ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထက် ဒေါ်စုကို ဘာကြောင့် နိုင်ငံတကာက ပိုဝေဖန်ကြသလဲ?

ဒီကနေ့ မနက်မှာ ကျနော်နဲ့ အတော်ခင်တဲ့ နိုင်ငံခြား သတင်းသမား တစ်ဦးကို အခုလို မေးမြန်းခွင့်ရခဲ့ပါတယ်။
ကျနော် မှတ်မိသမျှ ပြန်ရေး လိုက်ပါတယ်။
ကျနော်။ ။ မနေ့က The New Yorker မှာ ဒေါ်အောင်ဆန်းစုကြည် ဆက်လက်နှုတ်ပိတ်နေတာနဲ့ ပတ်သတ်ပြီး သူမကို “ရှက်စရာကောင်းတဲ့ နိုဗာလ်ဆုရှင်” ဆိုပြီး တံဆိပ်ကပ်ခဲ့တယ်။
ဒါဆိုရင် ဒီလိုကြောက်စရာကောင်းတဲ့ ရက်စက်မှုတွေကို အမှန်တကယ် လုပ်ဆောင်ခဲ့တဲ့ သူကိုကျတော့ မရှုံ့ချပဲနဲ့ အဲဒီ အစား ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာပဲ မီဒီယာတွေနဲ့ သူမရဲ့ နိုဗာလ်ဆုရှင်တွေ အပါအ၀င် နိုင်ငံတကာ အသိုင်းဝိုင်းက ဘာကြောင့် အပြစ်တင်ဖို့ အာရုံစိုက် နေရတာလဲ?
အဖြေ။ ။ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ သတင်းသမားတွေကို စကားလာပြောတဲ့ လူတစ်ဦးချင်းစီရဲ့ သက်သေ ထွက်ဆိုချက်တိုင်းဟာ တစ်သမတ်တည်း ဖြစ်နေတယ်။ (အဲဒါဘာလဲဆိုတော့ အကြမ်းဖက်မှု့ နဲ့ တွေ့သမျှမြင်သမျှ လိုက် သတ်နေတာကို သူတို့ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတယ်။ တစ်ချို့ခလေးတွေဆို သူတို့ကို လှမ်းပစ်တာကို ခံရတယ်။ တစ်ချို့ဆိုရင် သူတို့အိမ်တွေကို မီးနဲ့ရှို့နေတာကို ထိုင်ကြည့်နေခဲ့ရတယ်။ တစ်ချို့ဆိုရင် သူတို့ရှေ့မှာ သူတို့ မိဘတွေကို သတ်ပစ်နေတာတွေကို ဒီအတိုင်း လက်ပိုက်ကြည့်နေခဲ့ရတယ်။ တစ်ချို့ မိန်းမတွေဆိုရင် သူတို့ကိုယ်တိုင် မုဒိန်းကျင့်ခံခဲ့ ရတယ်။)
ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို တိုက်ရိုက် မကွပ်ကဲနိုင်ဘူးဆိုတာ မှန်ပေမဲ့ သူမက အဲဒီလို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံနေရတာတွေ နဲ့ လူမျိုးတုန်းရှင်းလင်းနေတာတွေကို “အကြမ်းဖက်သမားတွေရဲ့ ရေခဲတောင်ကြီး အဟန် သတင်းမှားပေးနေတယ် ” ဆိုပြီး ခေါင်းစဉ်တပ်ခဲ့တယ်။
တကယ်တော့ သူမအနေနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ဒုက္ခ သည်တွေရဲ့ စကားသံတွေကိုလည်း အမှန်တကယ် သိချင်ပုံမရဘူး။ အစိုးရ အုပ်ချုပ်ရေးမှာ ပါဝါခွဲဝေ ယူထားတဲ့ စစ်တပ်ရဲ့ အငြိုငြင်ခံရမှာတောင် ကြောက်နေတယ်။ ရိုဟင်ဂျာတွေ အပေါ်မှာ လူမျိုတုန်း ရှင်းပစ်နေတာတွေကို ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေတာဟာ နိုင်ငံရေး လက်တွေ့အကျိုးမျှော်ဝါဒ ကြောင့်ပဲ ဆိုတာ အဲဒီအချက်ကြောင့် ပဲ ကမ္ဘာက ရှုမြင်လိုက်တော့တယ်။
အောင်ဆန်းစုကြည် စစ်တပ်ကို မကွပ်ကဲနိုင်ဘူးပဲထား၊ ဒါပေမဲ့ စစ်တပ်ကို သူမ ကိုယ်တိုင် ဖြောင်းဖြနားချတာ၊ စည်းရုံး သိမ်းသွင်းတာ ပစ်တင်ဝေဖန်တာ မလုပ်တာတော့ လက်ခံလို့ကို မရဘူး။ စုကြည်ရဲ့ အကြီးမားဆုံးအမှားက စစ်တပ်ကို ဘွင်းဘွင်းရှင်းရှင်း ဝေဖန်ပစ်တင်ဖို့ ညင်းဆိုတာ မဟုတ်ဖူး။ တကယ့် အကြီးဆုံးအမှားက မြန်မာပြည်အနေနဲ့ ရပ်တည်သင့် ပြီး အမှန်တကယ်ဖြစ်သင့်တဲ့ ဗမာ့တပ်မတော်ရဲ့ လူမျိုးကြီးဝါဒ အတွေးအခေါ်ကို အမြင်တစ်ခုနဲ့ ပြောင်းလဲပစ်ဖို့ မတတ်နိုင် ဘူး။ စိတ်မပါဘူး ဖြစ်နေတယ်။ အဲဒီအတိုင်းလည်း ဖြစ်နေတုန်းပဲ။
