ဓားရှည်တွေနဲ့ဆော်ဒီညရဲ့ အတွင်းဇာတ်လမ်း

ဆော်ဒီဘုရင်ဆဲလ်မန်ရဲ့အိမ်တော်က အင်အားကြီးမားတဲ့ အကျင့်ပျက်ချစား တိုက်ဖျက်ရေး ကော်မရှင်ကိုဖန်တီးပြီး သူ့ရဲ့သားဖြစ်သူ အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင် ဆဲလ်မန် a.k.a. MBS ကိုဥက္ကဌအဖြစ် ခန့်အပ်ခဲ့ပါတယ်။

ကော်မရှင်က အိမ်တော်က ဆော်ဒီမင်းသား၁၁ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဲဒီထဲမှာလက်ရှိဝန်ကြီးလေးဦး၊ မင်းသားဟောင်းများနဲ့ လွှတ်တော် အတွင်းရေးမှူး ဟောင်းများ ဒါဇင်ပေါင်းများစွာ ပါဝင်ပါတယ်။

အားလုံးကို အကျင့်ဖျက်ချစားမှုနဲ့ စွဲချက် တင်ခဲ့တာ ဖြစ်ပါတယ်။ ဘဏ်အကောင့် တစ်ဝက်လောက်ကို ပိတ်ပင်ခဲ့သလို ကိုယ်ပိုင်လေယာဉ် တွေကိုလည်း ထိန်းသိမ်းထားခဲ့ပါတယ်။

လူသိများထင်ရှားသူ အများအပြားကို ရီယက်ဒ် ရစ်ဇ်ကာလ်တန်မှာ အကျဉ်းချထားတယ်လို့ စွပ်စွဲမှုတွေရှိနေပါတယ်။

Aေsia Times က လွန်ခဲ့တဲ့ ဇူလိုင်လကတည်းက ကြိုတင်နမိတ်ဖတ် ခဲ့သလို ဆော်ဒီအိမ်တော်တွင်းမှာ အရေးအခင်း ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ MBS ကိုဆန့်ကျင်ပြီး အာဏာသိမ်းပွဲ ဖြစ်လာမယ်လို့ လွန်ခဲ့တဲ့ လအတော်ကြာကြာထဲက ကောလဟလ တွေထွက်ပေါ်ခဲ့ပါတယ်။
အဲဒီအစား ဖြစ်ပျက်ခဲ့တာက MBS က တန်ပြန်အာဏာသိမ်းပွဲ တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။

ဆော်ဒီအိမ်တော်မှာ မထင်မရှားနေပြီး ဆယ်စုနှစ်ပေါင်းများစွာ အရှေ့ အလယ်ပိုင်း စီးပွားရေး နဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေကို ဆုံးဖြတ်ချက်ပေးနေတဲ့သူတစ်ဦးက သူ့ရဲ့ အမြင်ကို အခုလိုပြောပြခဲ့ပါတယ်

“လက်ရှိဖြစ်နေတဲ့ အိမ်တော်တွင်းက ပြသနာဟာ မြင်နေရတာထက် ပိုပြီးဆိုးရွားပါတယ်။
ယခင်ဘုရင် အဗ္ဗဒူလာရဲ့ သားနှစ်ယောက်ဖြစ်တဲ့ မင်းသားမီတက်ဘ်နဲ့ တာကီတို့ကိုဖမ်းဆီးမှုဟာ ဆိုးရွားတဲ့ မှားယွင်းမှုပဲဖြစ်ပါတယ်။ အခုဆို ဘုရင်ကြီးကိုယ်တိုင်တောင် အန္တရာယ်ထဲ ကျရောက်နေပါပြီ။ ဒါဟာMBS ကို ကာကွယ်ထားခဲ့တဲ့ ဘုရင်ကြီးကို အလေးထားပြီး မျက်နှာထောက်နေလို့ပဲဖြစ်ပါတယ်။ MBS ကိုဆန့်ကျင်တဲ့သူတွေ စစ်တပ်ထဲမှာ အများအပြားရှိနေပါတယ်။ သူတို့ရဲ့ အထက်အရာရှိတွေကို ဖမ်းဆီးမှုအတွက် အဲ့ဒီစစ်တပ်ထဲကသူတွေက ဒေါသထွက်နေကြပါတယ်။
ဆော်ဒီစစ်တပ်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အုံးအုံးကြွက်ကြွက် ဖြစ်နေပါတယ်လို့ ဆိုယင်တောင် ဒါဟာ ပြောတဲ့သူဖက်က လျော့လျော့ပေါ့ပေါ့ ပြောတာပဲဖြစ်ပါတယ်။
သူ့ကိုယ်သူ ဘေးကင်းလုံခြုံတယ်လို့ ခံစားရဖို့ဆိုယင် စစ်တပ်တစ်ခုလုံးကို ဖမ်းဆီးမှပဲရလိမ့်မယ်။“

