ဘင်္ဂလားဒေ့ရှ် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲ မွေးကင်းစ ကလေးတွေပါပါဝင်နေ

မွေးကင်းစ ကလေးငယ်တွေနဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂင်္လားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြပါတယ်။
“မနေ့ကအမျိုးသားတစ်ဦး ကူတူပလောင်ဒုက္ခသည်စခန်းဆေးခန်းက ကျွန်မတို့ဆီကိုရောက်လာခဲ့ပါတယ်။ သူ့ကြည့်ရတာအရမ်းကိုစိုးရိမ်ပူပန်နေပြီး အပြင်ကနေလက်ဟန်ခြေဟန်နဲ့ပြောနေခဲ့ပါတယ်။ သူ့နောက်ကိုလိုက်သွားတော့ မြေပြင်ပေါ်ကခြင်းတောင်းလေးကိုလက်ညိုးထိုးပြပါတယ်။ သူကကျွန်မတို့ကိုဟင်းသီးဟင်းရွက်ဒါမှမဟုတ် ကြက်သားရောင်းဖို့ကြိုးစားနေတာလို့ထင်ခဲ့တာ။ ဒါပေမယ့်နောက်တော့ သူကခြင်းတောင်းလေးကိုမပြခဲ့တယ်။ သိပ်မလှုပ်ရှားနိုင်တဲ့မွေးကင်းစကလေးလေးနှစ်ယောက်ကိုမြင်တွေ့ခဲ့ပြီး ကျွန်မတို့ထိတ်လန့်တုန်လှုပ်ခဲ့ပါတယ်။
သူတို့ကိုဆေးခန်းဆီအမြန်ခေါ်သွားပြီး ဆရာဝန်ကိုစစ်ဆေးစေခဲ့ပါတယ်။ ကံကောင်းစွာပဲ သူတို့တွေရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဘာမှမဖြစ်ခဲ့ပါဘူး။ ကလေးငယ်တွေကို ကလေးဆရာဝန်တွေဆီပို့ပေးခဲ့ပြီး သူတို့ရဲ့မိခင်ကိုတော့ ကျွေးမွေးစောင့်ရှောက်မှုပရိုဂရမ်နဲ့ နို့တိုက်ကျွေးမှုပညာပေးဆီပို့ဆောင်ပေးခဲ့ပါတယ်။ အသစ်ရောက်ရှိလာသူတွေအရမ်းများတာကြောင့် အရမ်းအားနည်းတဲ့သူတွေအများစုကို ကြည့်ရှု့ဖို့နဲ့ အသက်ကယ်နိုင်ဖို့ကျွန်မတို့အရမ်းကိုကြိုးစားခဲ့ရပါတယ်။
ကုလခန့်မှန်းချက်အရ မြန်မာနိုင်ငံကနေ နှစ်ပတ်အတွင်းဒုက္ခသည်၂သိန်း၇သောင်းရောက်ရှိလာခဲ့တယ်လို့ခန့်မှန်းထားပါတယ်။” လို့ UNHCR ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဗီဗီယန်တန်က ပြောကြားခဲ့ပါတယ်။
UNHCR the UN Refugee Agency ဌာနသတင်းဖော်ပြချက်ပါ ဗီဒီယိုသတင်းကို ညောင်နီရွက် (Myanmar Muslim Media) က မြန်မာဘာသာသို့ဆီလျှော်အောင်ပြန်ဆိုသည်။