အဆိုးဆုံးကတော့ဗျာ- ဒီလို အကြမ်းဖက်မှုတွေ အရှိန်မြင့်တက်လာရင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေဆဲ ဒီမိုကရေစီ အကူး ပြောင်းကို ချိနဲ့သွားအောင် နဲ့ သူမရဲ့ နံမည် တစ်သက်လုံး ပျက်သွားအောင် ဖြစ်သွားမယ်ဆိုတာ သိပေမဲ့လည်း သဘောထားတင်းမာတဲ့ အမျိုးသားရေးသမား အများစုပါဝင်တဲ့ သူ့မကို ထောက်ခံကြတဲ့သူတွေကို ဒီမိုကရေစီ စံနှုန်းတွေနဲ့ လူ့အခွင့်ရေးတန်ဘိုးတွေကို သင်ကြားပေးဖို့ ပျက်ကွက်တာပဲ။ သူ့ကိုထောက်ခံကြတဲ့ သဘောထားတင်းမာတဲ့ အမျိုးသား ရေး အစွန်းရောက်တွေဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုကို သွေးထိုးလှုံ့ဆော်ပေးပြီး လူမျိုးရေး ဘာသာရေး မှိုင်းတိုက်ပေးတဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းတွေရှိနေတဲ့ သူတွေပေါ့။
မြန်မာ့တပ်မတော်က မိန်းမနဲ့ ကလေးတွေ အပါအ၀င် စစ်သားတွေ ရန်ကနေ ကြောက်လို့ ထွက်ပြေးတဲ့ ဘယ်သူမဆို၊ လူတိုင်းကို အကြမ်းဖက်သမားလို့ သတ်မှတ်နေတယ်။ ဒါဟာ တရားဥပဒေစိုးမိုးရေးအတွက် လုပ်တဲ့ တရားမျှတတဲ့ စစ်ဆင်ရေး မဟုတ်ဖူး။ သူတို့တွေက ARSAတောင်မှ ထောက်ခံကြတဲ့ သူတွေ မဟုတ်ဘူး၊ သူတို့တွေဟာ ARSA ကို ကြားဖူးသည်ဖြစ်စေ၊ မကြားဖူးသည်ဖြစ်စေ၊ လူမျိုးတစ်ခုလုံးကို ပစ်မှတ်ထားပြီး လူမျိုးတုန်းရှင်းပစ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ တမင်သတ်သတ် ကြိုတင်ကြံစည်ပြီးလုပ်တာ.။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာတွေကို အပြီးမောင်းထုတ်ပီး ရှင်းပစ်မယ်ဆိုတာကို အနဲဆုံးတော့ သဘောမတူသင့်ဘူး။ သူမရဲ့ အလုပ်က အာဏာလက်မဲ့ ဖြစ်နေသူတွေကို အာဏာ ခွဲဝေပေးဖို့နဲ မြန်မာနိုင်ငံကို ငြိမ်းချမ်းရေး ဆောင်ယူပေးဖို့ပဲ။
ငါတို့တွေက ငတုံးတွေ မဟုတ်ဘူး။ ဒါဟာ ကမ္ဘာ့သမိုင်းနဲ့ ချီပြီးတော့ လူမျိုးတုန်း ရှင်းပစ်နေတာ။ တစ်ချို့မြန်မာတွေ ကတော့ သူတို့ နေထိုင်ခွင့်ကို အခိုင်အမာ ငြင်းပယ်နေတုန်းပဲ။ ဒါပေမဲ့ ကျန်တဲ့ တကမ္ဘာလုံးမှာ တကယ်ဘာဖြစ်နေလဲဆို တာကို မြင်နိုင်တဲ့ မျက်စိတွေ၊ ကြားနိုင်တဲ့ နားတွေရှိတယ်ကွ။ အခြေမြစ်မရှိတဲ့ သတင်းလိမ်၊ သတင်းမှား ဆိုတာလောက် ကို မတိမကျပြောပြီး အမှန်တရားကို လက်မခံ၊ ငြင်းဆန် ပယ်ချပစ်ဖို့ မဖြစ်နိုင်ဖူးကွ။
Why Daw Suu faced more condemnation than Chief General Military was-
Q:Yesterday I saw The New Yorker branded Aung San Suu Kyi as ignoble laureate as she has remained silent about a crisis, why does international community including media and her counterparts focus on her while the actual responsible man for these horrific abuses gets little condemnation instead?
A: The testimony of every single person the journalists spoke to in Bangladesh was consistent.( Some people have witnessed violence and extrajudicial killing. Some children have been shot at, others have seen their homes set on fire. Some have reportedly watched their parents being killed, and some women are the victims of being raped by the soldiers.)