ဒီမတိုင်ခင် မင်းသားမီတက်ဘ်ဟာ မကြာသေးမီက ဆော်ဒီထီးနန်းရဲ့ ပြိုင်ဘက်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဖမ်းဆီးထိန်းသိမ်း ခံရသူတွေကြားမှာ လူသိများ ထင်ရှားသူတွေကတော့ နိုင်ငံရဲ့ဦးပိုင်ကုမ္ပဏီနဲ့ တွစ်တာ၊ စီတီဘဏ်၊ ဖိုးစီဆန်၊ လစ်ဖ် နဲ့ ရူဘတ်မာဒေါ့ခ်ျ နယူးစကော့ပ်ရဲ့အဓိက ရှယ်ယာရှင်ဘီလျံနာ မင်းသားအဲလ်-၀ါလိဒ်ဘင်တာလာ ရယ် သူနဲ့ သက်ဆိုင်သူတွေဖြစ်ပါတယ်။

အဲလ်-၀ါလိဒ်ရဲ့ ဖမ်းဆီးခံရမှုဟာ အဓိကကျတဲ့ အချက်တစ်ခုနဲ့ ဆက်နွယ်နေပါတယ်။ ဒါကတော့
MBS အနေနဲ့ သတင်းအချက်အလက် လုံးဝကို ထိန်းချုပ်လိုခြင်း ဖြစ်ပါတယ်
ဆော်ဒီအာရေဗျမှာ သတင်းအချက်အလက် လွတ်လပ်ခွင့်မရှိပါဘူး။ MBS က အုပ်ချုပ်ရေးပိုင်းမှာ ရာထူးခန်အပ်မှု အပါအဝင် ပြည်တွင်း မီဒီယာအားလုံးကို ထိန်းချုပ်ထားပါတယ်။ ဆော်ဒီရဲ့ မီဒီယာဟာကြီးမားပါတယ်။

MBS က ကြီးမားတဲ့မီဒီယာ အင်ပါယာအားလုံးကို ထိန်းချုပ်ဖို့ ရည်ရွယ်ထားပြီး သူတို့ကို ဆော်ဒီအာရေဗျမှာ ပြန်လည် နေရာချထားဖို့ပါ ရည်ရွယ်ထားပါတယ်။

ဒီကနေ ဆက်လက်ပြီး ဘယ်လိုဖြစ်လာနိုင်မလဲ…………

ရှုင်းလင်း ဖယ်ရှားမှု နောက်ကွယ်က လျှို့ဝှက်ချက်များ
———————————————————————

ဒီဇာတ်လမ်းဟာ ဘုရင်အဗ္ဗဒူလာကို ဖြုတ်ချဖို့ ဖြစ်နိုင်ချေရှိတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ၂၀၁၄ခုနှစ်မှာ လျှို့ဝှက် လှုပ်ရှားမှုတွေကနေ ဇာတ်လမ်းစခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို တော်ဝင်မိသားစု ပြိုကွဲမူဖြစ်ခဲ့ရင် မျိုးနွယ်စုတွေ ရဲ့ သစ္စာခံယူမှု တွေ ချိုးဖျက်မှု ဖြစ်လာစေနိုင်ပြီး နိုင်ငံကို သုံးပိုင်း ကွဲသွားစေနိုင်ပါတယ်။

ရေနံတွေ ဘေးကင်းလုံခြုံဖို့ ပိုပြီးခက်ခဲလာနိုင်ပြီး ဖရိုဖရဲ ဖြစ်လာနိုင်တာတွေကို ရှောင်ရှားဖို့ လိုအပ်တဲ့ ထိန်းသိမ်း ဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့ အခြေခံ ဥပဒေကို ချိုးဖောက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။

ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ မင်းသား ဘန်ဒါဘင် ဆူလ်တန်ကို ဖြုတ်ချဖို့ ဆုံးဖြတ်ချက်ချဖြစ်ခဲ့ပါတယ်။ ဒီနောက်မှာ ဆီးရီးယားက ဆာလာဖီ ဂျီဟတ်ဒ်ဝါဒီတွေကို တက်တက်ကြွကြွ အကာအကွယ်ပေးပြီး မိုဟာမက်ဘင် နာယက်ဖ် ကို အစားထိုးပြီး လုံခြုံရေး အစိတ်အပိုင်းတွေကို ထိန်းချုပ်ခဲ့ပါတယ်။

အဗ္ဗဒူလာရဲ့ ဆက်ခံမှုဟာ အဆင်ပြေချောမွေ့ခဲ့ပါတယ်။ အဓိက မိသားစုသုံးခုကြား အာဏာကိုဝေမျှခဲ့ပါတယ်။ ဘုရင်ဆဲလ်မန် ( နဲ့ သူ့သားမင်းသားမိုဟာမက်)၊ မင်းသားနာယက်ဖ်ရဲ့သား (တစ်ခြားမင်းသားမိုဟာမက်)နဲ့ နောက်ဆုံးတစ်ယောက်က သေဆုံးခဲ့တဲ့ဘုရင်ရဲ့ သားဖြစ်သူ အမျိုးသား လုံခြုံရေး အကြီးအကဲ မင်းသားမီတက်ဘ်တို့ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ ဆဲလ်မန်ဟာ MBS ကိုပဲဦးဆောင်စေခဲ့ပါတယ်။

နောက်ဆက်တွဲ အဖြစ်ဆိုးရွားတဲ့ အမှားတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဆော်ဒီအိမ်တော်ဟာ ဆီးရီးယားမှာ အစိုးရ အပြောင်းအလဲ ဆောင်ရွက်မှုကိုဆုံးရှုံးခဲ့သလို ယီမင်မှာလည်းမနိုင်တဲ့ စစ်ပွဲထဲပိတ်မိနေခဲ့ပါတယ်။ ဒီ့အပြင် သဲကန္တာရထဲမှာ ရှိနေတဲ့ နိုင်ငံ ၂ နိုင်ငံ ဖြစ်တဲ့ ကာတာ ဆီကနေ့ ဆော်ဒီအတွက် MBSက ဘာမှ အမြတ်မထုတ်နိုင်ခဲ့ပါဘူး။

ဆော်ဒီရဲ့ဘဏ္ဍာတိုက်ဟာ နိုင်ငံတကာ ဈေးကွက်ပေါ်မှာ ချေးငှားဖို့တွေ ဖိအားပေးခံခဲ့ရပါတယ်။ အုပ်ချုပ်မှုကာလ အတွင်း MBS ဟာ Cote d’Azur လုပ်ငန်းကျဆင်း နေပေမယ့် ဒေါ်လာဘီလီယံဝက်နီးပါးရှိတဲ့ ဇိမ်ခံသင်္ဘောကို ၀ယ်တဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်။
နိုင်ငံရေး ဖိနှိပ်မှုတွေကိုလည်း ရှီအိုက်ခေါင်းဆောင် ရှိတ်အဲလ်နီမာကို ခေါင်းဖြတ်ကွပ်မျက်ပြီး ဥပမာပြခဲ့ပါတယ်။
အရှေ့ပိုင်းပြည်နယ်က ရှီအိုက်တွေတင် ဆန့်ကျင်ပုန်ကန် ကြတာမကပဲ အနောက်ဘက် ပြည်နယ်တွေက ဆွန်နီတွေလည်း ဆန့်ကျင်ပုန်ကန် ခဲ့ကြပါတယ်။

အစိုးရရဲ့ လူကြိုက်များမှု ကျဆင်းနေတဲ့ကြားထဲက MBS က ၂၀၃၀အမြင်အစီအစဉ်ကို အကောင်အထည် ဖော်လာခဲ့ပါတယ်။
သီအိုရီအရတော့ ရေနံလုပ်ငန်း ကို လျော့ချမှု ပြုလုပ်တဲ့ နေရာမှာ Aramco ရဲ့ အစိတ်အပိုင်းတစ်ချို့ကို ရောင်းချပြီး စက်ရုံအသစ်တွေ ရောက်ရှိလာဖို့ ရည်ရွယ်ခဲ့ပါတယ်

