ရခိုင်ပြည်နယ်အတွက် မိတ္တီလာ မွတ်စလင်မ်များလည်း ထောက်ပံ့ လှူဒါန်း

ရခိုင်ပြည်နယ်မှ လူမျိုးဘာသာရွေး ဒုက္ခသည်များကိုထောက်ပံ့ရန်  မိတ္တီလာမြို့မှ အစ္စလာမ်ဘာသာဝင်များက ကျပ်ငွေ ဆယ့်လေးသိန်းခုနှစ်သောင်းကျပ်ကို မြို့ခံပရဟိတအဖွဲ့တစ်ခုဖြစ်သည့် “ဦးဆောင်စေတနာရှင်များ အဖွဲ့”ထံသို့ စက်တင်ဘာ ၉ ရက်နေ့က ဆုတောင်းပြည့် သာသနာ့ဗိမာန် အလှုခံဌါနသို့ လှုဒါန်းခဲ့သည်။
“ဒီအဖွဲ့က မိတ္တီလာက ပရဟိတအဖွဲ့တွေပေါင်းပြီးဖွဲ့ထားတာ နိုင်ငံရေးအဖွဲ့ လုံးဝမပါဘူး။ပြီးတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို တိုက်ရိုက်လှူမှာလေ။ ကိုယ့်နိုင်ငံသားတွေ ဒုက္ခရောက်နေလို့ နိုင်ငံသားချင်း စာနာထောက်ထားပြီး နိုင်ငံသားပီသစွာကျွန်တော်တို့ မွတ်စလင်မ်တွေကလှူတာ”ဟု မိတ္တီလာဒေသခံ ကိုခင်နန်းက Myanmar Muslim Media သို့ပြောသည်။
မိတ္တီလာမြို့ရှိ အစ္စလာမ်ဘာသာဝင်များသည် ၂၀၁၂ ခုနှစ်တွင် ဘာသာရေးအစွန်းရောက် အချို့၏ အကြမ်းဖက်တိုက်ခိုက်မှုခံခဲ့ရပြီး မွတ်စလင်မ် ၁၀၀ နီးပါးသတ်ဖြတ်ခံခဲ့ရကာ မွတ်စလင်မ်အချို့သည် ယနေ့အချိန်အထိ မိမိတို့၏နေအိမ်များတွင်ပြန်လည်နေထိုင်ခွင့်မရသေးကြောင်း ဒေသခံများကပြောသည်။

အောင်ဈာန်သစ်