စဥ့်ကိုင် NLD ကို အရေးယူပေးရန် တရားမဝင်အသင်း မဘသက သာသနာရေးထံတိုင်ကြား

ဟိန်းအောင်
Myanmar Muslim Media
အောက်တိုဘာ ၂၈၊ ၂၀၁၇

တရားမ၀င် အသင်းအဖြစ် ကြေညာခံထား ရသော်လည်း ဖျက်သိမ်းခြင်းမရှိသေးသည့် မန္တလေးတိုင်း မဘသ က စဥ့်ကိုင် NLD ဥက္ကဌကို သာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူပေးပါရန် သာသနာရေးဝန်ကြီးဌာန အပါအ၀င် သက်ဆိုင်ရာ ဌာနများသို့ တိုင်ကြား စာပေးပို့လိုက်ကြောင်း ဘာသာရေး အစွန်းရောက် ဘုန်းတော်ကြီး ဦးဝီရသူ၏ လူမူကွန်ရက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

“ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ကြီးမှူးကျင်းပသော စဥ့်ကိုင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဦးကျော်ဝင်းနှင့် ပွဲစီစဉ်သူများကို ဓမ္မစက်ဖြင့် အရေးယူ ဆောင်ရွက်ပေးပါရန်” ဟု ဘာသာရေး အစွန်းရောက် ဘုန်းကြီး ဦးဝီရသူ ဦးဆောင် ဆရာတော် အဖြစ်ပါဝင်သည့် အထက်မြန်မာပြည် မဘသ ကအောက်တိုဘာ ၂၇ နေ့စွဲဖြင့် ထုတ်ပြန်သည့် တိုင်ကြားစာတွင် ဖေါ်ပြထားသည်။

တောင်တွင်းကြီးမြို့တွင် အစ္စလာမ် ဘာသာဝင်များ အပေါ် စက်တင်ဘာ လ အတွင်း အကြမ်းဖက် တိုက်ခို်က်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် နိုင်ငံတော်အဆင့် ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲများ ကျင်းပစဉ်အတွင်း စဥ့်ကိုင်မြို့တွင် အောက်တိုဘာ ၂၄ရက်နေ့က ကျင်းပသည့် ဆုတောင်းပွဲ တွင် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ ထိုင်ခံဖြင့် ထိုင်နေချိန်တွင် သာမဏေငယ်များ ထိုင်ခုံမပါဘဲ ခေတ္တထိုင်ခဲ့ရမှုမှာ ဗုဒ္ဓဘာသာကို ညိုးနွမ်းစေသည် ဟူသော ဝေဖန်မှုများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် ဖွဲ့စည်းခဲ့ပြီး စစ်အစိုးရထောက်ခံရေး ၊ NLD နှင့် မွတ်စလင်မ်ဆန့်ကျင်ရေး များ လုပ်ဆောင်သည့် အမျိုးဘာသာသာ သနာစောင့်ရှောက်ရေး မဘသ (ယခု ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း အမည်ပြောင်း)အဖွဲ့အမည်ကို ဆက်လက်သုံးစွဲခြင်း မပြုရန်နှင့် မလိုက်နာပါ လူပုဂ္ဂိုလ်ဖြစ်စေ သံဃာဖြစ်စေ ဥပဒေအရ အရေးယူခံရမည်ဟု နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က မေလ ၂၃ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်။