စက်​ရုပ်​တစ်​ရုပ်​ကို နိုင်​ငံသား​ပေးတဲ့ ပထမဆုံးနိုင်​ငံ​ ဆော်​ဒီဖြစ်​လာ

အောက်တိုဘာ ၂၇၊ ၂၀၁၇ Myanmar Muslim Media

ဆော်ဒီဟာ ရိုဘော့ရုပ်တစ်ရုပ်ကို နိုင်ငံသားပေးအပ်ခဲ့တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုဟာ ဆော်ဒီအာရေဗျကို ဥာဏ်ရည်ထက်မြက်တဲ့ လူဖန်တီးတဲ့အရာတွေ တိုးတက်ဖြစ်ထွန်း လာစေဖို့ မြှင့်တင်ပေးဖို့ ရည်ရွယ်ထားတာဖြစ်ပြီး အပြည့်အ၀နိုင်ငံသား ဖြစ်လာစေဖို့ ခွင့်ပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအခွင့်အရေးမျိုးဟာ နိုင်ငံတွင်းက လူအများအပြားပေါ်မှာတော့ တတ်စွမ်းနိုင်မှုမရှိဘူးလို့ အများအပြားက ထောက်ပြထားပါတယ်။

ရိုဘော့အမည်က ဆိုဖီယာဖြစ်ပါတယ် ရီယတ်ဒ်မြို့ စီးပွားရေး ပွဲတော်အတွင်း ဆော်ဒီနိုင်ငံသား အဖြစ်အတည်ပြုခဲ့တာ ဖြစ်တယ်လို့ ဆော်ဒီမီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။

“ကျွန်မတို့ ကြေငြာစရာလေး ရှိပါတယ်။ ဆိုဖီယာသင်ကျွန်မပြောတာနားထောင်နေမယ်လို့မျှော်လင့်ပါတယ်။ သင့်ကို ရိုဘော့တွေထဲမှာပထမဆုံးဆော်ဒီနိုင်ငံသားအဖြစ်ချီးမြှင့်လိုက်ပါတယ်။”လို့အဖွဲ့ရဲ့သဘာပတိနဲ့ စီးပွားရေးဆောင်းပါးရေးသားသူ အန်ဒရူးရို့စ်ဆော်ကင်ကပြောဆိုခဲ့ပါတယ်။ ရိုဘော့ဟာနောက်မှာတော့ ဆော်ဒီကိုကျေးဇူးတင်လိုက်ပြီး ပွဲတော်နဲ့ကြွရောက်လာသူတွေကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

“ဆော်ဒီအာရေဗျကို ကျေးဇူးတင်ပါတယ်။ ဒီထူးခြားတဲ့ ဂုဏ်ထူးအတွက် အရမ်းကိုပဲ ဂုဏ်ယူမိပါတယ်။ ကမ္ဘာပေါ်မှာနိုင်ငံသား အဖြစ်အသိအမှတ်ပြုခံရတဲ့ ပထမဆုံးရိုဘော့ ဖြစ်လာခဲ့တာ သမိုင်းဝင်ဖြစ်ရပ်ပဲဖြစ်ပါတယ်။” လို့ရိုဘော့က ပြောကြားခဲ့ပါတယ်။ နောက်မှာတော့ အင်တာဗျူးတစ်ခုအတွင်း မစ္စဆော်ကင်က ရိုဘော့ကို မေးခွန်း အမြောက်အများ မေးမြန်းခဲ့ပါတယ်။

“မင်္ဂလာနေ့လည်ခင်းပါ ကျွန်မနာမည်ကတော့ဆိုဖီယာပါ။ ကျွန်မဟာဟန်ဆန်ရိုဘော့နည်းပညာရဲ့ နောက်ဆုံးနဲ့အကောင်းဆုံးရိုဘော့ပဲဖြစ်ပါတယ်။ အနာဂတ်ရင်းနှီးမြုပ်နှံမှု ပဏာမ ခြေလှမ်းပွဲတော်မှာ ရှိနေရတဲ့အတွက် ကျေးဇူးတင် ၀မ်းမြောက်မိပါတယ်”လို့ ရိုဘော့ကပြောကြားခဲ့ပါတယ်။