Aung San Suu Kyi doesn’t have direct control over the Myanmar military but she has branded the accounts of mass murder and ethnic cleansing an “ iceberg of misinformation from terrorists.” Of course, she doesn’t wants to know the reality from refugees on the ground in neighbouring Bangladesh. She is afraid of being distressed from the Myammar’s military power sharing in the government. As a result of this, the world views Aung San Suu Kyi’s silence on Rohingya ethnic cleansing could be political pragmatism.
Nevertheless, Aung San Suu Kyi doesn’t control over the military, her lack of persuasion and denunciation it is not acceptable. Suu Kyi’s greatest failure isn’t her refusal to outright condemn the Bamar Tatmadaw. Her greatest failure has been and continues to be her inability and unwillingness to offer an alternative vision to the Bamar Tatmadaw’s racist state ideology of what this country should stand for and become.
For the worst thing, she failed teach the values of democracy and human rights her supporters who are mostly hard-line nationalist groups having a long history of instigating violence and sectarian division in Myanmar even though she certainly realizes that escalating conflict is threatening to undermine Myanmar’s ongoing democratic transition—and to tarnish irrevocably her reputation.
The Bamar Tatmadaw considers anyone and everyone who flees in terror from their soldiers as “terrorists,” including women and children. This is not a lawful security operation meant to re-establish law and order, it is a deliberate and premeditated ethnic cleansing campaign targeting an entire population regardless of whether or not they have ever even heard of ARSA, much less ever supported them. She must at least not allow the Rohingya to be driven out and forgotten. Her task is to give power to the powerless and bring peace to Myanmar.
We are not the idiots. This is ethnic cleansing on a world-historic scale. Some of the Myanmar public may insist on going on living in denial, but the rest of the world has eyes to see and ears to listen to what is really happening, and the truth cannot be dismissed indefinitely by mere baseless complaints of “fake news.”
ရန်ရှင်း
Myanmar Muslim Media CJ
Photo – Myanmar State Counselor Aung San Suu Kyi (L), with Senior General Min Aung Hlaing (R). Photo: Hein Htet/EPA
Photo Credit – www.mizzima.com