အဓိကကျတဲ့ မင်းသားတွေကို သစ္စာရှိစေဖို့ တော်ဝင်လာဘ်ထိုးမှုတွေနဲ့ စိတ်မကျေနပ်မှုတွေကို လျော့နည်းစေခဲ့ပါတယ်။ ဒါပေမယ့် ၂၀၃၀ အမြင်အစီအစဉ်ဟာ ဆော်ဒီကအဓိက ထုတ်လုပ်ရေး အလုပ်အကိုင်တွေကို ပြည်ပကိုထွက်ခွာသွားတဲ့ နိုင်ငံသားတွေက ကိုင်ထားတာကြောင့် အကောင်အထည်ဖော် ဆောင်ရွက်ဖို့မဖြစ်နိုင်ပါဘူး။ အလုပ်အကိုင်အသစ်တွေ ထွက်ပေါ်လာမှုဟာ အရည်အချင်းရှိ လုပ်သားတွေ ဘယ်ကဘယ်က လာမလဲဆိုတဲ့ မေးခွန်းတွေ မြင့်တက်လာခဲ့ပါတယ်။

ဒီဖွံဖြိုး တိုးတက်မှုတွေကနေ MBS ကိုမနှစ်သက်စေမှုဟာ ကြီးထွားလာမှု ဘယ်တော့မှ ရပ်တန့်သွားမှာမဟုတ်ပါဘူး။ တော်ဝင်မိသားစု အဖွဲ့တွေထဲမှာ အဓိကသုံးစုရှိနေပါတယ်။ ဘုရင်ဟောင်း အဗ္ဗဒူလာရဲ့မိသားစု၊ ဘုရင်ဟောင်း ဖာဟတ်ဒ်ရဲ့မိသားစုနဲ့ အိမ်ရှေ့စံမင်းသားဟောင်း နာယက်ဖ်ရဲ့မိသားစုတို့က လက်ရှိအုပ်ချုပ်သူတွေကို ဆန့်ကျင်နေကြတာဖြစ်ပါတယ်။ ဘန်ဒါနဲ့ အစားထိုး ခံခဲ့ရတဲ့ နာယက်ဖ်ဟာ ၀ါရှင်တန်နဲ့ရင်းနှီးပြီး သူ့ရဲ့အကြမ်းဖက် တန်ပြန်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် လူကြိုက်များ ထင်ရှားပါတယ်။

ဒီနှစ်အစောပိုင်းမှာ သူ့ကိုဖမ်းဆီးမှုဟာ CIA ကို ဒေါသထွက်စေခဲ့သလို ဆော်ဒီအိမ်တော်ရဲ့ ဂိုဏ်းကွဲမှု တစ်ချို့ဖြစ်ပါတယ်။ ဒါဟာMBS ကအာဏာ ဆုပ်ကိုင်ထားဖို့ ရုန်းကန်နေရသလို ဖြစ်စေပါတယ်။

သတင်း အရင်းအမြစ်တွေအရ သူချောချောမွေ့မွေ့ ဆောင်ရွက်နိုင်ရင် CIA နဲ့အဆင်ပြေတဲ့ မိုဟာမက်ဘင်နာယက်ဖ်ကို ဖမ်းဆီးမှုနဲ့ သူဟာ လွတ်မြောက်နိုင်လောက်မှာပါ ၊ ဒါပေမယ့် MBS ဟာ ဆီဆာ မဟုတ်ပေမယ့်လည်း စည်းကျော်ခဲ့ပြီ ဖြစ်ပါတယ်။

CIA ကသူ့ကို လုံးဝကို တန်ဖိုးမဲ့တယ်လို့ သတ်မှတ်ထားပါတယ်။ MBS မပါတဲ့ ဆူဒါရစ်နဲ့ ချမာစ် (ဘုရင်အဗ္ဗဒူလာ ရဲ့ မျိုးနွယ်စု)ကြား နောက်ဆုံးမှာ ယခင်အာဏာကို ပြန်လည်ရရှိခြင်းနဲ့ တည်ငြိမ်မှု ဖြစ်လာနိုင်ပါတယ်။

ဘုရင်ဆဲလ်မန် သေဆုံးပြီးနောက် MBS ဟာအာဏာနဲ့ မပတ်သက်ပဲ သီးခြားရှိမယ်လို့ သတင်း အရင်းအမြစ်တွေက မြင်ထားတာဖြစ်ပါတယ်။

