲ့ဆက်သွယ်ဖို့ကြိုးစားခဲ့ကြတယ်လို့ အိုင်းရစ်ရှ်ဂီတအဖွဲ့ကဆိုပါတယ်။ ပြီးတော့ဒီတစ်ပတ်အတွင်းသူမနဲ့စကားပြောဆိုနိုင်ဖို့မျှော်လင့်ခဲ့ပေမယ့် ဒီတောင်းဆိုမှုဟာပယ်ချခံခဲ့ရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်ရဲ့တိတ်ဆိတ်နေမှုဟာ ဘဘောတူထားတဲ့ပုံနဲ့အများကြီးတူနေပါတယ်။ မာတင်လူသာကင်းပြောခဲ့သလို ၀မ်းနည်းကြေကွဲစရာအကောင်းဆုံးကဖိနှိပ်မှုကြောင့်ဒါမှမဟုတ်လူဆိုးတွေရဲ့ရက်စက်မှုတွေကြောင့် မဟုတ်ပါဘူး။ လူကောင်းတွေရဲ့တိတ်ဆိတ်စွာရပ်ကြည့်နေမှုကြောင့်ဖြစ်ပါတယ်။ သူမရပ်တည်ပြီးဖော်ထုတ်ပြောကြားဖို့အတွက် အချိန်တွေကုန်ဆုံးခဲ့ပါပြီ။” လို့ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေကိုဖိနှိပ်တဲ့စစ်ဆေးရေးကိုဆောင်ရွက်ခဲ့တဲ့ မြန်မာစစ်တပ်အကြီးအကဲဖြစ်သူဗိုလ်ချုပ်မင်းကြီးမင်းအောင်လှိုင်ရဲ့အခန်းကဏ္ဍကို နိုင်ငံတကာကသိမြင်ထားကြဖို့ဂီတအဖွဲ့ကတိုက်တွန်းထားပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောာင်လှိုင်ကိုလျစ်လျူရှုပြီး ဒေါ်အောင်ဆန်းစုကြည်ကိုရှုတ်ချနေမှုဟာလည်း မှားယွင်းမှုတစ်ခုပဲလို့သတိပေးခဲ့ပါတယ်။ သူမရဲ့တိတ်ဆိတ်နေမှုကိုခွင့်လွှတ်စရာမရှိပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထိန်းချုပ်နိုင်မှုတွေမရှိပါဘူး။ မြန်မာကိုအကြမ်းဖက်ဝါဒကနေကာကွယ်ပေးနေတယ်ဆိုတဲ့ဟန်ဆောင်ထားမှုအောက်မှာ သူကသာလုပ်ပိုင်ခွင့်ရှိပြီး ရိုဟင်ဂျာတွေရဲ့အကြမ်းဖက်မှုကိုစစ်ဆေးနိုင်တာပဲဖြစ်ပါတယ်။ လို့ U2ကရေးသားထားပါတယ်။

ဒီရက်စက်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုရပ်တန့်ဖို့ဆိုရင် နှစ်ရှည်အစီအစဉ်တွေနဲ့ရိုဟင်ဂျာတွေကိုပြန်လည်နေရာချထားရေးအတွက် ဆိုရင် နိုင်ငံတကာရဲ့အရေးယူဆောာင်ရွက်မှုတွေနဲ့ဖိအားပေးမှုကို ဒေါ်အောင်ဆန်းစုကြည်နဲ့သူမရဲ့အရပ်သားအစိုးရလိုပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့သူ့ရဲ့စစ်တပ်ဟာအာရုံစိုက်သွားရမှာဖြစ်ပါတယ်။

The Irish Times သတင်းဌာနပါ Sorcha Pollak ရေးသားသည့် “U2 condemn Suu Kyi’s silence on violence against Rohingya people” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကို ညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။