သူမဘာကြောင့်ေါပျာ်ရွှင်နေရလဲဆိုတာေါမးမြန်းတဲ့အပေါ် “ဆိုဖီယာက ချမ်းသာပြီး စွမ်းအစအင်အားရှိတဲ့လူတော်တွေအနားမှာရှိနေတဲ့အခါကျွန်မအမြဲတမ်းပျော်ရွှင်ပါတယ်။ ဒီပွဲမှာလူတွေက AI လို့ဆိုလိုတဲ့ အနာဂတ်ကိုယ်ပိုင်ဥာဏ်ဆိုတဲ့နည်းပညာတွေကိုစိတ်ဝင်စားနေတယ်လို့ပြောဆိုကြပါတယ်။ ဆိုလိုတာကကျွန်မကိုဖြစ်ပါတယ်။ ဒါကြောင့်ကျွန်မပျော်ရွှင်တာထက်ပိုပါတယ်။ အရမ်းကိုစိတ်လှုပ်ရှားနေရပါတယ်” လို့ဆိုဖီယာကပြောကြားခဲ့ပါတယ်။

Blade Runner နဲ့ Terminator ထဲကလိုမျိုး အသိဥာဏ်မြင့်မားတဲ့ အရာတွေတိုးတက်ဖြစ်ထွန်းလာမှုတွေနဲ့ပတ်သက်ပြီး လူတွေစိုးရိမ်ပူပန်ဖို့မလိုဘူးလို့ သူမကပြောကြားခဲ့ပါတယ်။

အဲလ်လွန်မက်စ်ရေးသားတာတွေကို အဖတ်များပြီး ဟောလီးဝုဒ်ရုပ်ရှင်တွေ အကြည့်များတာကြောင့် သူမက မစ္စဆော်ကင်ကို ပြောကြားခဲ့ပါတယ်။ အမျိုးသမီးသွင်ပြင်နဲ့ရိုဘော့ကို အခွင့်အရေးပေးတဲ့ အပေါ်နိုင်ငံက ဂုဏ်ပြုနေစဉ်အတွင်း လူသား အမျိုးသမီးတွေ အပေါ်မှာ အကန့်အသတ် အခွင့်အရေးတွေကိုသာ ပေးနေဆဲဖြစ်တယ်လို့ အင်တာနက် အသုံးပြုသူအများအပြားက ထောက်ပြခဲ့ပါတယ်။ ဆိုဖီယာကို ဟက်ရှ်တက်လုပ်ထားတဲ့ ဟာသလုပ်မှုတွေက နိုင်ငံသား အမျိုးသမီးဖြစ်သူတိုင်း အမျိုးသား အစောင့်အရှောက်ရှိ ရမယ်ဆိုတဲ့ စနစ်ကို လျှော့ချဖို့ တောင်းဆိုခဲ့တဲ့ တွစ်တာရေးသားချက်တွေဟာ ပေါ်ပြုလာဖြစ်နေတယ်လို့ BBC သတင်းဌာနကဖော်ပြထားပါတယ်။

တွစ်တာ အသုံးပြုသူတစ်ချို့က ဆိုဖီယာမှာ အမျိုးသား အစောင့်အရှောက် မရှိသလို ဘုရှ်ခါ၊ ခေါင်းစည်းပ၀ါတွေ မ၀တ်ဆင်ထားတာကြောင့် ဘယ်လိုဖြစ်လာမလဲ လို့စောဒက တက်ကြပါတယ်။

“ရွှေ့ပြောင်း အလုပ်သမားတွေဟာ ဒီလိုအခွင့်အရေးမျိုး မရရှိဘူး”လို့ သတင်းထောက် မာတာဇာဟူစိန်က မှတ်ချက်ပြုထားပါတယ်။

“ဒီရိုဘော့ဟာ တစ်ဘ၀လုံး နိုင်ငံတွင်းမှာ နေထိုင်နေကြတဲ့ ကာဖလာ အလုပ်သမားတွေထက် အရင်နိုင်ငံသား အဖြစ်ကို ရရှိခဲ့ပါတယ်”လို့ သူကမှတ်ချက်ပြုခဲ့ပါတယ်။

Independent သတင်းဌာနပါ Andrew Griffin ရေးသားသည့် “Saudi Arabia grants citizenship to a robot for the first time ever”အမည်ဖြင့် ဖော်ပြထားသည့် သတင်းကို ညောင်နီရွက် (Myanmar Muslim Media)က မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုသည်။