ဒါဟာ နောက်ထပ် မင်းသားတစ်ပါးဖြစ်တဲ့ နာယက်ဖ်ရဲ့သား မင်းသား မိုဟာမက်ကို အာဏာရလာမယ်လို့ ယုံကြည်ထားခဲ့တာ ဖြစ်ပါတယ်။ မင်းသား မီတက်ဘ်ဟာ သူ့ရဲ့နေရာကို ထိန်းသိမ်း သွားမှာဖြစ်ပါတယ်။MBS က ဒီလိုရလဒ်ကို တားဆီးဖို့ အတိအကျ ဆောင်ရွက်ခဲ့ပါတယ်။

မကြာမီကာလမှာ အစိုးရ အပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ အခုအထိမဖြစ်သေးတဲ့ အကြောင်းကတော့ သက်ရွယ်ကြီးတဲ့ ဘုရင်ကြီးကို သူ့ရဲ့မိသားစုက နှစ်သက်မှု ရှိတာကြောင့် အခုအချိန်အထိ မဖြစ်သေးတာပါ။

ဖြစ်နိုင်တာက ဘုရင်ဖာရွတ် နေ့ရက်တွေအတွင်း စစ်တပ်ကနေ စတင်တဲ့ ရုန်းကန်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အမေရိကန်နဲ့ ရင်းနှီးမှုမရှိတဲ့ အစိုးရကိုရရှိလာနိုင်မှာပါ။

အစွန်းမရောက်တဲ့ ဆလာဖီ ဂျီဟတ်ဝါဒီ တစ်ဦးလား
—————————————————————-

ဖယ်ရှားရှင်းလင်းမှုတွေ မတိုင်ခင် ဆော်ဒီအိမ်တော်က လေနဲ့ နေရောင်ခြည်စွမ်းအင် အသုံးပြုပြီး
အာရမ်ကို အိုင်ပီအို အုပ်စုက ဘဏ္ဍာရေးရန်ပုံငွေ ထောက်ပံ့ထားတဲ့ ၂၀၂၅ခုနှစ်မှာ သီအိုရီအရပြီးဆုံးမဲ့ စီမံကိန်းကြီးကို ဆော်ဒီ၊ ဂျော်ဒန်နဲ့ အီဂျစ်တို့ရဲ့ ပင်လယ်နီကမ်းခြေက ဒေါ်လာ၅၀၀ဘီလီယံ ကျယ်ပြန့်တဲ့ ဇုန်ပေါ်မှာ မရပ်မနား ဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ဒူဘိုင်းက ဆောက်လုပ်ထားတဲ့ ပင်လယ်ကမ်းခြေ အပမ်းဖြေ စီမံကိန်းလို ဆောက်လုပ်ဖို့ဖြစ်ပါတယ်

တပြိုင်တည်းမှာပဲ MBS ဟာ ရုတ်တရက် အနာဂတ်ဆော်ဒီအာရေဗျဟာ ကမ္ဘာတစ်ဝန်းလုံးနဲ့ ဘာသာတရား အားလုံးကို လမ်းဖွင့်ထားတဲ့ အစွန်းမရောက်တဲ့ အစ္စလာမ်ကို ပြန်လည်ဖော်ထုတ်ဖေါ်ထုတ်သွားမယ်လို့ သစ္စာပြု ပြရင်း
လူတွေ ဟင်ကနဲ ဟာကနဲဖြစ်အောင် ပြောခဲ့ပါတယ်

ဒါပေမဲ့ တကယ်တော့ နိုင်ငံဟာ တော်ဝင်မိသားစု သီးသန့်ပိုင်လို ဖြစ်လာပြီး လွတ်လပ်စွာ ဖော်ထုတ်ခွင့်နဲ့ ဘာသာတရားတွေပေါ်မှာ စည်းမျဉ်းတွေ ချမှတ်ထားတာဖြစ်ပါတယ်။ MBS ပြောဆိုတာနဲ့ပဲ အစွန်းမရောက်တဲ့ နိုင်ငံအဖြစ် ဆာလာဖီ ဂျီဟတ်ဒ်ဝါဒ ပုံစံအားလုံးရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။ အဲဒီအတောအတွင်း သုတ်သင်ရှင်းလင်းမှု အာဏာသိမ်းယူမှု နဲ့ အာဏာသိမ်း ဆန့်ကျင်မှုတို့ဟာ သတ်မှတ်ချက်တွေ ဖြစ်လာမှာပါ။

Asia Times သတင်းဌာနပါ Pepe Escobar ရေးသားသည့် “The inside story of the Saudi night of long knives” အမည်ဖြင့် ဖော်ပြထားသည့် သတင်းကိုညောင်နီရွက် (Myanmar Muslim Media)က မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုသည်။